Monday, 26 December 2011

အမှတ်တရ ဒီဇင်ဘာ


 အိပ်မက်လေး >>>
နှစ်တစ်နှစ်ရဲ့ အဆုံးသတ်ဆိုပေမဲ့
အိပ်မက်လေးနဲ့မောင်ရဲ့ နှလုံးသားရင်ခုန်သံအစက ဒီ....ဒီဇင်ဘာ မှာလေ ။
အိပ်မက်လေး >>> နှင်းမှုန်တွေစိုရွှဲနေတဲ့ ဆံနွယ်တွေကြားကလှပတဲ့မျက်ဝန်းလေးတစ်စုံနဲ့စတင်ရင်းနှီုးခဲ့တာလဲဒီ....ဒီဇင်ဘာ မှာပဲလေ။
အိပ်မက်လေး >>>
ခိုက်ခိုက်တုန်အောင်ချမ်းတဲ့ ဆောင်းနံနက်ခင်းတစ်ခုမှာမောင့်ရင်ထဲနွေးထွေးသွားအောင် "ရှင့်ကိုလဲ အရမ်းချစ်ပါတယ်"လို့ချစ်အဖြေစကားကြားခဲ့ရတာလဲဒီ.....ဒီဇင်ဘာ မှာပဲလေ ။

အိပ်မက်လေး>>>
ချစ်သူဘ၀ရဲ့ ညချမ်းအချိန်လေးတွေမှာ သူငယ်ချင်းများနဲ့တစ်အိမ်ဝင်တစ်အိမ်ထွက် ခရစ္စမတ်သီးချင်လေးတွေဆိုရင်းမောင်တို့နှစ်ယောက် ပျော်ရွှင်ကြည်နူးကြတာလဲဒီ......ဒီဇင်ဘာ မှာပဲလေ ။
အိပ်မက်လေး>>>
မြေနီလမ်းလေးပေါ်မှာ မောင့်လက်လေးကို ဆုပ်ကိုင်ပြီပုခုံးထက်မှာ ခေါင်လေးမှီကာ ချယ်ရီပန်းတွေခူးပြီးပန်ပေးဖို့မင်းပူဆာခဲ့တာလဲဒီ......ဒီဇင်ဘာ မှာပဲလေ ။  အိပ်မက်လေး >>>စံပယ်ဖြူကို နမ်းမ၀သူမို့ချမ်းအေးတဲ့ ဆောင်းမနက်နှင်းစက်တွေနဲ့ကစားရင်းစံပယ်တွေခူး သီပြီးပေးခဲ့တာလဲဒီ.....ဒီဇင်ဘာ မှာလေ ။  အိပ်မက်လေး >>>ဒီဇင်ဘာမှာ နှင်းတွေရှိသလိုဒီရင်မှာလဲ မင်းဆိုတာရှိတယ်နေလာရင်း နှင်းပျောက်တတ်ပေမဲ့ဒီရင်မှာ မင်းတစ်ယောက်ကတော့ရင်ခုန်တာမင်းအတွက်မို့ အသက်ပျောက်တောင်အချစ်ကပျောက်မှာ မဟုတ်ပါ ချစ်သော ဒီဇင်ဘာနတ်သမီးအိပ်မက်လေးရာ  ။  လွင်ပြင်လှိုင်းငယ် 

8 comments:

  1. အိပ်မက်လေး >>>ဒီဇင်ဘာမှာ နှင်းတွေရှိသလိုဒီရင်မှာလဲ မင်းဆိုတာရှိတယ်နေလာရင်း နှင်းပျောက်တတ်ပေမဲ့ဒီရင်မှာ မင်းတစ်ယောက်ကတော့ရင်ခုန်တာမင်းအတွက်မို့ အသက်ပျောက်တောင်အချစ်ကပျောက်မှာ မဟုတ်ပါ ချစ်သော ဒီဇင်ဘာနတ်သမီးအိပ်မက်လေးရာ ။ အားပေးလျှက်ပါ

    ReplyDelete
  2. သွင်းခွင့်ရတိုင်း ဂိုးတွေ နင်းကန် သွင်းနေတော့တာဘဲ။ ကောင်းပါလေ့ ကောင်းပါလေ့။း)

    ReplyDelete
  3. ကဗျာလေးခံစားအားပေးသွားပါတယ်
    ဒီဇင်ဘာအမှတ်တရလေးပေါ့နော်

    ReplyDelete
  4. ကဗျာလေးလည်းကောင်း
    စံပယ်လေးလည်းလှ
    လောကကြီးကို သာယာမှုအပေါင်းနဲ့
    အလှဆင်နိုင်ပါစေ လွင်ပြင်လေးရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  5. ဒီပို့စ်ဖတ်ရင်း.လာနေတဲ့သီချင်းက
    ဘာထင်တုန်းဒယ်ဒီး)
    “အမုန်းမြို့သူ”တဲ့း))
    အဲ့သီချင်းနဲ့တော့.လုံးဝမလိုက်ဖက်ပါဘူး
    တကယ်လိုက်ဖက်တာက.ဇော်ပိုင်နဲ့မေခလာသီချင်း
    (သီချင်းနာမည်တော့မေ့သွားပြီး)
    ပျော်ရွှင်ချမ်းမြေ့ဖွယ်.ဒီဇင်ဘာနေ့ပေါင်းများစွာကို
    မဒမ်နဲ့အတူပိုင်ဆိုင်နိုင်ပါစေရှင်

    ReplyDelete
  6. ကဲ ကဲ အမှတ်တရ ဒီဇင်ဘာချစ်သူများ ပျော်ရွှင်နိုင်ကြပါစေ သတည်း

    ခရီးလွန်နေလို့ပါ ခွင့်လွှတ်ပါး)

    ReplyDelete
  7. ကဗျာလေးကိုကြိုက်တယ်

    ReplyDelete
  8. လူပျိုကြီးတွေများ အလကားနေရင်နဲ့ မနာလိုဖြစ်နေကြတယ်

    ReplyDelete