Tuesday, 27 December 2011

ကျေးဇူးပါမေမေ (မွေးနေ့ လက်ဆောင်ပို့စ်)


      
   အရိုးကွဲမတတ် ဆောင်းတစ်ညမှာ ချွေးသီးတွေ အဖြိုင်ဖြိုင်ကျပြီး နာကျင်တဲ့ ဝေဒနာ အံ့ကိုတင်းတင်းကျိတ် ချစ်ခြင်းအတွက်
အသက်ကိုလောင်းကြေးထပ် သေမင်းနဲ့စစ်ခင်းနေတဲ့ သူမရဲ့ မျက်ဝန်းတွေဟာ မောပန်းလွန်းလို့ ပြာဝေနေပါလိမ့်မယ်။
သူ့ဘ၀ထဲမှာ ကြင်နာရမဲ့သူတစ်ယောက်အတွက် နာကျင်တဲ့ဝေဒနာကို ကြည်ဖြူစွာပဲခံစားနေရတဲ့အဖြစ် လပေါင်းများစွာ ရှောင်ရှားရတဲ့ အစားအသောက်
သူလေး လူ့လောကထဲရောက်လာရင် ချို့ယွင်းချက် အပြစ်အနာအဆာမဲ့တပေါက်မှ မရှိအောင် ဂရုစိုက် သွားလာရတဲ့ဒုက္ခတွေကို တဖြေးဖြေးကြီးပြင်းရင့်လာတဲ့
အင်္ကျီပွပွလေးကိုကိုင်ပြီး ဒုက္ခကို သုခလို့အသွင်းပြောင်းပြီး နေလာရတဲ့ လပေါင်းနည်းမှာမဟုတ်ပါဘူး  ။ဒီလိုနဲ့ လူတွေအေးလို့ကွေးနေတဲ့ ဒီဆောင်းညနက်နက်မှာ သူမတစ်ယောက်ကတော့ ရင်သွေးဆိုသော သူလေးအသက်ရှင်လျက် လူ့ဘ၀ကိုရောက်ရှိဖို့ သူမအသက်ကို ကြည်ဖြူစွာရင်း
သေမင်းကိုစိန်ခေါ်ပြီး ရှိသမျှအားအင်ကိုသုံးလိုက်တော့ "မွေးပြီမွေးပြီ သမီးလေးတော့"လို့ ပီတိသံတွေဖုံးလွမ်းရင်းမောပန်း
စွာပြောတဲ့ ဆရာမလေးရဲ့ စကားအဆုံးမှာတော့ မောပန်းပြီး အားအင်ကုန်ခန်း ပြာဝေနေတဲ့ မျက်ဝန်းကချက်ချင်း တောက်ပလာပြီး ကမ္ဘာပေါ်မှာ သူမ တခါမှ မပြုံးဖူးသေးတဲ့ အပြုံးလေးကို သူမ ပြုံးမိပါလိမ့်မယ်။ထိုအပြုံးဟာ ကမ္ဘာပေါ်မှာ အရိုးသားဆုံးနဲ့ အသန့်ရှင်းဆုံး အပြုံးဖြစ်နေမယ်ဆိုတာတော့ ပြောပြစရာလိုလိမ့်မယ်မထင်ပါဘူး။ထိုညက လမ်းမမှာသီဆိုနေတဲ့ခရစ္စမတ်နှုတ်ဆက်တဲ့တေးသံတွေဟာလဲ ကြားဖူးသမျှသီချင်းတွေထဲမှာ နာဝင်အချိုဆုံး သီချင်းလေးတွေပေါ့။သမီးမျက်နှာလေးကိုကြည့်ပြီးအိပ်ရတဲ့ထိုညက သူမအတွက် ဖြတ်သန်းခဲ့တဲ့ ညများစွာမှာ တန်းဖိုးအရှိဆုံးညလေးဖြစ်နေပါလိမ့်မယ်။
ဟောင်းနွမ်းတော့မယ့် နှစ်တစ်နှစ်ရဲ့ အဆုံးသတ်ခါနီး အချိန်လေးမှာ နှစ်သစ်ပေါင်းများစွာအတွက် အားအင်တွေပေမယ့် အဓိပ္ပါယ်ရှိရှိဘ၀ကိုဖြတ်သန်းဖို
ဘုရားသခင်ရဲ့ ဆုလဒ်ကိုရခဲ့တာကတော့ ဒီဇင်ဘာ ၂၈ နေ့မြတ်လေးတစ်နေ့အဖြစ် သူမ ဘ၀မှတ်တမ်းမှာရေးထိုးနိုင်ပါခဲ့တာပေါ့ ။ဘ၀အတွက် နေ့သစ်လေးရဲ့
နံနက်ခင်းမှာ ထူးထူးခြားခြား ရနံ့လေးတစ်ခုက သူမကို နွေးထွေးစွာကြိုဆိုလို့ အပြင်ကို လှမ်းမေးလိုက်တော့ အိမ်ရှေ့က သူမစိုက်ထားတဲ့ စံပယ်ရုံလေးက ပွင့်နေပြီတဲ့လေ ဒီလိုနဲ့ ဖြူဖြူဖွေးဖွေးနဲ့ မျက်စိမဖွင့်သေးပေမဲ့ အပြုံးလေးပွင့်နေတာကတော့ ချိုနေတာပဲပေါ့ သူမကို စံပယ်ချိုးဆိုတဲ့ အမည်လေးပေးဖြစ်ကြောင်း သူမပြောပြတာကို ကျွန်တော်မှတ်မိနေပါသေးတယ်။

               ပိုးဆိုတာဘယ်လိုမွေးရတယ်ဆိုတာမသိပေမဲ့သူမ မေမေကတော့သူမကို ပိုးမွေးတာထက်ခက်ခဲစွာမွေးခဲ့ရတယ်လို့  ကြုံကြိုက်တဲ့အခါ ကျွန်တော့်ကို ပြောပြဖူးပါတယ်။ဒါဆိုမေမေ(သူမ အမေကို ကျွန်တော်လဲ မေမေလို့ခေါ်ပါသည်)အရမ်း ပင်ပန်းမှာလို့ပဲနော်လို့မေးတော့ အေးချမ်းတဲ့အပြုံးလေးနဲ့ မပင်ပန်းပါဘူးကွယ် သူ နေထိုင်မကောင်းပြီး သူပင်ပန်းမှာကိုပဲ စိတ်ပင်ပန်းမိတာပါ မေမေကတော့ သူ့ကိုပြုစုရတာ ကြည်းနူးပါတယ်တဲ့။ဒီလိုနဲ့ ကျောင်းနေရွယ်မှာလဲ ကျောင်းနေပျော်ပြီးစာတော်အောင် ထိန်းသိမ်းပေးရ၊
ပတ်ဝန်ကျင်းမှာ လူတွေကိုဘယ်လိုဆက်ဆံရမယ်ဆိုတာ သင်ကြားပေးရနဲ့ သူမဘယ်လောက်များပင်ပန်းလိုက်မလဲနော်။

      အရွယ်ရောက်လို့ ဘ၀တိုးတက်မှု့အတွက် ရေခြားမြေခြားဆိုတဲ့နေရာကြီးကို မသွားစေချင်ပေမဲ့လဲ
နောင်တစ်ချိန်ဆိုတဲ့ အတွေးနဲ့သူမ နှလုံးသားကို လမ်းခင်ပေးပြီး မစံပယ်လေးလောကအလယ်မှာတင့်တယ်စွာ ကိုယ့်လမ်းကိုယ်လျှောက်နိုင်တဲ့ သမီးရတနာလေးဖြစ်ဖို့ မျက်ရည်တွေကို အဖော်လုပ် သမီးပို့ပေးတဲ့ အမှတ်တရ အရုပ်ကြီးတစ်ရုပ်ကို ဖက်ပြီးအိပ်ခဲ့တဲ့ ညပေါင်းလဲများပါပြီလေ။မစံပယ်လေးဟာ သူမမေမေ့ကို
အရမ်းချစ်သော သမီးလိမ္မာလေးမို့ သူခင်းပေးတဲ့လမ်းအတွက် သူမဂုဏ်ယူနေပါလိမ့်မယ်။တခါတလေ ဖုန်းဆက်တဲ့အခါ သူမပြောလေ့ရှိတာက ကျွန်တို့ ဇနီးမောင်နှံနဲ့အတူတူနေချင်တဲ့အကြောင်း သူ့သမီးလေးကို
ဖက်မအိပ်ရတဲ့တာကြာလို့ သူမကိုဖက်ပြီးအိပ်ချင်ကြောင်း သူ့သမီးလေးကြိုက်တတ်တဲ့ ထမင်း ဟင်းတွေ ချက်ကျွေးချင်ကြောင်း ငိုသံလေးနှင့်ပြောတတ်ရှာသည်။တနေ့နေ့တော့ဖြစ်လာမှာပေါ့ မေမေရယ်လို့ ကျွန်တော့် စိတ်ထဲမှာပြောမိနေပါတယ်။
          မစံပယ်မွေးနေ့ရောက်တိုင်း ပထမဆုံးသတိယမိတာက သူမ မေမေကိုပါ။ဘာကြောင့်လဲဆိုတော့
မျှော်လင့်ချက်တွေမဲ့ပြီး ဘ၀ပန်းတိုင်ပျောက် နေချင်သလိုနေတဲ့ ငတေးလေးကျွန်တော့်ကို မျှော့်လင့်ချက်တွေ
အပြည့် ဘ၀ပန်းတိုင်ဖြောင့်ဖြောင့်ရောက်စေဖို့ ဖေးမကူညီ လမ်းပြသူ နှလုံးသားအရှင်သခင်မကို သူမမွေးဖွားပေးခဲ့သောကြောင့် သူမကို ကျွန်တော် ရိုသေလေးစာ ချစ်ခင်မိပါသည်။
  ချစ်သော ဇနီးလေးလဲ လိုအင်ဆန္ဒတွေ အမြန်ဆုံးပြည့်ဝပါစေလို့  မောင် ဆုတောင်းပေးလိုက်ပါတယ်။

လွင်ပြင်လှိုင်းငယ်


14 comments:

  1. မစံပယ်ခေါ်မဂျီးမဒမ်လွင်ပြင်ရေ
    ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေ
    ချစ်ခင်ပွန်းကိုကြီးလွင်ပြင်နဲ့အသက်ရာကျော်တိုင်အောင်
    ဘ၀ခရီးလမ်းကိုတူတူလျှောက်လှမ်းနိုင်ပါစေဗျာ

    ReplyDelete
  2. မွေးနေ့မှစကာ..
    နှစ်ပေါင်းများစွာတိုင်
    အရိုးမြေကျ..
    အိုအောင်မင်းအောင်
    ဆံဖြူသွားကျိုး.
    ခါးကုန်းသည်ထိ..း)
    အသက်တစ်ရာ့နှစ်ဆယ်တိုင်အောင်
    ချစ်ရသူနဲ့အတူ..ဘ၀ခရီးလမ်းကို
    ပျော်ရွှင်ချမ်းမြေ့စွာ..လျှောက်လှမ်းနိုင်ပါစေရှင်
    ချစ်ခင်စွာဖြင့်

    ReplyDelete
  3. အန်တီတင့်ဆီမှာ လည်း ခုလေးပဲ ဆုတောင်းလာခဲ့တယ်။ ဒီမှာလည်း ထပ်ဆုတောင်း လိုက်ပါတယ်။ :)
    မွေးနေ့ရှင်လေးလည်း မွေးနေ့မှသည် နောက်ဆုံးထွက်သက်ထိ ကိုယ်စိတ်နှလုံး ပျော်ရွှင်အေးချမ်းစွာဖြင့် တူနှစ်ကိုယ်တိုင်းပြည်ကြီးကို ကိုလွင်ပြင်ကြီးနှင့် တည်ဆောင်နိုင်ပါစေ...

    ReplyDelete
  4. ဒီနေ့ကစပြီး ဖြစ်ချင်တာ လုပ်ချင်တာ လိုချင်တာတွေ အမြန်ဆုံးပြည့်ဝပါစေလို့ မောင်လည်း ဆုတောင်းပေး ပါတယ်..:D

    ReplyDelete
  5. အားလုံးကို
    (ကျေးဇူးတင်ပါတယ်)
    အဲတာဖြူဖြူကျော်သိန်းအသံနဲ့ပြောတာနော်

    ReplyDelete
  6. ဒီနှစ်ယောက် အတော် နောက်တာပဲ
    ဘလော့ဂါတွေကို သီးနှောက်စားအောင်လုပ်တယ်
    တစ်အိမ်ထဲပေါင်းမလား ပြော..
    ဒို့ မိသားစု 4ယောက်ပေါင်းလိုက်ရအောင်
    ယောက်ခမတွေ သမီးမေးကြည့်လိုက်စမ်း..ဟဲဟဲ

    မွေးနေ့ မှာ ပျော်ရွှင်ပါစေ

    ReplyDelete
  7. ပျော်ရွင်ဖွယ် မွေးနေ့မင်္ဂလာ ရက်မြတ်လေး ဖြစ်ပါစေမမရေ....

    ReplyDelete
  8. ရေးသားချက်တွေကောင်းလွန်းလို့..မွေးနေ့ဆုတောင်းပေးဖို့တောင်..မေ့သွားတယ်ဗျာ.....:)

    ReplyDelete
  9. မမရေ ဘ၀မှာလိုအင်တွေအမြန်ပြည့်ပြီပျော်ရွှင်သော
    မွေးနေ့ ဖြစ်ပါစေ

    ReplyDelete
  10. ကဲကဲ ဒီလောက်ချစ်တတ်တဲ့အကိုလွင်ပြင်နဲ့ ဖူးစာဆုံရတဲ့မမစံပယ် လဲ တသက်တာပျော်ရွှင်မှုတွေနဲ့ ငြိမ်းချမ်းပါစေ လုပ်ချင်တာတွေအကုန်လုပ်ခွင့်ရပါစေး)

    ချစ်တဲ့

    မဒိုးကန်

    ReplyDelete
  11. ရှယ်ကို ရေးထားတာပဲ... :D :D

    ကန်ဒီဆုတောင်းပေးပြီးပြီနော် မမဂျက်စ်ပိုစ့်မှာ.. တိချင်တွားဖတ် ဒါပဲ :D :D

    ReplyDelete
  12. ခင်တဲ့မမဂျက်
    စိတ်မကောင်းစွာနောက်တစ်ခေါက်ဆုတောင်းပေးသွားပါတယ်နော်
    မွေးနေ့လေးမှာပျော်ရွှင်ပါစေနော် :( :( :( :( :(

    ReplyDelete
  13. ဆုတောင်းတာ နဲနဲတောင် နောက်ကျသွားပြီ...
    မွေးနေ့ မှာ ပျော်ရွှင်နိုင်ပါစေ အစ်မ...

    ReplyDelete