Thursday, 8 December 2011

ငါ့ရဲ့ ဒီဇင်ဘာ

နှစ်တစ်နှစ်လဲအဆုံးသတ်
နှုတ်ဆက်တော့မယ်
ချမ်းအေးမှု့က တင်မြောက်တဲ့
ဒီဇင်ဘာဘုရင်ရဲ့ အပြုံး
နှင်းမှုန်တွေကလဲ ညချမ်းလေးကို စောင့်ရှောက်လို့
နွေရာသီက မင်းဝယ်ပေးတဲ့
အနွေးထည်ဖြူဖြူလေးကလဲ
ငါ့နားအမြဲကပ်ခွင့်ရလို့
ကျေးဇူးပါ ဒီဇင်ဘာတဲ့  ။

နှင်းစက်တွေ သစ်ရွက်ပေါ်ပြေးဆော့နေတုန်း
ပန်းပွင့်ကတော့ ပွင့်ဖတ်ကြားက
နှင်းမှုန်းလေးတွေပျောက်သွားမှာစိုးတဲ့
စိုးရိမ်စိတ်နဲ့ပေါ့
မြက်ပင်စိုစိုကြားမှာ
နှင်းမိုးတွေငိုသံတော့ ဘယ်သူကြားနိုင်မလဲနော်  ။

ဆောင်းနံနက် အအေးဒဏ်ကို
ကြောက်နေတဲ့တတ်တဲ့ ငါ့လက်တစ်စုံက
နွေးထွေးမှု့နဲ့ နှစ်သိမ့်ပေးတဲ့
ထက်မြက်တဲ့ မင်းဖ၀ါးနွေးနွေးလေးကို
ဘ၀အတွက် ထာဝရပိုင်ဆိုင်ထားမှတော့
ဘာကိုကြောက်နေအုံးမှာလဲ  ။

ဒီအချိန်မှာ ချယ်ရီတွေ ပွင့်မပွင့်တော့ငါမသိဘူး
မင်းကြိုက်တတ်တဲ့ စံပယ်ရုံလေးတော့
အိမ်ရှေ့မှာငါပျိုးထားလို့
ဖူးသူကဖူး ပွင့်သူကပွင့်
အငြင်းပွားပြီး နင့်ခေါင်းထက်
သူ့ထက်ငါအရင်ရောက်ချင်နေလိမ့်မယ်  ။

နှင်းရည်တွေ စိုရွှဲနေတဲ့
ဦးခေါင်းထက်ကို ထီးမိုးပေးလို့ အဆင်မပြေပေမဲ့
ငါ့လက်ဝါးလေးကတော့
မခိုင်းပဲ မခေါင်းထက်မှာ
နေရာယူ ကာကွယ်နေပါ့လား  ။

နှစ်ဟောင်းပေမဲ့
မင်းကိုချစ်တဲ့ အချစ်ကတော့
သေဆုံးတောင် 
မပြောင်းလဲ မဟောင်းပဲနဲ့
ထာဝရရင်မှာ တည်ရှိနေမှာပါ ချစ်သူရာ ။ 

လွင်ပြင်လှိုင်းငယ်














 



 







7 comments:

  1. ဘယ်မှာလဲ စံပယ်ပင်
    မတွေ့ပါလား...............

    ReplyDelete
  2. အိမ်ရှေ့မှာတဲ့ မဂျက်စ်ရဲ့.... :)

    ReplyDelete
  3. နှစ်ဟောင်းပေမဲ့
    မင်းကိုချစ်တဲ့ အချစ်ကတော့
    သေဆုံးတောင်
    မပြောင်းလဲ မဟောင်းပဲနဲ့
    ထာဝရရင်မှာ တည်ရှိနေမှာပါ ချစ်သူရာ ။
    စံပယ်ပင်မတွေ့ ပေမဲ့ အပေါ်ကစာသားလေးနဲ့ပဲ
    ကျေနပ်လိုက်ပါသက်ဆိုင်သူရေ

    ReplyDelete
  4. အားပေးသွားတယ်
    နစ်နစ်နဲနဲချစ်တက်တဲ့ကိုကြီးကို

    ReplyDelete
  5. အဟမ်းအဟမ်း
    ပြောတဲ့သူကပြောတယ်
    မေးတဲ့သူကမေးတယ်
    ကဲ မတွေ့လဲ ဈေးထဲကသာသွားဝယ်လိုက်ပေတော့း)

    ReplyDelete
  6. ရေးဖွဲ့ သွားတာ ဒီအပုဒ်လေး တော်တော်လှတယ်...

    ဆောင်းနံနက် အအေးဒဏ်ကို
    ကြောက်နေတဲ့တတ်တဲ့ ငါ့လက်တစ်စုံက
    နွေးထွေးမှု့နဲ့ နှစ်သိမ့်ပေးတဲ့
    ထက်မြက်တဲ့ မင်းဖ၀ါးနွေးနွေးလေးကို
    ဘ၀အတွက် ထာဝရပိုင်ဆိုင်ထားမှတော့
    ဘာကိုကြောက်နေအုံးမှာလဲ ။

    ReplyDelete
  7. ကဗျာလေးကောင်းလိုက်တာ အစ်ကိုရာ...

    မင်းကြိုက်တတ်တဲ့ စံပယ်ရုံလေးတော့
    အိမ်ရှေ့မှာငါပျိုးထားလို့
    ဖူးသူကဖူး ပွင့်သူကပွင့်
    အငြင်းပွားပြီး နင့်ခေါင်းထက်
    သူ့ထက်ငါအရင်ရောက်ချင်နေလိမ့်မယ် ။

    အဲဒီ့အပိုဒ်လေး အရမ်းကြိုက်တယ် :)

    ReplyDelete