Thursday, 15 December 2011

ကျေးဇူးပါ အိပ်မက်လေး




ကောင်မလေးရေ
မင်းဝင်ရောက်လာတုန်းက
ငါ့နှလုံးသားတံခါးဟာ
အတ္တ မာန်မာန ယုံကြည်ခြင်းကင်မဲ့စွာ
 သေချာသော့ခတ်ထားတာပါ  ။

အချစ်ဆိုတာ အပြောလွယ်
အလွယ်ပြောပြီး
လက်တွေ့ဘ၀မှာ 
သူတောင်းစားဆီက ခွက်တစ်လုံးလောက်တောင်
တန်ဖိုးမထား တန်ဖိုးမဲ့စွာ
ခပ်ပျက်ပျက် နှလုံးသားနွံ့မှာနစ်ခဲ့ဖူးတဲ့
လူတစ်ယောက်အတွက်ကတော့
အချစ်ဆိုတာ 
လမ်းဘေး ကွမ်းယာဆိုင်လာတောင်ထင်မိမှာပါ ။

ဂီတကို နားမလည်တဲ့ လူတစ်ယောက်ရှေ့မှာ
ဂစ်တာတီးပြလဲ တီးတဲ့သူလက်နာပြီး
နားထောင်တဲ့သူကတော့ နားညည်းနေမဲ့တူတူ
ကိုယ်တိုင်းတီး ကိုယ်တိုင်ဆိုပြီး
ကိုယ်တိုင်နားဆင်တာ အကောင်းဆုံးပါပဲလေ ။

ကဗျာဆိုတာ
စာရေးပျင်းတဲ့သူတွေ ရေးတဲ့
စာတိုပေစတွေလားလို့ မေးတတ်တဲ့လူအများကို
ခံစားမှု့ရင်ဘတ်ထဲက စကာလုံးတွေချပြနေမဲ့အစား
နှလုံးသားခံစားမှု့ တချို့တ၀က်ကို
နားလည်ပေနိုင်မဲ့ လူအချို့ရှေ့မှာ
ငါ့ကဗျာတွေ ရေးချတာက
ကဗျာတစ်ပုဒ်တန်ဖိုးပေါ်လွင်စေတာပေါ့ ။
 
အကြောင်းစုံကို ပေါင်းဆုံပြီးတွေးကြည့်လိုက်တော့
မချစ်တတ်သူကို
အချစ်ငတ်ပြနေမဲ့အစား
ချစ်တတ်သူကို
ဘ၀ပေးပြီး
အချစ်ရူးလို့ပြောချင်ပြောပါစေ
မင်းတစ်ယောက်ကိုပဲ
ငါ့အသက်ထက် ချစ်သွားမယ်  ။
 
မင်းဝင်လာစတုန်းက
ငါ့နှလုံးသားတံခါးဟာ
သုံးမရပဲ သံချေးတောင်တက်နေပါပြီး
မင်းကတော့အေးအေးဆေးဆေးပဲ
အချစ်ဆိုတဲ့ သော့တစ်ချောင်းမသုံးသေးပဲ
လေးဖြူသီချင်းခပ်အေးအေးလေးညည်းပြီး
သံယောဇဉ် သံယောဇဉ်ဆိုပြီး
နှလုံးသား သံချေးတွေဆေး
နွေးထွေးတဲ့ လက်တစ်စုံကိုသုံး
ပြုံးပြုံးလေးပဲ
ရိုးသားခြင်းသော့တစ်ချောင်းနဲ့
နှလုံးသားသော့ခလောက်ကို
ဖွင့်ဝင်လာလိုက်တာ
ငါ့နှလုံးသားနန်းဟာ
အထီကျန်မှု့တွေပျောက်
သာယာမှု့တွေရောက်ပြီး
ခုတော့
အချစ်ဆိုတာ အဖိုးမဖြတ်နိုင်တဲ့
ခံစားမှု့ရပ်ဝန်းဆိုတာ
သင်ပြပေးတဲ့ အိပ်မက်လေးကို
သူစိမ်းဆန်တယ်မထင်မှတ်စေချင်ဘူး
စိတ်ရင်မှန်နဲ့ ပြောပါရစေလား
ကျေးဇူးပါ ချစ်သူ  ။

လွင်ပြင်လှိုင်းငယ်

15 comments:

  1. ကဗျာကောင်းလေးကိုဖတ်သွားတယ်ကိုကြိးရေ

    ခပ်ပျက်ပျက် နှလုံးသားနွံ့မှာနစ်ခဲ့ဖူးတဲ့
    လူတစ်ယောက်အတွက်ကတော့
    အချစ်ဆိုတာ
    လမ်းဘေး ကွမ်းယာဆိုင်လာတောင်ထင်မိမှာပါ ။

    စာသားလေးကိုသဘောကျတယ်..။

    ReplyDelete
  2. ဟုတ်ကဲ့ပြောလိုက်ပါ့မယ်း)

    ReplyDelete
  3. ဟီး တစ်ကယ်ပြောတာလား

    ReplyDelete
  4. ကိုကိုမောင်(ပန်းရနံ့)16 December 2011 at 00:32

    တကယ် ချစ်ရမဲ့သူကို တွေ့သွားပြီထင်တယ်။း)
    ဒီလိုဘဲပေါ့။ အများထဲက တစ်ယောက်ပေါ့လေ။ ဟာ ဟ။

    ReplyDelete
  5. ကိုကိုမောင်(ပန်းရနံ့)16 December 2011 at 00:32

    တကယ် ချစ်ရမဲ့သူကို တွေ့သွားပြီထင်တယ်။း)
    ဒီလိုဘဲပေါ့။ အများထဲက တစ်ယောက်ပေါ့လေ။ ဟာ ဟ။

    ReplyDelete
  6. သံချေးတက်နေတဲ့နှလုံးသားကို
    လုံးဝအကောင်းတိုင်းဖြစ်သွားစေတယ်ဆိုတော့
    အိပ်မက်လေးက.သံချေးချွတ်ဆေး
    WD-40ပေါ့း))
    ဒီဘ၀.ဒီခန္ခာမှာ..အချစ်အတွက်တော့
    ဘာမှပြောစရာမရှိအောင်..ကံကောင်းသွားပြီပေါ့း)

    အားကျဆာကြီး.. :D

    ReplyDelete
  7. လာရောက်ဖက်ရှု့ပါကြောင်း

    ReplyDelete
  8. ယုံပါတယ် သစ်ပင်လေးရေ

    ReplyDelete
  9. အချစ်ဆိုတာ အဖိုးမဖြတ်နိုင်တဲ့
    ခံစားမှု့ရပ်ဝန်းဆိုတာ
    သင်ပြပေးတဲ့ အိပ်မက်လေးကို
    သူစိမ်းဆန်တယ်မထင်မှတ်စေချင်ဘူး
    စိတ်ရင်မှန်နဲ့ ပြောပါရစေလား
    ကျေးဇူးပါ ချစ်သူ ။
    ဆိုပါလား...
    မမနဲ့တွေ့မှ အချစ်ဆိုတာကို တန်ဖိုးထားတတ်လာတယ်ပေါ့လေ...:P
    ခင်လျက်
    Junemoe

    ReplyDelete
  10. 'နှလုံးသားခံစားမှု တစ်ချို့တစ်ဝက်ကို
    နားလည်ပေးနိုင်မဲ့ လူအချို့ရှေ့မှာ
    ငါ့ကဗျာတွေ ရေးချတာက
    ကဗျာတစ်ပုဒ်တန်ဖိုးပေါ်လွင်စေတာပေါ့' တဲ့
    ကွက်တိပဲ လွင်ပြင်လေးရေ။
    စာသားတွေပြောင်မြောက်တယ်
    တီတင့်တော့မစပ်တတ်ပေမယ့် ခံစားတတ်ပါတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  11. ဒီလိုပါဘဲ အချစ်နဲ့ အတွေ့ မှာတော့ အရာရာဟာ လှပအသက်ဝင်လာတာပါဘဲ...

    ReplyDelete
  12. ယုံတယ်ဆိုပဲ ဟီဟီ သက်ဆိုင်သူယုံဖို့ပဲလိုတယ်

    ReplyDelete
  13. ကဗျာလေး ကောင်းလိုက်တာ ... ကိုလွင်ပြင်တို့ကတော့ ချစ်တတ်တာ.. နှစ်ယောက်မရှိဘူး.. လေးစားပါတယ် :D

    ReplyDelete
  14. အချစ်ကဗျာ လှလှလေး ဖတ်မိတော့..... သြော်...ချစ်သူကိုတောင် သတိရသွားပြီ...:):)

    ReplyDelete
  15. သိတ်မချစ်မိတတ်စေနဲ့မောင်လွင်ပြင်...ခံရသိတ်ခတ်တယ်

    ReplyDelete