Tuesday, 13 December 2011

အပိုင်းအစ အလွမ်း အတွေးစများ


နာကျင်နေတဲ့ ကောင်းကင်
ဝမ်းနည်းစွာ ညိုမဲ့မဲ့မျက်နှာနဲ့
ခံစားချက်တွေ သွန်ချလိုက်တော့
အလွမ်းမိုးစက်တွေအဖြစ်
ငါ့ကိုယ်မှာ ရွှဲရွှဲစိုလို့ ။

မြင့်ရာမှ နိမ့်ရာဆီသို့
အပူပင်မဲ့ စီးတဲ့မြစ်ချောင်း
ဒဏ်ရာထောင်ပေါင်းများစွာနဲ့ငါ
မြင့်ရာမှ နိမ့်ရာစီးဆင်းတာ
သဘာဝဆိုပေမဲ့လဲ
နှလုံးသားမှာ မြစ်ဖျားခံ
ခံစားချက်တွေ စုန်ဆန်တက်ပြီး
မျက်ဝန်းမှသည်
ခံစားချက်တွေ မျက်ရည်မြစ်အဖြစ်
ပါးပြင်မှာ တလိမ့်ချင်းဆင်းတာကတော့
သဘာဝနဲ့ ဆန့်ကျင်နေမလား  ။

ပင်လယ်မှာပျော်တဲ့ ငါး
စမ်းချောင်းသေးသေးမှာ
နေပျော်မလားလို့ မတွေးသလို
စမ်းချောင်းထဲက ငါး
အကောင်သေးလို့ ပင်လယ်မှာ
ငါကူးနိုင်ပါ့မလား စဉ်းစားမှာ မဟုတ်ပါဘူး
ဒီလိုပါပဲ
ဘယ်အချိန်မှာ ဘာဖြစ်မယ်
ဘုရားမှလွဲ
မသိနိုင်တဲ့ ကံကြမ္မာအလှည့်အပြောင်းကို
ဗေဒင်ဆရာတစ်ယောက်ရဲ့
ထမင်းဝိုင်အဆင်လှဖို့
ငါက မင်းနှလုံးသားအပြင်ထွက်
အလွမ်းတွေနဲ့ အသက်ဆက်နေရမှာလား  ။

အလွမ်း အလွမ်းနဲ့
သီချင်းဆိုရင်တော့ နားထောင်ကောင်းပေမဲ့
ခက်တာက
ဘ၀ဆိုတာ သာယာနာပျော်ဖွယ်ကောင်းတဲ့
သီချင်းတစ်ပုဒ်မဟုတ်သလို
ပန်းချီဆရာရဲ့ စုတ်ချက်နဲ့
လိုသလိုဆွဲမရတဲ့
နှလုံးသားက စက်ရုပ်မဟုတ်တော့
ပျက်သွားတဲ့နေရာကို ပြန်ပြင်လို့မရ
သွေးကြောတွေနဲ့ ဖွဲ့စည်းထားတဲ့
ရှင်သန်ခြင်းရဲ့ စုရပ်ဆိုတော့
ခက်တော့ ခက်သားလား  ။

လွင်ပြင်လှိုင်းငယ်

7 comments:

  1. စိတ်မပူပါနဲ့နော် ဘယ်တော့မှ ကောင်းကင်ကြီးကို
    နာကြင်အောင်မလုပ်သလို
    များလေ--- အလွမ်းမိုးစက်တွေလဲမပေးပါဘူးနော်
    မွေးနေ့ရောက်တော့မယ်နော်
    ခရစ်စ္စမတ်လဲနီးနေပြီ-ပြီးရင်
    Happy New Year နော်
    မေ့မှာစိုးလို့ပါ

    ReplyDelete
  2. ဟုတ်ပါပြီ မိုးရွာရင် ထီးမိုးပေး ဆောင်းမနက်မှာ နွေးထွေးမှု့ပေး နွေရာသီမှာ အေးရိပ်ပေး ဆွေးရိပ်တွေ ကင်းစင်တဲ့ ငါ့ဘ၀ရဲ့ မေတ္တာရှင်လေးပါ ။မမေ့ဘူး မမေ့ဘူး
    ကုန်တော့မယ် ဟီး ဟီး(ငိုသံလိုလို ရီသံလိုလို)

    ReplyDelete
  3. ကဗျာဖတ်သူကလည်း အလွမ်းမိုးစက်တွေ မပေးဘူးတဲ့...
    ကဗျာရှင်ကလည်း နာ့မေတ္တာရှင်လေးတဲ့...ဟိ
    ဟုတ်နေကြတာ..ဟိဟိ
    ခင်လျက်
    Junemoe

    ReplyDelete
  4. အလွမ်းတွေ စုမိရင် မိုးရွာတက်တယ်တဲ့...:)
    ခံစားအားပေးလျှက်ပါလို့...

    ReplyDelete
  5. အာားးးးးးးးးးးးးးးးးးကဗျာအရမ်းကောင်းတယ်ဟေးးးးးးးးး အားးးးးးးးးးးးးးပေးသွားတယ်နော်ာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာ

    ReplyDelete
  6. ကဗျာလေးကောင်း၏..
    မဒမ်လွင်ပြင်ရဲ့လင့်လေးပေးပါဆိုလည်းမပေးဘူး..
    တော်ကြာမျက်နှာချင်းဆိုင်မိရင်တောင် မသိကြတဲ့အဖြစ်..
    သူလုပ်နေတာာာာာာာာ........

    ReplyDelete
  7. မောင်လှိုင်းရေ..ကဗျာတွေနာကျင်စ၇ာတွေများလားကွ

    ReplyDelete