Friday, 9 December 2011

အိပ်မက်လေးသို့ အဖြေစကား


ချစ်လား ချစ်လား မောင်ရယ်လို့
ခဏခဏမမေးပါနဲ့လား
အမေးစကားကြားမှာ မင်းမောမှာစိုးလို့ပါ
ရင်ကိုခွဲ နှလုံးသားကိုခင်း
သွေးကြောမျှင်တွေ ရှက်သန်းပြီး
မင်းကိုချစ်တယ် ဆိုတဲ့
အက္ခရာတောင် ပေါ်နေမလားပဲ  ။

မကြင်နာ  နာကျင်အောင် ထားသွားမလားလို့
မတွေးမိပါစေနဲ့ ချစ်သူ
နှလုံးသားက နာကျင်တာတော့မပြောနဲ့
ခန္ဓာကိုယ် နာကျင်အောင်
မင်းကို ကိုက်မဲ့ ခြင်တစ်ကောင်တောင်
ငါတော်တော်မုန်းနေတာ
မင်းအသိပါ ချစ်သူရာ  ။

အသစ်တွေ့လို့ ပစ်သွားမလားဆိုတာ
အိပ်မက်ထဲတောင် ထည့်မမက်ပါနဲ့
အဟောင်းရှိမှ အသစ်ဆိုတာပေါ်လာတာပါ
မင်းဟာ ငါ့ဘ၀အတွက်
ဘယ်တော့ ဘယ်အချိန်မှ
မဟောင်းနွမ်းပဲ
အကောင်းတိုင်းရှိနေမဲ့
အနာဂါတ်ရဲ့ လမ်းပြဆရာမပါ  ။

ဇရာအိုလို့ ကညာပျိုတွေကို
အလှတရားတပ်မက်လို့
လမ်းခွဲသွားမလားလို့ အတွေးနဲ့
မင်းမအိပ်ပဲ
အိပ်ပျက်ခံတွေးတွေးနေတာငါသိပါတယ်
ချစ်စက မင်းရုပ်လှတယ်
ချစ်လယ်မှာ စိတ်အလှက ပိုထပ်တိုးလို့
အဆုံးသတ်
ငါ့အချစ်တွေ ငါ့ဘ၀ ငါ့အိပ်မက်နဲ့
ကုန်ကုန်ပြောမယ်
ငါ့ရှင်သန်ခြင်းတောင် မင်းလက်မှာ
အဆုံးသတ် သဂြိုလ်ပြီးမှတော့
အလှတရားဆိုတာ ဘ၀တပါးပြောင်းလို့
နတ်မိမယ်တွေတောင် ရင်ခုန်တော့မှာမဟုတ်ပါဘူး  ။

လွင်ပြင်လှိုင်းငယ်

12 comments:

  1. ဂယ်လားဗျ...
    မမကို မေးကြည့်မှာနော်...ဟိ
    မမတော့ ဖတ်ပြီး ကြွေတော့မှာပဲ.. :D

    ခင်လျက်
    Junemoe

    ReplyDelete
  2. စာသားတွေအားလုံးမိုက်တယ်
    လိုအပ်ရင် ကူးမယ်နော်

    ReplyDelete
  3. ချစ်တက်လိုက်တာ လွန်ရော ....

    ReplyDelete
  4. အနာဂါတ်ရဲ့ လမ်းပြဆရာမပါ ။
    သေချာရဲ့လားဟယ်

    ReplyDelete
  5. ကောင်းလိုက်တဲ့ စာရေးသူ အားပေးတယ်ဟေးးးးးးးးးးးးးးးးးးးးးးးးးးး

    ReplyDelete
  6. အင်းးးး.... ဟိုက အဟုတ်ကြီး ထင်သွားဦးမယ်။ ဟာ ဟ။း)

    ReplyDelete
  7. ပါးပါး
    သားသား
    အားအား
    နဲ့ အော်ပီ
    သမီးပေးမှ
    သမက်တော်ရမယ်နော်
    ပေးနော်
    မပေးရင်ငိုမှာ...အဟင့်

    ReplyDelete
  8. ချစ်တတ်ရန်ကော ကိုလွင်ပြင်ရယ် :D :D

    ReplyDelete
  9. This comment has been removed by the author.

    ReplyDelete
  10. ကဗျာလေးခံစားအားပေးသွားပါတယ်

    ReplyDelete
  11. ကိုလှိုင်း ကဗျာလေးကိုခံစားသွားပါတယ်

    ReplyDelete