
မမြင်တဲ့ကြိုး ရင်မှာတွယ်ရစ်
ဖြုတ်ဖို့မလွယ် ဖြတ်ဖို့ခက်ခဲ
ဖျက်ဖို့နတ္တိ သူ့ သတ္တိက
အနှိုင်းမဲ့စွမ်းအား ပိုင်ဆိုင်ထားတဲ့
ထိုကြိုးလေးတမျှင်
သံယောဇဉ်ရယ်.......
ထူထပ်တံတိုင်း
မိုင်ပေါင်းဝေးကွာ
ဘ၀ခြားလဲ ဖြတ်ဖို့ခက်တဲ့
ဒီကြိုးမျှင်ကို မင်းရစ်ပတ်ခဲ့တာ
နှစ်ပေါင်းကြာပြီ
မောင့်သံယောဇဉ်ကြိုးလေးရယ်.....
နှစ်တွေပြောင်းလို့ သက္ကရာဇ်ဟောင်းလဲ
မဆွေးမရိ ရင်မှာတွယ်ညှိ့
တိုးတိုးလို့သာ ခိုင်မြဲလာတဲ့ ကြိုးလေးပါ
အချစ်ဆိုရင် အမုန်းရှိမယ်
ကြိုက်တယ်ဆိုရင် မကြိုက်ဘူးရယ်လို့
ဆန်ု့ကျင်ဘက်အရာတွေရှိပေမဲ့လဲ
ဆန့်ကျင်ဘက်မရှိတဲ့ ဒီစကားလုံးကလဲ
သံယောဇဉ်ပါပဲ
မောင့်သံယောဇဉ်ကြိုးလေးရယ်.....
တဖြေးဖြေးနဲ့..သယောဇဉ်တွေ
ReplyDeleteပိုပိုကြီးလာတယ်ထင်တယ်နော်
ကဗျာတွေက..ပိုပိုကောင်းလာတယ်ရှင့်း)
မဒမ်လွင်ပြင်တော့..ဘယ်လိုနေမယ်မသိ :P
ပျော်ရွှင်ပါစေရှင်
ချစ်ခင်စွာနဲ့
သမီးစံ
သံယောဇဉ်တဲ့လား
ReplyDeleteခံစားခဲ့ပါတယ်ရှင်။
အင်း မောင့်သံယောဇဉ်ကြိုးကလေး တိုးရစ်လို့ချည်...
ReplyDeleteခင်တဲ့
မေသိမ့်
သံယောဇဉ်ဆိုတာက...
ReplyDeleteတိုးပြီးပဲချည်ကြတာကိုး...
တစ်ကယ်ချစ်ကြရင်လေ...
လျှော့လျှော့ သွားတတ်တာတွေကတော..
နှလုံးသားနဲ.ချစ်ကြလို.မှမဟုတ်ကြတာ...
ဟားးးးးးးးးး
ReplyDeleteကောင်းလိုက်တဲ့ စကားလေး
မောင့်သံယောဇဉ်ကြိုးလေးရယ်တဲ့ ..
ခံစားသွားပါတယ်