Friday, 21 October 2011

နှလုံးသားရဲ့ အတိတ်ခြေလှမ်းအစ




ချစ်သူ......

လူရယ်လို့ဖြစ်လာရင် အတိတ်ဆိုတာ ရှိစမြဲဆိုပေမဲ့

ငါ့ဘ၀ရဲ့ နှလုံးသားအတိတ်ကို့တော့ မင်းနဲ့စတွေ့တဲ့အချိန်မှာပဲ

မေ့ဖျောက်ပြီး မင်းဟာငါ့နှလုံးသားရဲ့ ပထမဆုံး အတိတ်နတ်သမီးရယ်လို့

ငါ့ရင်မှာ ဖျက်ဆီလို့မရတဲ့ နှလုံးသွေးနဲ့ အနက်ရှိုင်းဆုံးတစ်နေရာမှာ

ဖြူစင်ရိုးသားစွာ အပြာရောင် ကားချပ်ပေါ်ရဲ့ နံ့ရံအပြည့်မှာ

မင်းရဲ့ ချစ်တတ်ခြင်း အကြင်နာတွေကို ရေးထိုးထားပါတရ် ချစ်သူ............

ချစ်သူ......

အလွမ်းဆိုတဲ့ ဝေဒနာကို နာကျင်ခြင်းတွေ ရင်မှာပိုက်ပြီး

အနာဂါတ်မရှိ လမ်းပျောက်နေ့တဲ့ ခပ်ညံ့ညံ့ လူတစ်ယောက်ရဲ့

ရင်ကိုခွဲပြီး စစ်တမ်းကောက်ယူကြည့်ပါ

ထိုလူရဲ့ ရင်ထဲမှာ ချစ်သူရဲ့ အတိတ်ကိုပြန်လှန်ပြီး

ချစ်စရာတွေကို ကွယ်ဝှက်ထားပြီး မုန်းစရာဇာတ်လမ်းတွေပဲ

နှလုံးသားပိတ်ကားပေါ်ကြည့်နေတတ်တယ်ဆိုတာ

၈၀%ရာခိုင်နှုန်းသေချာပါတယ် ချစ်သူ.........

ချစ်သူ.......

မင်းဟာ ငါ့ဘ၀ရဲ့ ရည်စားဦးမဟုတ်ပေမဲ့

အချစ်ဆိုတဲ့ အရာတစ်ခုမှာ ခံစားချက်ပေါင်းများစွာနဲ့

ငါ့ နှလုံးသားတစ်ခုကို တန်းဖိုးရှိအောင် လမ်းပြပေးတာ

မင်းဟာ ပထမဆုံးနဲ့ နောက်ဆုံးပါ ချစ်သူ......

ချစ်သူ.......

မင်းနဲ့ငါ့ရဲ့ နှလုံးသားမှာ အလွမ်းဆို ဝေဒနာဆိုးကြီးကို

အရင်းအနှီးပြုပြီး အနာဂါတ်လမ်းမဲ့စေမဲ့ လမ်းခွဲခြင်းဆိုတာကြီး မဖြစ်အောင်

မင်းရဲ့ နှလုံးသားအတိတ်ကို ငါမသိချင်သလို ငါ့နှလုံးသားရဲ့ အတိတ်ကိုလဲ

ဘယ်တော့မှ မသိချင်ပါနဲ့ချစ်သူ......

သေချာတာ တစ်ခုတော့ရှိတယ်ချစ်သူ

မင်းကိုလေငါ မြတ်မြတ်နိုးနိုးနဲ့ နောက်ဘ၀များစွာအထိ အနှိုင်းဆမဲ့

ချစ်တယ်ဆိုတာထက် ရင်ထဲကချစ်တရ်.............................





လွင်ပြင်လှိုင်းငယ်



6 comments:

  1. လန်းနေတာ..
    ကောင်းပါတယ်..
    ဆုတောင်းပေးနေပါတယ်...
    ဘ၀နဲ.ဆန္ဒတထပ်ထဲကျဘို့....

    ReplyDelete
  2. Good Job Brother :))
    အရမ်းမိုက်တရ်ဗျို့..စာသားတွေက
    အမြဲတမ်းအားပေးနေပါတယ်ရှင်
    ချစ်ခင်စွာဖြင့်

    ReplyDelete
  3. ချစ်တယ်ဆိုတာထက်..ရင်ထဲကကို ချစ်တယ်.....:)

    ReplyDelete
  4. ဘယ်သူ့ကိုရေးတာလဲ
    မှန်မှန်ပြောနော်....
    ကောင်းတယ်ဖတ်ရတာကျေးကျေး

    ReplyDelete
  5. အားပေးသွားပါတယ် ခင်ဗျာ

    ReplyDelete