Sunday, 2 October 2011

ရိုးရိုးလေးပဲချစ်တယ်



Friends18.com Orkut Scraps
လေတိုက်လို့ သစ်ရွက်လှုပ်တာ

လူကြီးခလေးကအစအားလုံးသိတယ်

နင်တိုက်လို့ လှုပ်သွားတဲ့ ငါ့နှလုံးသားကတော့

ငါနဲ့ ငါနှလုံးသားလေးပဲ သိတယ်

အချစ်ဆိုတာ ပြောရလွယ်တဲ့ စကားမှန်

အားလုံးသိတယ် အများသုံးကြတယ်

ချစ်တယ်ဆိုတဲ့ နင့်ကိုပြောဖို့တော့

ကမ္ဘာမှာအကြောက်ဆုံး

နင်မုန်းသွားမှာ စိုးလို့ပါ

ပျားဆိုတာ ၀တ်ရည်သုံးဖို့

ပန်းကို ခင်တွယ်ကြတာပါ

ပန်းဆိုတာ လူတွေမြတ်နိုးဖို့

ခဏတာ ပွင့်ပေးကြတာပါ

လောကမှာ ချစ်တယ်ဆိုတဲ့စကားဟာ

တန်ဖိုးထားတတ်တဲ့သူတွေ

အမြတ်တနိုးပြောကြပေမဲ့

အခွန်မဆောင်ရတိုင်း

ခပ်ပေါပေါပြောတဲ့စကားတိုင်ဟာလဲ

ချစ်တယ်ဆိုတာပါပဲ......

ငါနင့်ကို ဘယ်လိုပြောရမလဲ

အတ္တတွေ မာနနဲ့ တပ်မက်မှု့

ဘာတစ်ခုမှ မပါပဲ

ရိုးသားခြင်း ရင်ခုန်သံရဲ့

ဘာသာစကားကို

ရှင်းရှင်းလေးပဲ ဘာသာပြန်မယ်

အိပ်မက်လေးကို အရမ်းချစ်တယ်........





လွင်ပြင်လှိုင်းငယ်


Friends18.com Orkut Scraps

1 comment:

  1. This comment has been removed by a blog administrator.

    ReplyDelete