Friday, 28 October 2011

အိပ်မက်လေးသို့ အမှာစကား


အိပ်မက်လေးရေ
ကောင်းကင်ကို မော့ကြည့်ပြီး
ကြယ်တစုံလောက် လိုချင်တယ်လို့
ငါ့ကို မပူဆာပါနဲ့ဟာ
ကောင်းကင်ကို လှေကားထောင်ပြီး
တက်ယူပေးမယ်လို့လဲ
နင်ပျော်အောင် အလိမ်အညာတွေမသုံးချင်ဘူး
နင်လိုချင်ရင် ကြယ်တစ်စုံအစား
လိုရာသုံးဖို့ ငါ့ရင်တစ်စုံကို
နင်မတောင်းလဲ ပေးပြီးသားပါ ။

အိပ်မက်လေးရေ
ကန္တရလမ်း ခရီကြမ်းက
ထွက်သည့်ရေကြည်
အိုအေစစ်မှ သောက်ချင်တယ်လို့
မတောင်းတပါနဲ့လား
ခရီးကကြမ်း နင်ပန်းမှာမို့
သစ္စာကွင်းပြင်က
ငါ့ရဲ့ မေတ္တာရေကြည်လေးသာ
ဘ၀တသက်တာအတွက် သောက်သုံးပါလားကွယ် ။

အိပ်မက်လေးရေ
စိန်စီတဲ့လမ်း ရတနာပန်းနဲ့
ခြွေရံတစ်သောင်း
နင်တောင်းတလဲ
ဘ၀အခြေအနေ မရေရာသေးလို့
လက်ရှိဘ၀မှာတော့
နှလုံးသားကို ခင်း
သည်းဦးပန်းနဲ့
ငါ့ချစ်ခြင်းတွေကို
နင့်ဘေးမှာထား ခစားစေပြီး
နင့်ရဲ့ဘ၀ ထာဝရပြည့်စုံခြင်းနဲ့
ထားပေးပါ့မယ်
အိပ်မက်လေးရယ် ။

အိပ်မက်လေးသို့ အမှတ်တရ





                                                             လွင်ပြင်လှိုင်းငယ်




5 comments:

  1. အော်
    အိပ်မက်လေး
    အိပ်မက်လေး တဲ့လေ...

    ReplyDelete
  2. မေသိမ့်သိမ့် ကျော်28 October 2011 at 20:13

    အိပ်မက်လေးကို သိပ်ကို ချစ်တာပါပဲလားးး။

    ကဗျာလေးကို ခံစားသွားမိပါတယ်။

    ခင်တဲ့
    မေသိမ့်

    ReplyDelete
  3. သြော်........
    သူများတွေများ...ချစ်တတ်လိုက်ကြတား)
    အားကျပါရဲ့ရှင်းP
    သာယာဖြောင့်ဖြူးသောလမ်းလေးကို
    အတူတွဲကာ..လျှောက်လှမ်းနိုင်ကြပါစေရှင်
    ဒါနဲ့..ကိုလွင်ပြင်
    စုံတွဲပုံလေးတစ်ပုံလောက်ဗျို့
    တင်ပေးပါလား
    တောင်းဆိုတာပါ ဟဲဟဲ
    ချစ်ခင်စွာဖြင့်
    သာမိစံ

    ReplyDelete
  4. အိမ်မက်လေး ကံကောင်းပါတယ်... :D

    ReplyDelete
  5. ကောင်းလိုက်တဲ့ ကဗျာလေး မောင်လွင်ပြင်

    ReplyDelete