Monday, 24 October 2011

မျှော်လင့်ခြင်း

မဆုံနိုင်သေးတဲ့ နှစ် လ ရက်တွေ

ရင်မှာတွေးပြီး လွမ်းဆွတ်မှုနဲ့

ရေတွက်ကြည့်ရင်

နှလုံးသားက နီးနေပေမဲ့ လူချင်းကတော့ ဝေးနေရတာ

ဘာကြောင့်များလဲ ချစ်သူရယ်..............



ဝေးကွာခြင်းဆိုတာ

နီးစပ်မှုရဲ့ ပုံရိပ်နိမိတ်တွေလား

အချစ်စစ်ကို တိုင်းတာတဲ့ ပေတံတစ်ချောင်းလား

ဝေးကွာမှုဟာ မိုင်ပေါင်းမရေတွက်နိုင်ပေမဲ့

နီးစပ်မှုကတော့ ငါ့ခေါင်းလေးငုံ့ပြီး

နှလုံးသားကို လှမ်းကြည့်လိုက်ရင်

ဖြူစင်မှုတွေ အနှိုင်းဆမဲ့နဲ့ ရိုးရိုးလေးပြုံးတတ်တဲ့

ချစ်သူ ပုံရိပ်လေးဟာ နှလုံးသားဧရိယာမှာအပြည့်ပေါ့................



ချစ်သူလေးရယ်....

ခုချိန်မှာ ဘယ်လို အတားအဆီ အခက်အခဲတွေပဲရှိရှိပါ

မင်းရဲ့ ချစ်ခြင်းတွေကို ဦးထုပ်လုပ်ပြီး

နေပူပူမှာ မင်းရဲ့ အပြုံးကို မော့သောက်ရင်း

မျှော်လင့်ခြင်းတွေ ရင်မှာပိုက်ပြီး

မင်းရှိမဲ့အရပ်ဆီ ရိုးသားခြင်း ခြေတစုံ

အားအင်အပြည့်နဲ့ လှမ်းလျှောက်နေပါတရ်................





လွင်ပြင်လှိုင်းငယ်

4 comments:

  1. အလဲ့ အချစ်ကို ဦးထုပ်လုပ်.. အပြုံးကိုမော့သောက်မယ်ဆိုပါလား.. ပိုင်သကွာ... :P

    ReplyDelete
  2. အိုရာမင့်ဂျီသောက်ပီးမှလှမ်းရင် ပိုမြန်မယ်ထင်တာပဲ
    ဟဲဟဲ ကြော်ညာဝင်တာနော်း)

    ReplyDelete
  3. ပညာကုန်သုံးနေပါလား
    ကောင်း၏

    ReplyDelete
  4. ကိုယ်လှမ်းမယ့်လမ်း..ဘလောက်ဝေးဝေး ကိုယ်ချစ်သူက
    စောင့်နေ၇င် ကောင်းတာပေါ့ ..ခံစားသွားတယ်သူငယ်ချင်း

    ReplyDelete