Thursday, 20 October 2011

မိန်းမ(မိန်းခလေး)တစ်ယောက်ရဲ့ အလှတရား



ကဲ သူငယ်ချင်းတို့ရေ မိန်းမ(မိန်းခလေး)တစ်ယောက်ရဲ့ တန်ဖိုးကို မိန်မတစ်ယောက်က ပြောရင်သဘာဝမကျဘူးလို့ လွင်ပြင်ထင်တယ်လေ
ဒါကြောင့် မိန်မတစ်ယောက်ရဲ့တန်ဖိုးကို လွင်ပြင်တို့လို ကောင်လေးတွေက ရေးရင်ပိုသင့်တော်မယ်ထင်တယ်......
ဒီတော့ လွင်ပြင်ရဲ့ အမြင်ကိုအရင်ရေးမယ်နော်
(၁)ဖြူစင်ရမယ်(စိတ်ထားပြောတာနော် အပေါ်ယံ အရေပြားမဟုတ်ပါဘူးနော်)

(၂)ရိုးသားရမယ်(အပြင်ပန်ကရိုးသားသလိုနဲ့ စိတ်ထဲကကျောက်ကျစ်တဲ့သူမပါဘူးနော်)

(၃)ထက်မြက်ရမယ်(တချိ့မိန်းကလေးတွေဟာ ယောကျာ်းတွေထက် ထက်မြက်ပါတယ် ဥပမာ။   ။အမေစု)

(၄)ယုံကြည်မှုရှိရမယ်

(၅)အမှန်ကိုအမှန်အတိုင်းပြောရဲရမယ်(ရည်စားဘယ်နယောက်ရှိတာကအစပေါ့)

(၆)ရုပ်ရည်ဆွဲဆောင်မှုရှိရမယ်(ဘယ်လောက်ပဲ ရုပ်ဆိုးနေပါစေ ရိုးသားမှုဟာ သင့်အလှပါ ဆိုလိုရင်က ရိုးသားမှုဖြစ်ပါသည်)

(၇)ဆံပင်ရဲ့ကောင်းခြင်း(ကျန်မာရေးမကောင်လို့ ဆံပင်အရှည်မထားနိုင်တာကို အပြစ်လို့ သတ်မှတ်ရင်ဒါဟာ သင့်အမှားပေါ့)

(၈)အသံရဲ့ဆွဲအား (အသံဆိုတာ အမှန်ကိုအမှန်အတိုင်းပြောတတ်တဲ့ မိန်းကလေးဟာ ကမ္ဘာပေါ်မှာ အသံအသာဆုံးပါပဲ)

(၉)လှမ်းလျှောက်တာ ညင်သာရမယ်(ဆင်မယဉ်သာလေး မလှုပ်မရှက်နဲ့ တစ်လှမ်းခြင်းလှမ်းနေစရာမလိုဘူးနော် သွပ်သွပ်လက်လက်လျှောက်ပြီး ဖိနပ်ပါးအောင် မလျှောက်ရင်ပြီးတာပဲ)

(၁၀)အပြောအဆို ပွင့်လင်းရမယ်(အသံတိုးတိုးနဲ့ သူများပါးနားကပ်နားထောင်မှ ကြားအောင်တော့မပြောနဲ့နော် ရှော့အဆိုတစ်ယောက်လို အော်ပြီးလဲမပြောနဲ့ ဟစ်ဟော့လို ရေပက်မ၀င်လဲ ဆက်တိုက်မပြောနဲ့ မှန်မှန်နဲ့ ကိုယ်ပြောနေတဲ့ စာပွဲတ၀ိုင်းလောက်ကြားရင်တော်ပြီလေ)

(၁၁)ဘာသာရေးကို နှလုံးသားထဲကနေတကယ်ယုံကြည်ရမယ်(ကိုယ်ယုံကြည်ကိုးကွယ်တဲ့ ဘာသာကိုပြောတာပါ)

(၁၂)သနားကြင်နာတတ်ရမယ်(ကိုယ့်ချစ်သူမှ မဟုတ်ပါဘူး အိမ်မှာ မွေးထားတဲ့ လမ်းမှာတွေ့ရတဲ့ ခွေးလေး ကြောင်းလေးတွေကအစပေါ့)

(၁၃)မီးဖိုချောင်ကို နိုင်နင်းရမယ်(ကြက်ဥလောက်မှတောင်မကြော်တတ်ရင် ယူတဲ့ယောကျာ်းကတော့ သွားပြီ)

(၁၄)သဘောထားပြည့်ဝရမယ်(သ၀န်တိုတာနဲ့ သဘောထားသေးသိမ်တာ လုံးဝမတူဘူးနော်)

(၁၅)ချစ်တတ်ရမယ်(ဒါကတော့ အရမ်းအရေးကြီးသွားပြီ)

ကဲ သူငယ်ချင်းတို့ရေ အလှတရားထဲက နည်းနည်းလေးမျှဝေလိုက်တယ်နော်
သူငယ်ချင်းတို့ ခံစားမိတဲ့အလှတရားလေးလဲ မှတ်ချက်ပေးသွားပါအုံးနော်

 လွင်ပြင်လှိုင်းငယ်

9 comments:

  1. ကြက်ဥတော့ကြော်တတ်ပါတယ်

    ReplyDelete
  2. ဟားဟား... ကန်ဒီလည်း ကြက်ဥကြော်တတ်တယ်ကွ... အဟိ... :P :D
    မှတ်သားသွားပါ၏။

    ReplyDelete
  3. ဆုံသင်းပါရ်ရဲ့ တို့ချစ်မြတ်နိုးသူ....ဖြူစင်ရိုးသား သဘောထားကြီးသူမျိုး..... ဘာသာတရားကိုင်းရှိုင်းသူ တို့ ပြသနာအသေးအမွှားလေးကို မီးထွန်းအပြစ်မရှာဘူး ဆိုတဲ့ သီချင်းလေး ပြန်နားထောင်ဖြစ်တယ်......

    နတ်သားလေးက ဖယောင်းတိုင်လေးထွန်းပြီးတော့ ကောင်မလေးနောက်လိုက်နေတာလေ.... နောက်ဆုံး နတ်သားလည်း စိတ်ညစ်ပြီး နတ်ပြည်ပြန်သွားတယ်... ဟား ဟား ဟား....

    နောက်တာနော် အကို.... မိန်းကလေးတွေအတွက် မှတ်သားစရာကောင်းသလို ယောင်္ကျားလေးတွေအတွက်လည်း သူတို့ အိပ်မက်ထဲမှာ ရှာဖွေနေတဲ့ မိန်းကလေးမျိုးဟာ အကို ပြောတဲ့ အရည်အချင်းတွေ ပြည့်စုံတဲ့ မိန်းကလေးမျိုးပါ။

    ReplyDelete
  4. ကိုကိုမောင်(ပန်းရနံ့)20 October 2011 at 04:59

    အပေါ်က နှစ်ယောက်တော့ ကြက်ဥဘဲ ကြော်တတ်တယ်တဲ့။ ကြက်ဥလောက် ကြောက်တတ်လဲ ဖြစ်တယ် ဆိုတဲ့ သူနဲ့ တွေ့ရင် သူတို့လဲ မဆိုးပေဘူးဘဲ။ ဘာမှ မလုပ်တတ်တာနဲ့ စာရင်ပေါ့။ ကြက်ဥကြော်တတ်တဲ့ သူက အနစ်နာ ခံပေးတတ်တယ်။ ဒီလောက် ညှော်နံခံပြီး ကြော်ပေးရတာလေ။း))

    မချစ်မလှ ချစ်လျှင်လှ၏ တဲ့။

    မြင်သမျှ လှနေရင်တော့ ဒုက်ခ။း)

    ခင်မင်လျှက်

    ReplyDelete
  5. တစ်ယောက်ကို တစ်ယောက် နားလည်ခွင့်လွှတ်နိုင်မယ်ဆိုရင် အဆင်ပြေမယ်လို့ ထင်ပါတယ်။ ဒီကနည်းလေးတွေလဲ မှတ်သားသွားပါတယ် သူငယ်ချင်း...
    ဒီနည်းလေးတွေ လက်ကိုင်ထိုင်းပြီး ရှာပုံတော် ဖွင့်ရမယ်...

    ReplyDelete
  6. မှတ်သားသွားပါတယ် လွင်ပြင်ရေ.... :):)

    ReplyDelete
  7. မေသိမ့်သိမ့် ကျော်20 October 2011 at 14:31

    အမျိုးသားတွေ ဒီလိုမိန်းကလေးမျိုးရရင် တကယ့်ကို ကံကောင်းတယ်လို့သာလက်မထောင်ရတော့မှာနော်။


    ခင်တဲ့
    မေသိမ့်

    ReplyDelete
  8. မှတ်သားစရာအလွန်ကောင်းပါသည်။ လွင်ပြင်ရေ... မိန်းကလေးတိုင်း အဲဒီအလှတရားတွေနဲ့ ပိုင်ဆိုင်နိုင်ကြပြီး။ ယောကျာင်္းလေးတိုင်း အဲဒီအလှတရားကို မြင်အောင်ကြည့်တတ်ကြပါစေလို့ပဲ....

    ချမ်းမြေ့ပါစေ
    ချယ်ရီမြေ

    ReplyDelete