Monday, 17 October 2011

အပျိုကြီးနောင်တ

ရပ်ကွပ်ထဲက အပျိုကြီး
လင်ကြောင်းပြောလျှင်
တော်တော်တင်း....(မျက်နှာ)

အိပ်ပျော်တတ်သော
မြှားနတ်မောင်
ဘယ်ချောင်(ဂျောင်)ကြားမှာ
စက်တော်ခေါ်......

ကိုမြှားနတ်မောင်
တရေးနိုး ပစ်တဲ့မြှားက
တဲ့တဲ့တိုး
အပျိုကြီး ပျော်လို့မော်လို့မဆုံး..............

လက်ထပ်မင်္ဂလာ
ပျော်ရွှင်နွဲလို့
မင်္ဂလာဦးည
ပြီးမြောက်လို့ရယ်
အခါမိုးသောက်
နံနက်ရောက်သော်
အဒေါ်အပျိုကြီး
ရင်ဘတ်စည်တီး(တော်တော်နာမှာပဲ)
ကြွေးကြော်သည်က
ဒီလောက်ကောင်းမှန်သိခဲ့ပါက
၁၆နှစ်ပင်မစောင့်လင့်
လက်ဖွဲ့ပစ္စည်းကြည့်ပြီးကြွေး..............

လွင်ပြင်လှိုင်းငယ်

6 comments:

  1. အာပျိုကြီးတွေလာရိုက်ရင်နာပါဘူးနော်..

    ReplyDelete
  2. ဟီးးးး ဟီးးးးးး ကောင်းတယ် ဟဟ
    အားပေးခဲ့ပါတယ်ဗျာ

    ReplyDelete
  3. အမ်....အဲလိုကြီးလား....:):)

    ReplyDelete
  4. ဘာပြောပြော ဒီနောင်တက လက်ဖွဲ့တွေရလိုက်သေးလို့ တော်ပါသေးရဲ့ လွင်ပြင်ရေး))
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  5. မေသိမ့်သိမ့် ကျော်18 October 2011 at 02:50

    အမ်....း) ဟိုက်.... အပျိုကြီးတွေကို ဒဲ့ကြီး ထည့်သဟ..


    ခင်တဲ့
    မေသိမ့်

    ReplyDelete
  6. ကိုကိုမောင်(ပန်းရနံ့)18 October 2011 at 06:18

    မှန်လိုက်လေ။
    အပျိုကြီးများ အချိန်မဆွဲသင့်တော့ပေ။း))

    ခင်မင်လျှက်

    ReplyDelete