Thursday, 13 October 2011

အာဒံအချစ်နဲ့ လွင်ပြင်အချစ်





Friends18.com Orkut Scraps


                                  အာဒံက ဧ၀ ကိုဘယ်လိုပြောခဲ့လဲ?
ချစ်တယ်လို့ပြောခဲ့တာလား
i love you လို့ပြောခဲ့တာလား
ဘယ်လို ဘာသာစကားနဲ့ပြောခဲ့မှန်းငါ မသိခဲ့ပေမဲ့
မြန်မာလိုပဲတတ်တဲ့ငါက မြန်မာလိုနားလည်တဲ့နင့်ကို
ရင်ထဲက ရင်ခုန်သံရဲ့ စည်းချက်နဲ့အတူ
နှလုံးသွေးရဲ့ စီးဆင်းရာ မေတ္တာရပ်ဝန်းအတိုင်း
နှုတ်ဖျားက မတားဆီးနိုင်ခဲ့လို့
ချစ်တယ်ဆိုတဲ့ စကားကို
နင့်ကို ရိုးရိုးလေးပဲ ပြောခဲ့တာပါ........
အာဒံက ဧ၀ကို ပန်းသီး တစ်လုံးကျွေးတာလား တစ်ခြမ်းကျွေးတာလား
တစိတ်လေးပဲကျွေးတာလားကို ငါမစဉ်းစားခဲ့ဖူးပေမဲ့
ငါ့မှာ ပန်းသီးတစ်လုံးရှိရင်တော့ တစ်လုံးလုံး
နင့်ကိုကျွေးမိမှာတော့ သေချာပါတယ်
ငါကိုယ်တိုင် မသိခဲ့တဲ့ သူတို့အချစ်ဇာတ်လမ်းကို
ငါစိတ်မ၀င်စားဘူး
ငါကိုယ်တိုင် ရင်နဲ့ရင်းပြီးချစ်ခဲ့ ငါတို့ဇာတ်လမ်းပဲ စိတ်ဝင်စားတယ်
အာဒံက ဧ၀ကိုဘယ်လောက်ချစ်လဲငါ မသိချင်ဘူး
ငါကတော့ နင့်ကို ငါ့ဘ၀ထက်ပိုချစ်ခဲ့တယ်
အာဒံက ဧ၀ကို အပြစ်မြင်ခဲ့လား ဘယ်သူမှမသိခဲ့ဘူး
ငါကတော့ နင့်ကို အပြစ်မမြင်ပဲ အရာရာကို အချစ်လို့ပဲထင်ခဲ့တာပါ....
အာဒံနဲ့ ဧ၀အချစ်က ရာဇ၀င်တွင်ခဲ့ပေမဲ့
နင်နဲ့ငါ့အချစ်ကတော့
နှစ်ဦးသားရင်မှာ ကျန်ရစ်ခဲ့ရင် ငါကျေနပ်ပါပြီ


လွင်ပြင်လှိုင်းငယ်





Friends18.com Orkut Scraps

6 comments:

  1. ကဗျာလေးကိုဖတ်ပြီး 'အဲဒီလောက်တောင်ချစ်ရသူ' ဆိုတဲ့သီချင်းလေးကို သတိရလိုက်တယ် လွင်ပြင်လေးရေ။
    သက်ဆိုင်သူတော့ ဒီကဗျာလေးဖတ်ပြီး ကြည်နူးနေမှာပဲ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. တီတင့်နဲ့ သမီးစံပြောတဲ့အတိုင်းပါပဲ
    ချမ်းမြေ့ပါစေလို့

    ReplyDelete
  3. သူများတွေများ ချစ်တတ်လိုက်ကြတာ။ ချစ်သူကို မြတ်မြတ်နိုးနိုးနဲ့ကို ပုံအောပြီးချစ်တတ်လိုက်ကြတာရှင်။ အားကျပါရဲ့။

    ခင်တဲ့
    မေသိမ့်

    ReplyDelete
  4. ကဗျားလေးကို ကြိုက်တယ်ဗျို့.... :P

    ReplyDelete
  5. ကဗျာလေး ကောင်းတယ်... :D

    ReplyDelete