Tuesday, 11 October 2011

အွန်လှိုင်းရောဂါ






ဆယ်စုနှစ်တစ်ခုလောက်မကြာသေးတဲ့

လေလှိုင်းထဲက ဗိုင်းရပ်(စ်)တစ်ခုလား။

လေပေါ်မှာ အရုပ်ရေးပြီး

ကမ္ဘာကျော်စေတဲ့ ပန်းချီဆရာတစ်ယောက်လား။

အိပ်မက်ထဲကလို အရာရာကို သရုပ်ဆောင်နိုင်တဲ့

အော်စကာသောင်းချီရထားတဲ့ သရုပ်ဆောင်တစ်ယောက်လား။

နားဆင်သူတွေ သာယာနာဖွယ်ဖြစ်အောင်

အသံသာတဲ့ ကျေးငှက်လေးဝင်စားထားတဲ့

ကမ္ဘာကျော်တဲ့ ရော့စတားတစ်ယောက်လား။

ဘာဆိုဘာမှ ထိတွေ့မှုမရှိပဲ

နှလုံးသားရဲ့ ဖြူစင်မှုကို အရောင်ဆိုးမဲ့

လိမ်ညာမှု အရောင်းဈေးပွဲတော်လား။

သဘာဝရဲ့ မလွန်ဆန်နိုင်တဲ့

ပျိုခြင်းအိုခြင်း တွေကို

ကိုယ်ဖြစ်ချင်တဲ့ အသက်အရွယ်ကို

ပြောကြတဲ့ မွေးဖွားမှုဖန်တီးတဲ့ ကစားပွဲလား။

ချစ်ခြင်းမေတ္တာတွေကို ပိုင်ဆိုင်သူကိုဘေးမှာထားပြီး

လက်ချောင်းလေးတွေနဲ့ ကြင်နာတတ်တဲ့

ရာဇ၀င်တွင်မဲ့ အနှိုင်းမဲ့ မေတ္တာရှင် ဇာတ်လမ်းလား။

အဆိုးရှိသလို အကောင်းတွေမရေတွက်နိုင်တဲ့

ဒီအွန်လှိုင်းကမ္ဘာမှာ လွင်ပြင်တစ်ယောက်

ပျော်ပျော်ကြီးဆက်လျှောက်နေအုံးမယ်ထင်တယ်။




လွင်ပြင်လှိုင်းငယ်







5 comments:

  1. အတူတူလျှောက်ကြတာပေါ့....အဖော်မွန်တွေစုံစုံလင်လင်နဲ့ ...:):)

    ReplyDelete
  2. အင်း...
    ဒီလမ်းပေါ်လျှောက်ရင်း..လျှောက်ရင်းနဲ့
    မျက်စိတွေလည်းမှုံ၊လက်တွေလည်းညောင်း
    မျက်လုံးတွေလည်းနောက်စိရောက်လိုရောက်နဲ့
    "အေးချမ်းမေ"သီချင်းထဲကလိုဖြစ်နေပါပြီကွယ်း))
    ဒါပေမယ့်"ဇွဲ"မလျှော့ကြဘူးနော်.ပျော်နေကြတာပါပဲ
    တစ်ရက်တစ်လေလေးလိုင်းမကောင်းရင်တောင်
    အိပ်မပျော်ချင်တော့သလိုလိုကြီးရယ်.....း)
    ချစ်ခင်စွာဖြင့်
    သမံစီးးP

    ReplyDelete
  3. ပျော်ပျော်ကြီး ဆက်လျှောက်ကြတာပေါ့ အကိုရေ... :)

    ReplyDelete
  4. တူတူလျှောက်ကြမယ်လေ.. ဒီအွန်လိုင်းသာ မရှိရင် ကန်ဒီပျင်းလို့သေလိမ့်မယ်.. ရန်ကုန်မှာဆို အွန်လိုင်းမရှိလည်း ရတယ်... လည်မယ်ပတ်မယ်.. တစ်ပတ်တစ်ခါတောင် အွန်လိုင်းပေါ်မရောက်ဘူး.. ဒီမှာနေရတာတော့ ဒါလေးပဲ အဖော်ပြုနေရတာ... :D

    ReplyDelete
  5. အွန်လိုင်းကြောင့်ပဲချစ်ရတဲ့
    ဘလော့ဂါတွေကိုခင်ရချစ်ရတာပါ
    ဒါကြောင့်ဂျက်ကတော့
    ကျေးဇူးတင်မိတယ်

    ReplyDelete