Monday, 10 October 2011

အရပ်ဘယ်သူအရှည်ဆုံးလဲ


သူငယ်ချင်းပြောပြတဲ့ ပုံပြင်လေးတစ်ပုဒ်ပါ...ပုံပြင်ဆိုတော့ ဒီလိုလေးစလိုက်မယ်နော်...........ဟို့ရှေ့ရှေ့တုန်းက မောင်လှနဲ့မောင်ဘဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ရှိတယ်တဲ့ သူတို့နှစ်ယောက်လုံးက အလွန်မဖြစ်နိုင်တာကို အကြွားသန်းသူများလဲဖြစ်တယ်တဲ့.....တနေ့ သူတို့နှစ်ယောက်နွားကျောင်းနေရင်း မောင်လှကစပြောတယ် "သူငယ်ချင်း မောင်ဘငါ့အဘိုးကတော့ကွာ ကမ္ဘာပေါ်မှာ အရပ်အရှည်ဆုံးပဲဖြစ်မယ်ထင်တယ်ကွာ ဘာဖြစ်လို့လဲဆိုတော့ ငါ့အဘိုးက မတ်တပ်ရပ်ပြီး လက်မြောက်လိုက်တာ အရာဝတ္ထုတစ်ခုကိုင်လိုက်မိတယ်တဲ့ကွာ ဒါနဲ့ငါ့အဘိုးကလဲမော့မကြည့်ပဲသိလိုက်ရတယ်ဒါဟာ ကောင်ကင်းက တိမ်တိုက်တွေပဲဖြစ်မယ်ဆိုတာ ဒါကြောင့်ငါပြောတာ လောကကြီးမှာ ငါ့အဘိုးလောက်အရပ်ရှည်တဲ့လူမရှိဘူလို့" မောင်လှစကားလဲဆုံးရော မောင်ဘ ဗိုက်ကို နှိပ်ပြီးခွက်ထိုးခွက်လန်ရီပြီးပြောတာကဒီလိုတဲ့ဗျာ "ဟေ့ကောင် မောင်လှ မင်းတော်တော်ရီစရာပြောတဲ့ကောင်ပဲကွ တကယ်တော့ ငါ့အဘိုးလောက် အရပ်ရှည်တာ ကမ္ဘာပေါ်မှာမရှိဘူးကွ ဘာလို့လဲဆိုတော့ တကယ်လို့မင်းအဘိုဟာ သူကိုင်မိလိုက်တာကိုမော့ကြည့်လိုက်မယ်ဆိုရင်တိမ်တိုက်တွေကြားက ငါ့အဘိုးရဲ့ ငယ်ပါ(နားနဲ့မနားမျက်လုံးလှလှလေးနဲ့ဖတ်ပါ)ဆိုတာသူမြင်လိုက်မှာပါကွ ဒီတော့ ဘယ်သူအရပ်ပိုရှည်တယ်ဆိုတာမင်းသိလောက်ပြီပေါ့ မောင်ဘရာ ဟားဟား"ဆိုပြီးသူတို့ရဲ့အကြွားဇတ်လမ်းလေးကို အဆုံးသတ်လိုက်ပါတယ်ခင်ဗျာ..............

အမှားအယွင်များရှိရင်နားလည်ပေးနိုင်ကြပါစေ
လွင်ပြင်လှိုင်းငယ်

4 comments:

  1. ဖတ်ပြီးရယ်သွားပါတယ်

    ReplyDelete
  2. ကိုကိုမောင်(ပန်းရနံ့)10 October 2011 at 15:18

    ဒီအဘိုးအို နှစ်ယောက် ဘာများ လုပ်နေတာပါလိမ့်ဆိုပြီး ငုံ့ကြည့်လိုက်မိသေးတယ်။ အောက်မှာ တိမ်တိုက်ကွယ်နေလို့ ရှင်းရှင်း မမြင်ခဲ့လိုက်ဘူး။ အခုမှ သဘောပေါက်တယ်။ ငပုအဘိုးအိုနှစ်ယောက် သူကြီးမင်း ဒူးဆစ်အောက်နားတင် တိမ်ဖမ်းတမ်း ကစားနေကြတာကိုးးးးးးးးးး။း))

    ခင်မင်လျှက်

    ReplyDelete
  3. ကြုံတုန်းလေးဝင်ကြွားလိုက်ဦးမယ် ဟိဟိ
    တို့ရွာက အိမ်ကြီးဘယ်လောက်မြင့်လဲဆို
    မွေးကင်းစကလေးလေးကြမ်းပေါက်ကျွံကျတာ
    အောက်လည်းရောက်ရော.ဆံပင်တောင်ဖြူနေသတတ်း)
    ပျော်ရွှင်ချမ်းမြေ့ပါစေရှင်
    ချစ်ခင်စွာဖြင့်

    ReplyDelete
  4. ဟီး..၇ီ၇တယ်နော်..
    အားပေးတွားပါတီ....

    ReplyDelete