Monday, 31 October 2011

တုနှိုင်းမမှီတဲ့ အလှပြင်ဆိုင်

လူရယ်လို့ ဖြစ်လာမှတော့
အလှအပဆိုတဲ့အရာကို ကြိုက်ကြစမြဲပေါ့
မိန်းကလေးတွေ မိတ်ကပ်လိမ်းသလို
ယောက်ျားလေးတွေလဲ မျက်နှာဂျီးချွတ်တာတော့ လုပ်တတ်ပါရဲ့ ။

သစ်ဆန်းတဲ့ပစ္စည်း ပြောင်မြောက်တဲ့ပညာ
သင့်ယူရူပါကို
မယ်ကုဝံမှသည် ပပ၀တီအလား
ကုသ နဲ့နင်လားငါလားတောင်
ခဏအတွင်းမှာ ဘရက်(စ်)ပစ်ထက် သားနားသွားအောင်
လုပ်ဆောင်နိုင်တဲ့ အလှပြင်ဆိုင်တွေက ဒုနဲ့ဒေးပေါ့ ။

တိုးတက်လွန်းတဲ့ ဒီခေတ်အခါမှာ
ကိုယ်ပိုင်ဆိုင်လေးတဆိုင်တော့ ဖွင့်ဖို့သင့်ပြီ မိတ်ဆွေ
ရုပ်အလှကိုပြင်ဆင်ဖို့ ပေးရတဲ့ငွေတွေ အချိန်တွေ
စိတ်ပင်ပန်းမှု့တွေကမနည်းပါလား
စိတ်အလှကိုပြင်ဆင်ဖို့တော့ မေ့နေသလားပဲနော် ။

ငွေကုန်ကြေးကျ အခမဲ့နဲ့
ကိုယ်ပိုင်နှလုံးသားထဲမှာ
ရိုးသားတဲ့ အခင်းအကျင်း
မြင့်မြတ်တဲ့ စက်ပစ္စည်းတွေနဲ့
လောကမှာ တုနှိုင်းမမှီတဲ့ အလှတရာကို ဖန်တီးပေးနိုင်တဲ့
"စိတ်အလှပြင်ဆိုင်"လို့ နာမည်တပ်ပြီး
ကိုယ်ပိုင် နှလုံးတွင်းဆိုင်လေးတော့ ဖွင့်သင့်ပြီ။


လွင်ပြင်လှိုင်းငယ်

6 comments:

  1. စိတ်ထားကို ဘယ်လိုလှအောင်ပြင်၇မလည်း..မောင်လွင်ပြင်ေ၇..
    စိတ်ထားတွေ..စိတ်ာထားတွေ

    ReplyDelete
  2. စိတ်ထားကိုတော့ အတတ်နိုင်ဆုံးပြင်နေရပါတယ်
    ဖတ်သွားပါတယ်ရှင် ကိုချမ်း စိတ်ကို မပြင်တတ်ဘူးလား
    ပြောပြမယ်နော် :P

    ReplyDelete
  3. အလွန်မှန်တဲ့စာသားလေးတွေပါပဲအစ်ကိုရေ
    ကိုယ်ကိုယ်တိုင်ကော..ပတ်ဝန်းကျင်အတွက်ပါ
    အသုံးဝင်မယ့်..အလှပြင်ဆိုင်လေးတွေ
    ဖွင့်နိုင်ကြပါစေ
    ဆန္ဒပြုလျှက်ပါ
    ချစ်ခင်စွာဖြင့်
    သမီးစံ

    ReplyDelete
  4. မောင်ချမ်းရေ
    လာခဲ့ငါပြင်ပေးမယ်။

    လွင်ပြင်ရေ
    ဒီလိုကဗျာကောင်းလေးတွေရေးတတ်လာပြီနော်။

    ReplyDelete
  5. စိတ်ထားဖြူစင်တဲ့၊ စိတ်ထားလှတဲ့သူဟာ
    ရုပ်အသွင်အပြင်ပါ ကြည်လင်ပြီး လှပနေတတ်ပါတယ်။ စိတ်အလှက ရုပ်အလှထက် ပိုတန်ဘိုးရှိတာ အမှန်ပါဘဲ။

    ReplyDelete
  6. ကောင်းလိုက်တဲ့ ကဗျာလေးပဲ ....:)

    ReplyDelete