Saturday, 18 February 2012

အလွမ်းများနှင့် ကခုန်ခြင်း

ဘ၀ စာပွဲဝိုင်းပေါ်မှာ

အလွမ်းတွေ ခင်းကျင်းပြီး

ကာရံ ပုလင်းထဲက

ဒဏ်ရာ နှစ်ချို့ဝိုင် တချို့

မျက်ရည်ခွက်ထဲ

လောင်းထည့်ပြီး
  မုသားချိုချိုတွေ ပြန်တမ်းတရင်း  လည်ချောင်းထဲကိုသွန်ချလိုက်တော့  ရင်ထဲမှာ  အလွမ်းကဗျာ တစ်ပုဒ် ဖြစ်သွားမလားပဲနော် ။ **********
ရင်ဘတ်အငှားနဲ့
 ကာရံတွေ စီနေရတဲ့ကဗျာဆရာတစ်ယောက်ဟာ ငါတို့ဖတ်ဖို့ ကဗျာတွေအတွက်နဲ့  အလွမ်းတွေ တိုက်စားလွန်းလို့ နှလုံးသား နံရံတွေကော ကျန်သေးရဲ့လား လွမ်းတိုင်းသာ ကဗျာတစ်ပုဒ်ဖြစ်မယ်ဆိုရင် မင်းအတွက် ရေးထားတဲ့ကဗျာ အုပ်ပေါင်းများစွာ  ငါပိုင်ဆိုင်ထားပြီပေါ့ ။ **********  မရေးပြတတ်တဲ့   ဝေဒနာ တချို့အတွက်နဲ့ မတီးတတ်တဲ့ ဂစ်တာကိုပုံစံမကျ  လက်မှာကိုင်ရင်း အလွမ်းများဆိုတဲ့ သီချင်းလေးကို  ညည်းနေမိတဲ့ငါဟာအရူးတစ်ယောက်လား ။   *********** 
အခြေအနေ မပေးလို့ တပြည်တရွာဆီဝေးမှ အလွမ်းက အိပ်ယာနိုးတာလား လူချင်းလဲ နီး စိတ်ချင်းလဲကပ်နေပေမယ့် မနေ့က   ချစ်စရာကောင်းတဲ့ မင်းအမူအရာတွေကို ဒီနေ့ ငါလွမ်းနေမိတာ ကဗျာတစ်ပုဒ်ဖြစ်နိုင်ပါ့မလား။ *********  လွင်ပြင်လှိုင်းငယ်

9 comments:

  1. အစ်ကိုလွင်ပြင်ကလည်း လွမ်းတတ်လိုက်တာ...
    မနေ့က အမူအရာကို ဒီနေ့လွမ်းတယ်ဆိုတော့ မလွန်လွန်းဘူးလား..
    မမစံပယ် ကံကောင်း၏ :D

    ReplyDelete
  2. ချစ်စရာကောင်းတဲ့ မင်းအမူအရာတွေကို ဒီနေ့ ငါလွမ်းနေမိတာ ကဗျာတစ်ပုဒ်ဖြစ်နိုင်ပါ့မလား။ ကဗျာလေးလန်းတယ် အားပေးသွားပါတယ်။

    ReplyDelete
  3. ကဗျာလေး လာအားပေးသွားတယ် လွင်ပြင်ရေ

    ReplyDelete
  4. ခုန်ကြ ခုန်ကြ..
    ဟ၀ါ ကျအောင် ခုန်လိုက်စမ်းဘာ..:D

    ReplyDelete
  5. လွမ်းတိုင်းသာကဗျာတစ်ပုဒ်ဖြစ်ရင်တဲ့

    တကယ်ကိုလှပတဲ့အသုံးအနှုံးလေးပါပဲ

    ReplyDelete
  6. သူတို့ဘဲလွမ်းနေတယ် သူများလွမ်းဖို့ထားကြပါဦးနော်း))

    ReplyDelete
  7. သူတို့တွေလုပ်တာနဲ့ ဘလော့ထဲက သူတွေတော့ အားကျပြိး အားကျ...:):)

    ReplyDelete
  8. လွမ်းတတ်လိုက်တာဗျာ...

    ReplyDelete
  9. မိုက်တယ် ဒီကဗျာက ...
    ရင်ဘတ်တွေတော့ ပါးနေလောက်ပြီ...

    ReplyDelete