Thursday, 9 February 2012

သုံးရာသီခရီး



ပူလောင်တဲ့နေမင်း
အလင်းအောက်က
အတ္တဖိနပ်တစ်ရံနဲ့
လျှောက်နေရတဲ့
ငါ့ပန်းတိုင်းက
အိပ်မက်လေးရှိရာ အရပ်သို့သာ ။

လျှပ်စီ မိုးကြိုး
ဆိုးလှတဲ့ မိုးသည်းချိန်တိုင်း
မာနထီးတစ်လက်နဲ့
ခရီးဆက်ခဲ့တာလဲ
အိပ်မက်ဆီတည့်တည့်
နင်ရှိမဲ့အရပ်ဆီသို့ပါ ။

ဆောင်းနံနက်ရဲ့
အအေးဒဏ်
အသည်းခိုက်အုံး
ရေခဲတောင်မှာ နင်ရှိရင်လဲ
နင့်ရဲ့ မေတ္တာအနွေးထည်လေး
ခပ်ထူထူဝတ်လို့
နင်ရှိမဲ့ဆီ အပြေးလာမည်
             မောင့်ရဲ့ချစ်သူ အိပ်မက်လေးဆီသို့ရယ်  ။


လွင်ပြင်လှိုင်းငယ်






Friends18.com Orkut Scraps

11 comments:

  1. ကဗျာလေးက လှလိုက်တာဗျာ. .. ။ အတုယူ
    ဖတ်ရှုသွားပါကြောင်း....။

    ReplyDelete
  2. ကဗျာလေးက လှလိုက်တာဗျာ. .. ။ အတုယူ
    ဖတ်ရှုသွားပါကြောင်း....။

    ReplyDelete
  3. ကဗျာလေးအားပေးသွားပါတယ်ဆောင်းနံနက်ရဲ့
    အအေးဒဏ်
    အသည်းခိုက်အုံး
    ရေခဲတောင်မှာ နင်ရှိရင်လဲ
    နင့်ရဲ့ မေတ္တာအနွေးထည်လေး
    ခပ်ထူထူဝတ်လို့
    နင်ရှိမဲ့ဆီ အပြေးလာမည်
    မောင့်ရဲ့ချစ်သူ အိပ်မက်လေးဆီသို့ရယ် ။

    ReplyDelete
  4. ချစ်စရာကောင်းလိုက်တဲ့ကဗျာလေး.. ကိုလွင်ပြင်ရယ်..ရေးတတ်ပါ့...

    ReplyDelete
  5. ကဗျာလေးကောင်းတယ်ဗျာ အားပေးခဲ့တယ်နော်

    ကန်သတ်ချက်ထဲက (လွမ်း)

    ReplyDelete
  6. သုံးရာသီလုံးလွမ်းနေတယ်ဆိုတာတော့ နည်းနည်းလွန်တာပေါ့ အကိုရယ်... :P
    ကဗျာလေး ခံစားခဲ့တယ်ဗျို့...

    ခင်မင်လျက်
    Junemoe

    ReplyDelete
  7. ဟိုကလဲ ကြိုနေပါသတဲ့ အစ်ကို... အစ်မဂျက်က ဖြေးဖြေးလာပါတဲ့ ချော်လဲမှာစိုးလို့ တဲ့...

    ReplyDelete
  8. ဆောင်း၊ နွေ၊ မိုး ရာသီတွေ
    အလီလီပင် ပြောင်းစေပေါ့
    ကိုလွင်ပြင် ပန်းတိုင် မယိမ်းပါဘု
    အိပ်မက်သခင် မဂျက်ဆီသို့သာဖြင့်
    ပြေးလာမယ် ကြိုနှင့်တော့

    လက်တွဲကာညီ.
    နှစ်အလီလီတွေ ကြာစေဦး
    တူမခွဲတဲ့ ဒီမောင်နှံ
    နှစ်ရာကျော် ရှည်စေကြောင်း

    မောင်အွတ်ထောင် ပို့မေတ္တာ
    တောင်းဆုချွေဒီစကား
    အမှာတော်ပါးလိုက်သည်
    ခွန်းဆင့် ခြွေသား

    အမည်မဖော်လိုသူ တစ်ဦး :)

    ReplyDelete
  9. မေတ္တာအနွေးထည်လေး ခပ်ထူထူဝတ်ထားရတယ် လွင်ပြင်ရေ..အေးလွန်းလို့ ..

    ReplyDelete
  10. ချစ်တက်သူတွေရဲ့ ချစ်သူဖြစ်ရတာ ကျေနပ်ဖို့ ကောင်းလှပါဘိ အကို....ရေ..

    ReplyDelete
  11. သုံးရာသီလုံးလွမ်းနေရတယ် ကိုလွင်ပြင်လှိုင်းငယ်ရေ

    ReplyDelete