Wednesday, 15 February 2012

ကြိုးလေးတစ်ချောင်း နဲ့ ချစ်ခြင်းတွေပေါင်းတော့

အိပ်မက်လေးရေ
လမင်းပေါ်မှာထိုင်ပြီး
သမုဒ္ဒရာကြမ်းပြင်ထက်က
ရွှေငါးလေးမြှားချင်ပေမယ့်
ကြိုးမရှိတဲ့ အဖြစ်မို့
 စိတ်ညစ်မနေပါနဲ့
လိုအပ်မယ် ဆိုရင်
မောင့် သံယောဇဉ်ကြိုးလေးကို
ငါမြှားတံထိပ်မှာတပ်
လမင်းထက်ကနေ ပစ်ချလိုက်ပါ
သမုဒ္ဒရာကြမ်းထက်ရောက်ယုံမက
ဆယ်ပြန်ကမတောင် ပိုရှည်နေပါလိမ့်မယ် ။

အိမ်မက်လေးရေ
အလှဲလှဲ အပြိုပြိုဖြစ်နေတဲ့
ကမ္ဘာကြီးမြေကြီးကို 
စုစည်းချည်နှောင်ဖို့
ကြိုးတစ်ချောင်းလောက်အတွက်နဲ့တော့
စိတ်ပျက် အားငယ်မနေပါနဲ့
မောင် အိပ်မက်လေးအပေါ်ထားတဲ့
သံယောဇဉ်ကြိုးနဲ့သာ ချည်နှောင်လိုက်ပါ
ဒီထက်ခိုင်ခံတဲ့ကြိုး
 ဒီကမ္ဘာပေါ်မှာရှိမယ် မထင်ပါဘူး  ။

အိပ်မက်လေးရေ
နင့်အပေါ်မှာထားတဲ့ မောင့်ချစ်ခြင်းတွေ
စီရီပြီး
မဟာတံတိုင်းနဲ့နှိုင်းယှဉ်ကြည့်လိုက်ပါ
မဟာတံတိုင်းဟာ 
မောင့်အချစ်တွေနဲ့နှိုင်းယှဉ်ကြည့်လိုက်ရင်
ခြံစည်းရိုး 
သာသာလောက်သာဖြစ်သွားလိမ့်မယ်ဆိုတာ
အဖြေရှာစရာမလိုတဲ့
သေချာတဲ့ မြင်ကွင်းတစ်ခုပါ ။

အိပ်မက်လေးရေ
နင့်ကိုချစ်တဲ့အကြောင်း
သံယောဇဉ်တွေပေါင်းပြီး စာဖွဲ့ပေမယ့်လဲ
ရင်ထဲက အချစ်ကိုမှီဖို့
အကြိမ်တစ်ရာသေပြီး
အခါ တစ်သောင်း လူဖြစ်ပြီးတော့
ကဗျာတွေစပ်
စာတွေထပ်ရင် ထပ်သွားလိမ့်မယ်
နင့်ကို ချစ်ကြောင်းကဗျာတစ်ကြောင်းတော့
ငါဘယ်သောခါမှ စပ်နိုင်မှာ မဟုတ်တာ
သေချာပါတယ် ချစ်သူရာ  ။

(ကဗျာဟောင်းလေးကို ပြင်ဆင်ရေးသားပြီး ပြန်တင်ခြင်းဖြစ်ပါသည်။)
လွင်ပြင်လှိုင်းငယ်

14 comments:

  1. ကဗျာတွေစပ်လို့ စာတွေထပ်သွားရင်တောင် အချစ်ကဗျာတော့ မစပ်နိုင်ဘူးတဲ့လားအကို....
    :):)

    ReplyDelete
  2. ချစ်တတ်လိုက်ကြတာဗျာ... အားကျတယ်... တကယ်...

    ReplyDelete
  3. နူးနူးညံ့ညံ့ကဗျာလေး... ကဗျာပိုင်ရှင်မလေးတော့ ကဗျာလေးဖတ်ပြီးရင်ခုန်နွေးတွေးနေမှာပဲ...

    ခင်တဲ့
    ဝသုန်

    ReplyDelete
  4. နင့်ကိုချစ်တဲ့အကြောင်း
    သံယောဇဉ်တွေပေါင်းပြီး စာဖွဲ့ပေမယ့်လဲ
    ရင်ထဲက အချစ်ကိုမှီဖို့
    အကြိမ်တစ်ရာသေပြီး
    အခါ တစ်သောင်း လူဖြစ်ပြီးတော့
    ကဗျာတွေစပ်
    စာတွေထပ်ရင် ထပ်သွားလိမ့်မယ်..တဲ့
    ဖတ်ရင်းနဲ့ ပြုံးမိသွားတယ်...။

    ReplyDelete
  5. မိုက်လယ်ကွယ် ဂယ်ပဲ အားကျလယ်ကွယ်

    ReplyDelete
  6. အချစ်ကဗျာလေးတွေက ဘယ်အချိန်ဖတ်ဖတ် ကြည်နူးဖို့ ကောင်းတယ် လွင်ပြင်ရေ..

    ReplyDelete
  7. သေချာပါတယ် သူဟာသူမကိုချစ်တယ်ဆိုတာ စစ်မေးစရာတောင်မလိုပါး))


    ခင်မင်လျှက်

    မဒိုးကန်

    ReplyDelete
  8. ကဗျာထဲက ချစ်ခြင်းအင်အားတွေဘယ်လောက်ကြီးမားလဲဆိုတာ ထင်းထင်းမြင်နေရတယ်...။

    ReplyDelete
  9. အိပ်မက်လေးရေ တဲ့..
    ချစ်စရာ ကောင်းလိုက်တာ..

    ReplyDelete
  10. ကဗျာလေးဖတ်သွားတယ်
    အောက်ဆုံးပိုဒ်လေးအကြိုက်ဆုံးပဲ..:)

    ReplyDelete
  11. ကဗျာလေး ကောင်းတယ် ဗျာ ...
    ချစ်တဲ့ အကြောင်းကို ကဗျာ မစပ်နိုင်လို့ 
    နောက်ထပ် ကဗျာ တွေ မစပ်ပဲ လည်း မနေ နဲ့ အုန်း နော် ..

    ဒီလို ကဗျာ လေးတွေ ဖတ်ရရင် စိတ်ထဲ ပျော်နေမိ တာအမှန်ပဲ ...

    ရောဂါ တူ တယ်လေ .... အဟီး

    ReplyDelete
  12. သူတို့တွေ ပျောက်လှတယ် ထင်တာ လမ်းပေါ်မှာ ရွှေငါး သွားမျှားနေကြတာကိုး :D

    ReplyDelete
  13. မဟာတံတိုင်းဟာ
    ခြံစည်းရိုး
    သာသာလောက်သာဖြစ်သွားလိမ့်မယ်ဆိုပဲ
    မည်သို့ပင်ရေးလိုက်သည်မသိ
    မဟာတံတိုင်းဟာခြံစည်းရိုးပါတဲ့

    ReplyDelete