Saturday, 11 February 2012

လွင်ပြင် + စံပယ်=?

အများကြီး ချစ်မိရင်တော့ တအား
ရင်နာရ တတ်ပါတယ်တဲ့
သံယောဇဉ်တွေက ခပ်ကြီးကြီး
ဘ၀မှာ 
အထီး မကျန်ရလေအောင်
ရင်ဘတ်ကိုဖွင့်ပြီး
နှလုံးသားထဲက အကြင်နာကို
အားပါးတရ ပေးလိုက်ပါတယ်
ရော့ ယူလိုက်ပါတော့
ချစ်သူ-----------------
ငါ့မျက်ရည်တစ်စက် က
ရေအေးတစ်ခွက်ဖြစ်ခဲ့ရင်
ချစ်သူ အမောပြေသောက်သုံးဖို့
အဲဒီ မျက်ရည် အမြဲကျပေးနေမိမယ်
ချစ်သူ-------------------
ငါ့ ရဲ့ အပြုံးဟာ မင်းအတွက်
ဗီတာမင်ဆေးဖြစ်ခဲ့ရင်လဲ
မင်းအားဖြစ်စေဖို့အတွက်
သုံးရာသီလုံး ငါပြုံးနေပါ့မယ်
ချစ်သူ---------------------
ဘာအတွက်ပဲ ဖြစ်ဖြစ်
အပြစ်မယူ
ချစ်ခြင်းတွေတူညီစွာနဲ့
ရာသက်ပန် လက်တွဲ ဖို့ကို
ဒီတစ်သက် မခွဲပဲ
ဘ၀ရဲ့ နောက်ဆုံး အချိန်ထိ
တစ်ယောက် စိတ်ရင်း
တစ်ယောက် သိပြီး
နားလည်မှုတွေနဲ့
ပေါင်းစပ်ပါရစေတော့ ။

jasmine(တောင်ကြီး)
အများကြီးချစ်ပေမဲ့
အမှားမရှိတဲ့ 
ရင်ခုန်သံမို့
ရင်နာစရာလဲ မရှိခဲ့ပါဘူး 
သံယောဇဉ်တွေ
တနင့်တစ်ပိုးနဲ့
ကျော်ဖြတ်ရတဲ့ ဘ၀မှာ
အထီးကျန်မှု့မရှိသူမို့
မင်းအုပ်စိုးတဲ့ အချစ်နန်းတော်သို့
ရှိသမျှ မေတ္တာ
ထားသမျှ အကြင်နာကို
ပစ်သွင်းလိုက်ပါ ချစ်သူ
ဖမ်းယူမယ့်သူ...........

နင့်မျက်ရည် တစ်စက်နဲ့
ငါအသက်ဆက်ရမယ်ဆိုရင်တောင်
နင့်မျက်ရည်တစ်စက် ငါမကြည့်ရက်လို့
သေမင်းဆီသွား 
ပြုံးပြနှုတ်ဆက် အသက်ထွက်ပေးပါ့မယ်
မျက်ရည်တစ်စက်တော့ မထွက်လိုက်ပါနဲ့  ချစ်သူ

မင်းအပြုံး တစ်ပွင့်နဲ့
ငါ့မနက်ခင်းတွေ
သစ်လွင်နေလေတော့
နေ့နေ့ ညည
မိုးရွာရွာ နေပူပူ
သံသရာအဆက်ဆက်
မင်းအပြုံးကို ယူသုံးချင်လို့
ခွင့်ပြုပါ ချစ်သူ 

ချစ်သူတွေမို့
အပြစ်ယူစရာ
ဗိုင်းရပ်(စ်) တစ်ကောင်မျှတောင်
မရှိနိုင်လို့
ချစ်ခြင်းတွေထပ်
ဘ၀များစွာဖြတ်လို့
နင့်စိတ်နဲ့ ငါ့ကိုယ်
အလိုမတူစရာ မရှိတာမို့
နားလည်မှု့ သရဖူးဆောင်း
ဘ၀တိုင်းမှာ ပေါင်းပါရစေလား ချစ်သူ ။

လွင်ပြင်လှိုင်းငယ်


jasmine၏ ခံစားချက်နှင့် လွင်ပြင်ခံစားချက်ကို ညီမျှခြင်းချသည် ။
အဖြေကို စိတ်ကြိုက် ရေးသွားနိုင်ပါသည်။

25 comments:

  1. လွင်ပြင်+စံပယ်=လွင်ပြင်စံပယ်
    (ဘာခက်တာမှတ်လို့နော်း)

    ReplyDelete
  2. တော်ပါတယ်ဆိုမှ အလှပေါ်အယဉ်ဆင့်နေသေးတယ်.။ ဟိဟိ.
    အားတောင်ကျလာပြီ.။

    ReplyDelete
  3. ဟုတ်နေတာဘဲ နှစ်ယောက်သား...

    camomilla

    ReplyDelete
  4. လွင်ပြင်နဲ့စံပယ်ပေါင်းရင်
    စံပယ်လွင်ပြင် ရတာပေါ့ ဗျ
    ကဗျာက နှစ်ခုစလုံး ရေလည် မိုက်တယ်

    ReplyDelete
  5. အဖြေက အချစ်ပါခင်ဗျာ။ ကြိုက်တယ်ဗျာ။ ရင်ခုန်သံချင်း အင်အားပြိုင်ထားတာ။

    ReplyDelete
  6. ချစ်သူများနေ့ေ၇ာက်တော့မယ်နော်မသိသလိုလုပ်မနေနဲ့လေ

    ReplyDelete
  7. ကဗျာလေးနှစ်ယောက်ပေါင်းတစ်ပုဒ်ကို ရင်ခုန်ကြည်နူးစွာ ဖတ်ရှုသွားပါတယ်။ :)

    ReplyDelete
  8. ကဗျာလေး မိုက်တယ်ကွာ..
    လွင်ပြင်+စံပယ်= စိတ်တူကိုယ်တူ :D

    ReplyDelete
  9. စပယ်+လွင်ပြင်=စပယ်လွင်ပြင်
    စပယ်တွေဖွေးဖွေးလှုပ်ပွင့်လန်းနေတဲ့
    လွင်ပြင့်ရင်ခွင်မှာ
    ကြင်နာခြင်းအတိပြီးတဲ့ ချစ်ခြင်းရနံ့တို့ သင်းပြန့်ပါစေသား..

    ReplyDelete
  10. အချစ်ပြိုင်ရင်း သူပိုချစ်တယ် ငါပိုချစ်တယ်နဲ့ ရန်လည်း မဖြစ်ကြနဲ့ဦးနော်... :)

    ReplyDelete
  11. လွင်ပြင်+စံပယ် = အားကျနှစ်လိုဖွယ်ချစ်စရာကဗျာချိုချို

    ReplyDelete
  12. ချစ်တက်သူတွေရဲ့ ချစ်ခြင်းတွေက အစဉ်ထာဝရ လှပနေတက်တာ အားကျစရာပါလားနော်...

    ReplyDelete
  13. လွင်ပြင်+စံပယ်= အင်းပေါ့ သူတို့ ကတော့ ပြောအားရှိတာပေါ့လို့ ...

    ReplyDelete
  14. လွင်ပြင်+စံပယ်=စံပယ်လွင်ပြင် :)

    ReplyDelete
  15. အရမ်းကို လိုက်ဘက်တဲ့ဇနီမောင်နှံတွေပါလားနော်
    ကာရံကိုညီလို့ ပျော်ရွှင်နိုင်ကြပါစေ

    ReplyDelete
  16. အဟမ်းး အဟမ်း အဟမ်း အီးကွဲ စံပယ် အီးကွဲ လွင်ပြင် အီးကွဲ အချစ်း)))))

    ချစ်တဲ့

    မဒိုးကန်

    ReplyDelete
  17. လွင်ပြင်+စံပယ်= ဘေဘီစံပယ်လွင်ပြင်

    သဘောပေါက်တော့နော့...ပီားးပီား:P

    ReplyDelete
  18. စံပယ်+လွင်ပြင်=ချစ်ခြင်းအသင်္ချေ

    ReplyDelete
  19. တစ်ယောက်ပေါ်တစ်ယောက် နက်နက်ရှိုင်းရှိုင်း ချစ်ခြင်းတွေကို ခံစားသွားတယ်နော်
    ကဗျာတွေမရေးတက်ပေမယ့် ဖတ်ရတာ ကြိုက်လို့ လင့်ချိတ်အုန်းမယ်နော်

    ReplyDelete
  20. ၂ပုဒ်+ ၁ပို့စ် = 2 IN 1

    ReplyDelete
  21. နှစ်ယောက်ပေါင်းပြီး ကဗျာရေးထားတာမိုက်တယ်။
    အရေးအသားပိုင်းမှာ နှစ်ယောက်သားပြိုင်လိုက်ကြတာ
    အဖျားတောင် တက်ချင်ချင် ဖြစ်မိပါရဲ့ လို့  ပြောကြားရင်း...
    ထော်ဦး

    ReplyDelete
  22. နှစ်ယောက်ပေါင်းပြီး ကဗျာရေးထားတာမိုက်တယ်။
    အရေးအသားပိုင်းမှာ နှစ်ယောက်သားပြိုင်လိုက်ကြတာ
    အဖျားတောင် တက်ချင်ချင် ဖြစ်မိပါရဲ့ လို့  ပြောကြားရင်း...
    ထော်ဦး

    ReplyDelete
  23. နှစ်ယောက်ပေါင်းပြီး ကဗျာရေးထားတာမိုက်တယ်။
    အရေးအသားပိုင်းမှာ နှစ်ယောက်သားပြိုင်လိုက်ကြတာ
    အဖျားတောင် တက်ချင်ချင် ဖြစ်မိပါရဲ့ လို့  ပြောကြားရင်း...
    ထော်ဦး

    ReplyDelete
  24. ကဗျာလေးတွေက အရမ်းချစ်ဖို့ ကောင်းလိုက်တာ
    ကြည်နူးရလွန်းပါတယ်... အဖြေကတော့
    လိုက်ဖက်ညီတဲ့ စုံတွဲရဲ့ ရင်ခုန်သံနှစ်ခု ထပ်တူပြုထားတာပါ
    ပျားရည်ပေါ် သကာလောင်းသလို
    ချိုမြ လွန်းပါတယ်

    ဒီလိုစုံတွဲတွေ အချစ်အားပြိုင်ထားတဲ့ကဗျာဖတ်ရတော့
    အားကျသလိုလို ကိုယ့်ကိုကိုယ်မကျေနပ်သလိုလို ပဲဗျ :P

    ReplyDelete
  25. ကဗျာလေးတွေက အရမ်းချစ်ဖို့ ကောင်းလိုက်တာ
    ကြည်နူးရလွန်းပါတယ်... အဖြေကတော့
    လိုက်ဖက်ညီတဲ့ စုံတွဲရဲ့ ရင်ခုန်သံနှစ်ခု ထပ်တူပြုထားတာပါ
    ပျားရည်ပေါ် သကာလောင်းသလို
    ချိုမြ လွန်းပါတယ်

    ဒီလိုစုံတွဲတွေ အချစ်အားပြိုင်ထားတဲ့ကဗျာဖတ်ရတော့
    အားကျသလိုလို ကိုယ့်ကိုကိုယ်မကျေနပ်သလိုလို ပဲဗျ :P

    ReplyDelete