Friday, 3 February 2012

နှလုံးသားအရှင်သခင်

 
အချစ်တစ်ခု အရင်းပြုပြီး

သစ္စာကို အုတ်မြစ်ချ

မေတ္တာတံတိုင်း ခိုင်ခိုင်ဆောက်လို့ရယ်

သံယောဇဉ်သွေးမျှင်တွေ ချီနှောင်ထားတဲ့

အတ္တအကင်းဆုံး ဒီနေရာ

မာန်မာနမဲ့တဲ့ ဒီဧရိယာ

ရိုးသားခြင်းကို ဘုရားတစ်ဆူးလို
 
ကိုးကွယ်ထားလို့

လိမ်ညာစကားတွေဒီမှာမထားပဲ

ချစ်ခြင်းတရားတွေကို အမိုးလုပ်

ကြင်နာခြင်းတွေ ကာရံထားတဲ့

နှလုံးသားမြို့တံခါး
 
မင်းအတွက် သီးသန့်ထားတာမို့

ဖြေးဖြေးခြင်း လှမ်းဝင်ခဲ့ပါ

နှလုံးသား အရှင်သခင်

အိပ်မက်ရှင်လေးရယ် ။



လွင်ပြင်လှိုင်းငယ်



19 comments:

  1. ကဗျာလေး လာဖတ်သွားတယ်...း)

    ReplyDelete
  2. အဲထှာ ကဗျာအဟောင်းမဟုတ်လား-----

    ReplyDelete
  3. တိန်း အဟောင်းက သူများဖတ်ရသေးဝူးလေ
    သဲဘုစုခရု ပဲဖတ်ရသေးတာဟုတ်ဝူးလား

    ReplyDelete
  4. ဟုတ်သားပဲ.“သဲဘုစုခရုလေး”ကလည်း
    သများတွေ.မဖတ်ရသေးဘူးလေး)

    ဖြည်းဖြည်းခြင်းလှမ်းဝင်ခဲ့ပါ
    အိပ်မက်ရှင်လေး..
    အုပ်တတိုင်းက..ဘိလပ်မြေမခြောက်သေးလို့ပါး)

    ရေးတတ်သူက..အရေးကောင်းတော့
    ဖတ်တဲ့သူတောင်.ဇောက်ထိုးမိုးမျှော်ဖြစ်သွားပါတယ် :D

    လေးစားလျှက်..
    သမော်ဒီး

    ReplyDelete
  5. ကဗျာကောင်းလေးလာဖတ်သွားတယ်ကိုကြီးရေ

    ReplyDelete
  6. ကဗျာကောင်လေးဖတ်ခဲ့တယ်အကိုရေ
    ခင်မင်စွာခြင့် (လွမ်း)

    ReplyDelete
  7. လာပြီနော် .. ဖြည်းဖြည်းချင်း ၀င်လာပြီ :D

    ReplyDelete
  8. ဖြည်းဖြည်းပဲ ဝင်လာတယ်နော်...

    ReplyDelete
  9. ဟိုကဖြင့် ၀င်ပြီးနေပြီ ဟီးဟီး
    ကဗျာကောင်းလေးပါ :D

    ReplyDelete
  10. သဲဘုစုခရု အတွက်က အဟောင်း..တို့ များအတွက်ကတော့ အသစ်..ကဗျာလေးက ကောင်းတယ် လွင်ပြင်ရေ..

    ReplyDelete
  11. ခံစားအားပေးသွားတယ်အစ်ကို.. သိပ်ကောင်းတဲ့ကဗျားလေးပါ ဆက်ရေးပေးပါဦး..

    ReplyDelete
  12. ဟိုး...အပေါ်က အစ်မက သူဖတ်ပြီးသွားတာနဲ့ အဟောင်းဖြစ်ရရောလား... ကဗျာလေး ဖတ်လို့  ကောင်းတယ် အစ်ကို...

    ReplyDelete
  13. ကဗျာလေး ခံစားသွားပါတယ် ခင်ဗျာ... :)

    ReplyDelete
  14. ကဗျာလေးက
    ဟောင်းတယ်ဆိုပေမဲ့လည်း
    ကောင်းပါတယ်ကွယ်

    ခင်တဲ့ ပစ်ပစ်

    ReplyDelete
  15. အေးလေ...အဟောင်းလဲ ကောင်းနေတာကိုး မမကတော့လေ...:):)

    ReplyDelete
  16. ကဗျာကောင်းလေးကို ဖတ်သွားခဲ့ပါတယ်ရှင်။

    ReplyDelete
  17. ဘုစုပက်ကျိရောမဖတ်ရသေးဘူးလားး)
    ကဗျာလေးကိုလာခံစားသွားတယ်အကိုရေ
    ခင်တဲ့

    မဒိုးကန်

    ReplyDelete
  18. ဟုတ်သားပဲ..
    နတ်နတ်လည်းမဖတ်ရသေးဝူးးးးးး

    ReplyDelete
  19. ဟောင်းဟောင်း သစ်သစ် ဖတ်သွားပီဗျို့... ရန်ဖြစ်နဲ့နော် တိုတိုနဲ့ မမ.. :P

    ချစ်ခင်လျက်
    Junemoe

    ReplyDelete