ငါသည် ငါဖြစ်ဖို့
ငါကိုယ်တိုင်
ငါ့ရာဇ၀င်ကို
ငါပိုင်တဲ့ ငါ့ဘ၀စာမျက်နှာမှာ
ငါနဲ့ဆိုင်တဲ့အကြောင်းတွေ
ငါပိုင်ခဲ့တဲ့ ဒုက္ခ သုခတွေကို
ငါ့နှလုံးသွေးနဲ့ ရေးရဲရမည် ။
ငါသည် ငါဖြစ်သောကြောင့်
ငါ့ထက်တော်သူကို အားကျမိ၏
ငါ့ထက် ညံ့သူကို ငါ့ထက်တော်စေချင်၏
ငါလျှောက်မယ့်လမ်း ခယောင်းလမ်းဖြစ်ချင်ဖြစ်ပါစေ
အများလျှောက်တဲ့ လမ်းတော့
စိန်စီပြီး ဖဲခင်းတဲ့ လမ်းကောင်းလေးပဲ ဖြစ်စေချင်တာ
ငါ့ဆန္ဒမှန်ပါ ။
ငါသည် ဓါးသွေးကျောက်ဖြစ်ချင်၏
ငါသာ ပါးသွားပေမယ့် အများ ထက် တော့ ငါပျော်၏
ငါသည် လမ်းဘေးက ရေချမ်းစင်လေးလဲ ဖြစ်ချင်၏
အမြင်မလှပေမယ့် သူတပါး ရင်တော့ အေးစေ၏
ငါသည် ဇရပ်လေးလဲဖြစ်ချင်၏
အခင်းနွမ်းနေပေမဲ့ ခဏတာ အများအတွက် နားစရာတော့ရ၏ ။
ငါသည် စာပေ ကဗျာလေးတောင် မရေးတတ်ပေမယ့်
ရသ ကိုခံစားတတ်၏
ကဗျာဆရာလက်ကို တန်ဖိုးထား၏
ငါသည် ဝေဖန်ရေးကို အားပေး၏
မနာလိုခြင်းကို ရွံမုန်း၏
ငါသည် အပြစ်ကင်းသော သူတော်စင်မဟုတ်ပေမယ့်
လူတွေကိုတော့ အပြစ်ကင်းတဲ့ လူတော်တွေဖြစ်စေချင်၏ ။
ငါသည် ငါဖြစ်သောကြောင့်
ငါ့ဘ၀ကို ငါခြယ်သပြီး
ငါဆေးရောင်က မလှပရင်
ငါ့ချစ်သူနင်နှင့် သင်တို့က
ငါ့အတွက် အရောင်ကောင်းလေးပြောခဲ့ပါ ။
လွင်ပြင်လှိုင်းငယ်
အားပါးပါး.. ဘယ်လိုတွေရွေးပြီးတော့များ
ReplyDeleteပစ်ထည့်ထားတာလည်းအကိုရာ. .
ကောင်းတယ်...အရမ်းပဲ...။
ချစ်သူကိုအရင်ရွေးချယ်ပါစေလေ..(မစ္စဂျက် ဘာအရောင်ရွေးမလဲ)
ReplyDeleteငါသည်ပြောရမယ်ဆို ကောင်း၏ :)
ReplyDeleteငါသည် ငါဖြစ်သောကြောင့်
ReplyDeleteငါ့ဘ၀ကို ငါခြယ်သပြီး
ငါဆေးရောင်က မလှပရင်
ငါ့ချစ်သူနင်နှင့် သင်တို့က
ငါ့အတွက် အရောင်ကောင်းလေးပြောခဲ့ပါ ။
ဒီအပိုဒ်လေး အကြိုက်ဆုံးပဲ..
ကဲ ... မမရေ..ပြောပြလိုက်လေ.. ဘာအရောင်ကောင်းလဲဆိုတာ...
နော်ကတော့ အဖြူလေးက အကောင်းဆုံးလို့မြင်တယ်..ဟိ
ခင်မင်လျက်
Junemoe
အရောင်တိုင်းကတော့နှစ်သက်စရာတွေချည်းပါပဲလေ...
ReplyDeleteအင်း..
ReplyDeleteရောင်စုံသာချယ်ပစ်လိုက်ဗျာ :
ကောင်းလိုက်တဲ့ ကဗျာလေး
ReplyDeleteမချယ်ရသေ တာကို ...တော်တော် လှနေပြီ .... နောင်တော်
ReplyDelete