ခရေ ဆိုတာ
ပင်ထက် မဝေ
မြေမှာသာကြွေတဲ့ပန်းပါ ။
ခရေ ဆိုတာ
နန်းထိုက်မ၀င်
အလှယဉ်တဲ့ မြေခပန်းပါ ။
ခရေ ဆိုတာ..........
ဦးထက်မပန်ဆင်............
နင်းလို့သာခြေကြတဲ့ပန်းပါ......
ခရေ ဆိုတာလေ
ဘယ်လောက်ပင်ကြွေကြွေ
ဘယ်လောက်ပင် ချေချေ
ညှိုးနွမ်းလို့ ကြွေတဲ့အထိ
သင်းရနံ့မပြယ်သော
လောကကြီးထဲက
မာယာ ကင်းတဲ့
တစ်ပွင့်ထဲသော ပန်းကလေးရယ်ပါ ။
ဘယ်လောက်ပင် ချေချေ
ညှိုးနွမ်းလို့ ကြွေတဲ့အထိ
သင်းရနံ့မပြယ်သော
လောကကြီးထဲက
မာယာ ကင်းတဲ့
တစ်ပွင့်ထဲသော ပန်းကလေးရယ်ပါ ။
မိုးစက်ငယ်
အားပေးသွားပါတယ်အစ်ကို..
ReplyDeleteခရေ..ပန်းဆိုလို့..
ခရေပန်းကြိုက်တဲ့တစ်ယောက်သောသူကို
တောင်သတိရမိပါသေးတယ်..း)...။
ပန်းခရေကို သီကုံးဖွဲ့ပြသွားတာ ချစ်စရာလေး...
ReplyDeleteခံစားအားပေးလျှက်ပါအကို..
ကဗျာလေးလည်းကြိုက်တယ်ခရေလဲကြိုက်တယ်
ReplyDeleteကဗျာလေးကောင်းတယ်ဗျာ
ReplyDeleteသဇင်ပန်းလိုနန်းမထိုက်ပေမယ့် ခရေရဲ့အတွင်းမနောကို
ReplyDeleteပင်မြင့်ကသဇင်မမှီပါဘူး လွင်ပြင်လေးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ခရေပန်းကဗျာလေး ကောင်းလိုက်တာ.. ခရေပန်းလေး ရှုချင်စိတ်ပေါက်သွားတယ်.. :)
ReplyDeleteခင်မင်လျက်
Junemoe
အားပေးလျှက်ပါအစ်ကိုရေ လေးစားခင်မင်လျှက် (လွမ်း)
ReplyDeleteကဗျာလေးဖတ်သွားတယ်ကိုကြီးရေ
ReplyDeleteမိုးစက်ငယ်ရဲ့ ခရေကဗျာလးဖတ်ပြီး မြတ်ငယ်ငယ်တုန်းက တန်းစီရေးဖူးတဲ့ ခရေကဗျာတွေကို သတိရမိတယ်။
ReplyDelete