Tuesday, 24 January 2012

ဆန္ဒမှန်

ငါ့ရဲ့ အတ္တတွေနဲ့
နိုးထတဲ့ နံနက်တိုင်းမှာ
နင်ငိုနေမလား ချစ်သူ  ။

ရင်ထဲကစကားနဲ့
နှုတ်ဖျားက ထွက်လာတဲ့ စကာလုံးတွေက
ဘာကြောင့်များ တစ်ထပ်တည်းမကျရတာလဲ
နှုတ်ဖျားက စကားလုံးတိုင်းဟာ
နင်နာကျင်စေပေမဲ့
ရင်ထဲမှာတော့ နင်ဟာ ကြင်နာသူပါ  ။

ငါမျက်ရည်ကျမှ နင်စိတ်ချမ်းသားလားလို့
မျက်ရည်တွေကြားက ၀မ်းနည်းသံနဲ့ နင်မေးတိုင်း
ငါ့ရင်မှာ တဆစ်ဆစ်နာကျင်စွာ
ရင်ထဲကငိုကြွေးသံနင်ကြားရဲ့လား ချစ်သူ  ။

နင့်အမြင်မှာ ငါဟာ အေးစက်မာကျော
ရက်စက်တတ်တဲ့ နှလုံးသား ပိုင်ရှင်လား
ငါ့အကြည့်ဟာ အေးစက်နေပေမဲ့
ငါ့မျက်ဝန်းကတော့ နင့်အပေါ် အနူးညံ့ဆုံးပါ  ချစ်သူ  ။

ကြင်နာခြင်းနဲ့ ယုယခြင်းဟာ
နင့်အပေါ် နတ္တိလို့နင့်တွေးပြီး ၀မ်းနည်းနေလား
နှစ်ခြိုက်စွာ အိပ်ပျော်နေတဲ့ နင့်ကို
နဖူးထက် ဖွဖွလေး အနမ်းလေးပေးပြီး
နင့်ရဲ့ ခေါင်းလေး ပွတ်သပ်ပြီး
နင့်မျက်နှာလေးကို မှန်လိုကြည့်နေတတ်တာ ညတိုင်းပါ  ချစ်သူ  ။

မဖြစ်နိုင်တဲ့ စကားတွေ နင်ပျော်အောင်မပြောတတ်ပေမဲ့
နင်ဖြစ်ချင်တဲ့ ဆန္ဒတွေတော့
မဖြစ် ဖြစ်အောင် ဖန်တီးတတ်တာတော့
ငါ့ရင်ထဲက ဆန္ဒအမှန်ပါ  ချစ်သူ  ။

ငါ့ရဲ့ အမူအရာဟာ ပေါ့ပျက်ပျက်လို့နင်ထင်ပေမဲ့
အနက်ရှိုင်းဆုံး နှလုံးသားတနေရာမှာတော့ နင်ဟာ ဘုရင်မတပါးပါ
နင့်ကိုချစ်တဲ့အကြောင်း ကဗျာတွေ စာတွေမဖွဲ့တတ်ပေမဲ့
နင့်ကို ငါချစ်တဲ့အကြောင်း
ဘယ်ကဗျာဆရာကမှ မှီအောင်မဖွဲ့နိုင်လောက်ပါဘူး  ။

လွင်ပြင်လှိုင်းငယ်
 
 
ရေးခဲ့ဖူးတဲ့ကဗျာဟောင်းလေးပါ

10 comments:

  1. ကဗျာ ထဲက စကားလုံးတွေ က တိုက်ဆိုင် လွန်း တယ် ဗျာ

    ReplyDelete
  2. သက်ဆိုင်သူမမရေ ယုံလိုက်ပါတော့နော် :)

    ReplyDelete
  3. မမတော့ မသိဘူး ညီမလေးတော့ တော်တော် သဘောကျတယ် ..ကဗျာလေးကို ပြောတာပါနော် ..:):)

    ReplyDelete
  4. ချစ်သူကို ချစ်တဲ့အကြောင်း ပြောပြဖို့ တခါတခါမှာ တော်တော်ခက်တာ ကြုံဖူးတယ်... ကဗျာလေး ကောင်းတယ် အစ်ကို...

    ReplyDelete
  5. နေမကောင်းနေတာ ကဗျာဖတ်ပြီးနဲနဲသက်သာသွားတယ်

    ReplyDelete
  6.း)း) သူတို့တွေများမနာလိုချစ်စရား)း)
    အားကျထှာာား)

    ReplyDelete
  7. အားကျရင်ရှာပေးရမလား ဟိ

    ReplyDelete
  8. ဒီကဗျာလေး ဖတ်ပြီး ဆွေးမိတယ်။ တိုက်ဆိုင်မှုတွေ ရှိသွားတယ် ကိုလွင်ပြင်ရေ..

    ReplyDelete
  9. ရေရေလယ်လယ် ထိတယ်ဗျာ.... ကျေးဇူးဘဲဗျာ...

    ReplyDelete
  10. ကဗျာလေးဖတ်သွားပါတယ်

    ReplyDelete