Tuesday, 17 January 2012

ငါနဲ့နင်


ငါ
အကြိမ်အကြိမ်
အနိုင်ယူခဲ့လဲ
နင်
အခါခါ
အလျော့ပေးခဲ့တယ်  ။

ငါ
အမြဲတမ်း
မှားခဲ့လဲ
နင်
ထာဝရ
ပြင်ဆင်ပေးခဲ့တယ် ။

ငါ
စာနာခြင်းကင်းတဲ့
စကားလုံးနဲ့ တိုက်ခိုက်တိုင်း
နင်
မာယာကင်းတဲ့
နှလုံးသားနဲ့
ခုခံ စာနာ နားလည်ပေးတတ်တယ်  ။

ငါ
အတ္တ၀တ်ရုံနဲ့
ကခုန်တဲ့ပွဲတိုင်း
နင်
ဖြူစင်တဲ့ စိတ်ထားလှလှ
ကာလကာလေးနဲ့
အမှောင်မဖုံးအောင် ခြုံလွမ်းပေးခဲ့တယ် ။

ငါ
ဒဏ်ရာတွေနဲ့
ခရီးဆက်တဲ့ ညတိုင်း
နင်
ဖေးမခြင်းခြင်းလက်တစ်စုံနဲ့
အကြင်နာမီးအိမ်လေးကိုင်ပြီး လမ်းပြပေးခဲ့တယ် ။

ငါ
သာယာမှု့ အပေါင်း
မကောင်းမှု့မှာ မွေ့ပျော်မယ် ကြံတိုင်း
နင်
အမေတစ်ယောက်လို
ခေါင်းလေး ပွတ်သတ်ပြီး
ရာဇ၀င်ထဲက လူမိုက်ဇတ်သိမ်း ပုံပြင်လေးတွေ ပြောပြတတ်တယ် ။

ငါ
  ချိုသကာတွေဆမ်း
 ဘီယာရဲ့ ရင်ဝမှာ ဘော်ဒါတွေရဲ့
 ဟန်ဆောင်ပြုံးတွေ ဧည့်ခံတဲ့ပွဲမှာ ပျော်နေတုန်း
 နင်
 အထီးကျန် အခန်းကျဉ်းလေးထဲမှာ
အဖော်မဲ့စွာငိုနေရင်း
အိမ်အပြန်အခန်းဝမှာတော့ အပြုံးလေးနဲ့ ကြိုဆိုတတ်တယ်နော် ။

ငါ
ချစ်မိခဲ့သည်
မချစ်တတ်သေးပါ
ငါ
ခြေထောက်ရှိသည်
မလျှောက်တတ်သေးပါ
အရာရာ ငါ့ဘ၀က
အပြစ်တွေကို အချစ်နဲ့ ဆေးကြောတတ်တဲ့
နင်
မကောင်းမှု့တွေကိုဖယ်
ကောင်းမှု့ ကုသိုလ်တွေယူတတ်အောင်သင်ပေးတဲ့
နင်
ငါနဲ့နင်
နင်နဲ့ငါ
ဘယ်အကြောင်းကြောင့်
မခွဲနိုင်ပါ

14 comments:

  1. သေချာခြင်းတွေမှာ သူမပျော်ပါလိမ့်မယ် အကိုရေး)

    မဒိုးကန်

    ReplyDelete
  2. ချစ်တာ ကောင်းတယ်..ချစ်ကြ ချစ်ကြ :)

    ReplyDelete
  3. ထာဝရလက်တွဲနိုင်ကြပါစေ

    ReplyDelete
  4. အားကျတယ်ကွာ... :)

    ReplyDelete
  5. နင်နဲ့ငါ
    ငါနဲ့နင်ကို
    ဘယ်သူမှမခွဲပါ :P :P

    ReplyDelete
  6. ပြန်မပြော နားမထောင်တတ်တဲ့ နင်
    ပြန်ပြောပြီး နားထောင်တတ်တဲ့ငါ ကျတော့ဘာလို့ထဲ့မရေးတာလဲ ??????????

    ReplyDelete
  7. ဟုတ်သား..
    မာမီမားသားပြောတာ
    ဘာလို့ထည့်မရေးတာလဲ
    ဒယ်ဒီဖားသားး))

    ချစ်ခင်လျှက်

    ReplyDelete
  8. ကဗျာကောင်းလေးအားပေးခဲ့တယ်
    ခင်မင်စွာလေးစားစွာဖြင့် (လွမ်း)

    ReplyDelete
  9. နင်နဲ့ငါနဲ့
    ငါနဲ့နင်နဲ့
    တူနဲ့တယ်နဲ့
    ဒန်တန့်တန်တန့်..:P
    ဘယ်အကြောင်းကြောင့်
    မခွဲနိုင်ပါဘူး..လို့ပြောမလို့ပါ..ပီားးစ်
    ကဗျာကောင်းလေးအားပေးသွားတယ်ကိုကြီးရေ

    ReplyDelete
  10. အစစအရာရာကောင်းမှန်းသိနေမှတော့
    အရင်ထက်ပိုမိုလို့လေးစားချစ်ခင်ကြင်နာမှုတွေနဲ့
    လက်တွဲညီညီလျှောက်လှမ်းနိုင်ပြီပေါ့ လွင်ပြင်လေးရေ။
    ကဗျာကောင်းလေးတစ်ပုဒ်အားပေးသွားတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  11. သူတို့က ပြောအားရှိတာပေါ့လို့...:):)

    ReplyDelete
  12. မချစ်တတ်သေးဘူး ဆိုရင်လဲ ချစ်တတ်အောင် ကြိုးစားပေါ့ အစ်ကိုရယ်... နို့ မို့ အစ်မက မချစ်တတ်ရ ကောင်းလားဆိုပြီး တီးထည့်လိုက်လို့ အမလေး တနေရမယ်... ဟီ... ဟိ...

    ReplyDelete
  13. ကိုလွင်ပြင်နဲ့မဂျက်ကို ကြည့်ပြီး
    အားကျတယ်ဗျာ

    ReplyDelete
  14. နင်နဲငါ ဆိုတာ ငါနဲနင် ရဲ့ တိုင်ပင်ဖက် တွေ အားကျတယ်ဗျာ

    ReplyDelete