Tuesday, 10 January 2012

သူ


ချစ်ခင် မြတ်နိုး
တွယ်တာ ယုယ
ရစ်ပတ်နှောင်ကြိုး
သံယောဇဉ်ရဲ့ သခင်
အဖိုးမဖြတ်နိုင်တဲ့
ဘုရားရဲ့ လက်ဆောင်
    သူ့ပုံပန်းက
စိတ်ထားကဖြူဖြူ
လူပုံက နွဲ့နွဲ့
သဒ္ဒါက ကြွယ်ကြွယ်
အရွယ်သုံးပါးမရွေး
ကူညီတတ်    သူ  ။

ယုန်သူငယ်အလား
သူ့အသည်းက
ဟုတ်မှန်လျှင် တောင်းပန်ဖို့
ဝန်မလေးတတ်ပေမဲ့
မဟုတ်မှန်လျှင်တော့
မဟုတ်မခံစိတ်ရှိတာမို့
ကျားနို့စို့ကာ မွေးဖွားသလား အထင်မှားရတဲ့
ကျွန်တော့် ချစ်သူ
ယုန်အသည်းနဲ့ကျားရဲလေး  သူ  ။

အပိုစကားတွေ မပြောတတ်ပေမဲ့
လိုအပ်လာလျှင်
အရှင်ဘုရင်တောင်
အမှန်တရား တစ်ခုအတွက်
အသက်ကို ပါကင်ပိတ်
စိုးထိတ်မှု့မရှိ
ပြောရဲတာလဲ
ကျွန်တော် ချစ်သူ
သူရဲကောင်းလေး သူ     ။

သက်ထားအိမ်သူ
နင့်လိုလူမှ
မကြင်နာ မယုယ
တန်းဖိုးမထားတတ်လျှင်
ငါ့ကို လူအ
လူအများကပြောတာ မပြောတာ
အသာထားအုံး
နှလုံသားက
တန်ဖိုးဖြတ်မရတဲ့
ဇနီးအလှ ချစ်သူနင့်ကို
သံသရာအဆက်ဆက်
အကြောင်းဘက် ပေါင်းဖက်ပါရစေ
ချစ်တဲ့ သူ ။

11 comments:

  1. သံသရာအဆက်ဆက်ပေါင်းဖက်ရပါစေတဲ့
    ကဲ မမစံပယ်ရေ အကိုကတော့လုပ်ချလိုက်ပြန်ပြီနော်
ွှအဲဒါတွေကြောင့် တို့မမအကို့ကို အချစ်ပိုနေတာရှိမယ်း)

    ချစ်ခင်လျှက်

    မဒိုးကန်

    ReplyDelete
  2. ကဲ... အစ်မ jas ရေ... ဒီမှာ အစ်ကိုကတော့ သူ့ အချစ်တွေကို ကဗျာတွေနဲ့ ထုဆစ်ပြနေပြီ... သံသရာ အဆက်ဆက်တဲ့ အကြောင်းဘက် ပေါင်းဖက်ပါရစေ တဲ့... တို့ အစ်မ တစ်ယောက် ကဗျာဖတ်ရင်း ပီတိတွေ ဝေနေမှာကိုတော့ မြင်ယောင်မိသေး...

    ReplyDelete
  3. အပေါ်ကရွှေဒိုးနဲ့ညီရဲရေ
    အဲဒီလိုအရေးအသားတွေနဲ့ပဲ
    မမ ဘ၀ လဲ ပရုတ်လုံးဖြစ်နေပြီလားပဲကွယ်

    ReplyDelete
  4. ကာရံလိုက်တယ် ကဗျာလေးကောင်း၏

    ReplyDelete
  5. သူ့ထက်ချစ်တတ်တဲ့ သူတောင် သူ့လောက်ချစ်တတ်မှာ မဟုတ်ဘူး :P

    ReplyDelete
  6. ကာရံလေးလည်းစီ အတွဲလေးလည်းညီ
    ဆင်တူတန်းပလိပ်လေးနှစ်ခုက ကဗျာလေးတွေ
    ဖတ်ရလေတိုင်းစိတ်ကြည်နူးမိတယ် လွင်ပြင်လေးရေး)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  7. မိုက်တယ်ကွာရေးချက်
    မဂျီးဂျက်ဒါ့ကြောင့်ကြွေသွားတာနေမှာ...ေိေိ

    ReplyDelete
  8. ကိုလူအကြီး..
    ဟိုက ပရုပ်လုံးဖြစ်နေပြီတဲ့ ..ဘာလုပ်လိုက် သလဲအေ..:D

    ReplyDelete
  9. ကိုကိုမောင်(ပန်းရနံ့)11 January 2012 at 15:55

    ပရုပ်လုံးဖြစ်နေရင်လဲ မဆိုးဘူးဘဲ။ အနည်းဆုံးတော့ ပိုးဟပ်အန္တရာယ် ကင်းသွားတာပေါ့။း)

    ReplyDelete
  10. သြော် ... ချစ်လိုက် ကြတာနော် ...

    သံသရာအဆက်ဆက် ပေါင်းရ စေ ဗျာ ...

    ReplyDelete
  11. သူ...ရင်ခုန်စေတဲ့သူး))
    (စိုင်းစိုင်းသီချင်းလေ)
    ဒယ်ဒီတို့.ချစ်တတ်လိုက်ပုံများ
    ပရုပ်လုံးတောင်.ဖြစ်သတဲ့ကွယ်း)
    ပရုပ်လုံးဆိုလည်း.ဆိုးပါဘူး
    မူးရင်ရှု.မောရင်သောက်လို့ရပါတယ် :P

    ချစ်ခင်လျှက်

    ReplyDelete