Thursday, 5 January 2012

တနေ့တာ (တဂ်)

အိပ်ယာကနိုးနိုးချင်းအရင်ဆုံးဘာလုပ်သလဲ?

*** အာပုပ်နံ့နံနေသောပါးစပ်ဖြင့် ဇနီးဖြစ်သူနဖူးကိုနမ်းပြီး မထချင်ထချင် ထပြီး ဘေးမှာရှိသော ဆေးလိပ်ဗူးမှ
ဆေးလိပ်တစ်လိပ်ယူပြီး ရေချိုးခန်းသို့ ၀င်သွားပြီး ကိစ္စမှန်သမျှရှင်းဖြစ်ပါသည်***


မနက်စာကို  ဘယ်လိုအစားအစာ  စားရတာကြိုက်ပါသလဲ?

***ကော်ဖီတစ်ခွက် ထမင်းကြော်နှင့် တစ်ပတ်တစ်ကြိမ် မုန့်ဟင်းခါးစားရသည်ကို ကြိုက်ပါသည်***

 
လောလောဆယ်နေ့တိုင်းစားဖြစ်နေတဲ့   မနက်စာ?

***ကော်ဖီ***

 နေ့လည်စာကို   ဘယ်လိုနေရာမျိုးမှာစားရတာကြိုက်ပါသလဲ?

***အိမ်မှာပါ အပြင်တွင်စားလေ့စားထမရှိပါ အဘယ်ကြောင့်ဆိုသော် သူမ ချက်ကျွေးသော အစားအစာများကိုသာ ကြိုက်နှစ်သက်သောကြာင့်ဖြစ်ပါသည်***

အခုလက်ရှိအစားချင်ဆုံးဟင်းကိုပြောပြပါ?

***နို့ခဲဟင်း ငါးသလဲထိုးကိုနွားနို့ထဲမွေးမြူထားပြီးပြန်ချက်ထားသောဟင်း အင်ဥကြော်***


အလုပ်မှာကော်ဖီ  ဘယ်နှစ်ခွက်  သောက်ပါသလဲ?

***ငါးခွက်လောက်သောက်ဖြစ်ပါသည် ဆိုင်မှာကော်ဖီ ဖရီးရပါသည် မ၀ယ်ရပါ။မဒမ်လွင်ပြင်က ကော်ဖီအများကြီးသောက်သည်ကိုတားမြင့်ထားသောကြောင့် ဒီအကြောင်းကို ကျေးဇူးပြုပြီးပြန်မပြောကြပါနှင့်***

 ညနေစာကိုဘယ်မှာစားတတ်ပါလဲ?

***အိမ်မှာပါ***

ညနေစာစားရင်းနဲ့  အများဆုံးစဉ်းစားဖြစ်တတ်တဲ့  အကြောင်းအရာ?

***သူမချက်ထားသောဟင်းကို မည်မျှကောင်းသည်ဟုချီးကျူးစကားကို စဉ်းစားဖြစ်သည် ဒါမှနောက်ကောင်းကောင်းချက်ကျွေးမှာလေ***

အလုပ်ဆင်းတဲ့အချိန်မှာခံစားချက်?

***အလုပ်ချိန်ပုံမှန်မရှိသောကြောင့် အလုပ်ဆင်းချိန်သည် အိပ်သောအချိန်သာဖြစ်ပြီး အိပ်ယာဝင်သောအခါ လကုန်ဖို့ တစ်ရက်နီးလာပြီလို့ ခံစားမိပါသည်***

အိမ်ပြန်ရောက်ရောက်ချင်းဘာအရင်လုပ်တတ်သလဲ?

***ဖိနပ်အရင်ချွတ်ပါသည်***

ဒုတိယလုပ်မိတာလေး?

*** ပြီးတော့ အခန်းထဲဝင် နောက်တော့ ဟိ တိတော့ဝူး***


ညမအိပ်ခင်ကော်ဖီသောက်တတ်ပါသလား?

***သောက်တတ်ပါသည်***

ညအိပ်ယာထဲဝင်ဝင်ခြင်းအချိန်ဘာအရင်ဆုံးလုပ်ပါသလဲ?

***သူမဘေးနားနေပြီး တစ်နေ့တာအလုပ်ထဲမှ အကြောင်းများကို ကားရီယိုကားကြည့်ရင်းပြောပြတတ်သည်***

အိပ်မပျော်တဲ့ညတွေမှာ  ဘာလုပ်သလဲ?

***သူမအိပ်နေသည်ကို ထိုင်းကြည့်နေတတ်ပါသည်***


တအားစိတ်ဓါတ်ကျလာတဲ့အခါမျိုး     စိတ်အားငယ်တဲ့အခါမျိုးတွေမှာ  ဘာလုပ်တတ်သလဲ?

***သူမကွယ်ရာသွားပြီး ဆေးလိပ်ကိုတစ်လိပ်ပြီးတစ်လိပ်သောက်ပါသည် သူမမြင်လို့မဖြစ်ပါ ဆေးလိပ်သောက်သည်ကို သူမလုံးဝမကြိုက်ပါ***


အပြင်သွားတဲ့အခါ  အမြဲတမ်းသတိထားပြီးယူတတ်တဲ့ပစ္စည်း?

***ဖုန်း ပိုက်ဆံအိတ် အိမ်သော့***


မိသားစုဝင်တွေထဲမှာ   အချစ်ရဆုံးသောလူ?

***မိဘ အကိုများနှင့် မဒမ်လွင်ပြင် သူမ၏မေမေ***

သူစိမ်းတွေအထဲမှာ   မိမိအယုံကြည်ရဆုံးသူ?

***မဒမ်လွင်ပြင်***

အလုပ်ထဲမှာကိုယ်အခင်ဆုံးသူ?

***နောက်ကျောမှ အမြောက်နဲ့မပစ်တတ်သောသူ***

ကိုယ်မှာရှိတဲ့ပစ္စည်းတွေထဲကအကြိုက်ဆုံးပစ္စည်းလေးတခု?

***မဒမ်လွင်ပြင် တီးသောဂစ်တာ***


လက်ဆောင်ရထားတဲ့အထဲကအကြိုက်ဆုံးပစ္စည်းလေးတခု?

***သူမပေးသောလက်ဆောင်အားလုံးကိုကြိုက်သည်***


ကိုယ့်ပတ်သက်ဖူးတဲ့သူတွေထဲမှာကိုယ့်ကို   နားလည်ခွင့်လွှတ်ပေးနိုင်ဆုံးသူ?

***အိပ်မက်လေး***

အခုလောလောဆယ်အဖြစ်ချင်ဆုံးဆန္ဒ?

***သူမ သွားချင်သောနေရာတိုင်းကို လိုက်ပို့ပေးချင်တယ် ပြီးတော့ ထီပေါက်ချင်တယ်***


ကဲညီမငယ်လေး ပစ်ပစ်ရေ စိတ်ထဲရှိတဲ့အတိုင်းရေးလိုက်ပြီနော်။


                   လွင်ပြင်လှိုင်းငယ်

17 comments:

  1. အာပုပ်နံ့နံနေသောပါးစပ်ဖြင့် ဇနီးဖြစ်သူနဖူးကိုနမ်းပြီး မထချင်ထချင် ထပြီး အဲ.စာသားလေးကိုတော. အားကျတယ်ဗျာ။ တစ်ကယ်.ကို ပျှော်ရွှင်ဖွယ်ရာ ဇနီးမောင်နှံလေးပါဘဲ။
    ခင်မင်လေးစားစွာဖြင်
    မောင်မောင်(မြစ်ဆုံ)

    ReplyDelete
  2. ကျားရေ
    ထီပေါက်ရင်နာ့ ကိုဘာတွေဝယ်ပေးမှာလဲ
    ခုကြိုပြောထားနော်စိတ်ကူးနေချင်လို့ပါ

    ReplyDelete
  3. အားကျနေမိပါတယ်ခင်ဗျာ

    ReplyDelete
  4. This comment has been removed by the author.

    ReplyDelete
  5. ထီပေါက်ရင် နော့်ကိုလည်း မုန့်ကျွေးရမယ်..ဒါပဲ.. :P

    ခင်မင်လျက်
ဲJunemoe

    ReplyDelete
  6. ခုနကပဲ..ဟိုဘက်အိမ်ကပြန်လာတာ
    သစ်ပင်လေးနဲ့အိပ်မက်လေးဆိုပါ့လားး))

    ချမ်းမြေ့ဖွယ်..တစ်နေ့တာများနဲ့အတူ
    ပျော်ရွှင်ဖွယ်နေ့ပေါင်းများစွာ.မိသားစုနဲ့အတူ
    ပိုင်ဆိုင်ပါစေ.ဒယ်ဒီး))

    ပြန်မပြောနဲ့ဆိုတာတွေကိုတော့
    စိတ်ချပါ..သေသေချာ.ပြန်ပြောလိုက်ပါ့မယ်
    ppp

    ReplyDelete
  7. တနေ့တာအကြောင်းလေးဖတ်သွားပါ၏

    ReplyDelete
  8. တကယ့်ကို ပျော်ရွှင်စရာကောင်းတဲ့ မိသားစု ဘဝလေးပဲနော်။ သူမရဲ့ နေ့ရက်တွေ အရမ်းကို သာယာလှပနေမှာ အသေအချာပါပဲ။

    ReplyDelete
  9. တိုင်ပြောမယ် မမနဲ့ ကော်ကော်တွေ အများကြိး သောက်တဲ့ အကြောင်း....:):)
    အကိုရေ..ထီပေါက်ရင် အိန်ဂျယ်ကိုလဲ သတိရပါနော် ...:P:P

    ReplyDelete
  10. လူပျိုကြီး အပျိုကြီးတွေ အားကျအောင် လုပ်နေပြီ ကိုလွင်ပြင်တို့ အဟိ... ကိုလွင်ပြင်တနေ့တာလေးက ပျော်စရာကြီးနော်.. :D

    ReplyDelete
  11. တစ်ချို့အမှန်အတိုင်းတွေကို မဒမ်လွင်ပြင် ဖတ်မိရင်တော့ အထုခံရမှာ မြင်ယောင်သေး :D

    ReplyDelete
  12. တနေ့တာ တက်ဂ်ပိုလာဖတ်တယ်နော် မဒမ်လွင်ပြင်ကို တော်တော်ချစ်တာပဲနော်

    ReplyDelete
  13. ရောက်တယ်ကိုလွင်ပြင်ရေ.....၊တစ်နေ့တာလေးကိုအား
    ကျသွားတယ်....၊မိန်းမရှိသူများတော့ ဟန်ကျသဗျား...:))
    ဒါနဲ့ ထီပေါက်ရင် အလှူလာခံမှာနော်.....:)))

    ReplyDelete
  14. အစ်ကို့ ရဲ့ တနေ့ တာ လှုပ်ရှားမှုလေးတွေကို လေ့လာဖတ်ရှု သွားပါတယ် အစ်ကို...

    ReplyDelete
  15. သူတို့တစ်နေ့တာတွေများစိုပြည်နေတာပဲဗျာ...အားကျထှာ

    ReplyDelete
  16. အာပုပ်နံ့ နံနံလေးနဲ့ နမ်းတော့ ဇနီးသည်လေးက ဘာပြောလဲ။။။
    နောက်တစ်ခေါက် လို့ လား။ ဟာ ဟ။း)

    ReplyDelete
  17. လာပြန်ပြီနောက်တစ်ယောက် ငါ့အကိုလဲငါလိုစိတ်ကူးနဲ့ ရူးနေရှာပါပေါ့လား
    ဟိဟိ ကဲ ငါ့အကိုကြီး ပေါက်စေ ပေါက်စေ ထီပြောတာနော် .

    ဟိုမှာတစ်ယောက်ကလဲစိတ်ကူးယဉ်ချင်လို့ဆိုဘဲး)

    အင်းလေ သွားရေကျနေတဲ့ ဘဲကြီးများကလဲ သွားရေတွေတများများကျလို့း) ဟဟဟဟဟ
    တနေ့တာလေးကိုသဘောတွေကျသွားတယ်အကိုရေ
    အာပုပ်နံ့ကလွဲလို့း)

    ညီမငယ်

    မဒိုးကန်

    ReplyDelete