Tuesday, 3 January 2012

အိပ်မက်သခင်





အိပ်မက်သခင်

သင်သည်သာလျှင်

နှလုံးသားနန်းမှာစံ

အကြင်နာ ပလ္လင်ထက်

နူးညံ့တဲ့ အမိန့်တွေနဲ့

ငါ့ဘ၀ကို စိုးမိုးခဲ့ပြီ ။

အိပ်မက်သခင်

သင်သည်သာလျှင်

သစ္စာကိုတံတိုင်းခတ်

မေတ္တာမိုးရည် ရွာသွန်းစေပြီး

အချစ်ဥယျာဉ်လဲ

မညိုးမနွမ်း

ထာဝရလန်းစေ 
 
အချစ်ပန်းတွေပွင့်စေခဲ့ပြီ ။

အိပ်မက်သခင်

သင်သည်ကပင်

အတ္တတွေကင်းမဲ့

မာန်မာနတွေနဲ့

အမှားပင်လယ် ဒုက္ခသမုဒ္ဒရာထဲ

ကူးခတ်နေတဲ့

ငါ့ဘ၀လေးကို ကယ်တင်

ဘ၀သခင် လမ်းပြသူလဲ နင်ပါပဲလေ ။

ထာဝရနဲ့ ဘ၀များစွာ

တကြိမ်တခါသာ

တည်ဆောက်ခဲ့တဲ့ ငါ့နှလုံးသားနန်းတော်

နှလုံးလှ ဘုရင်မ 
 
နင်သည်သာလျှင်

စိုးမိုးပါတော့ အိပ်မက်သခင်

ချစ်သူနင်ရယ် ။



လွင်ပြင်လှိုင်းငယ်



(အိပ်မက်လေးအတွက် အမှတ်တရ)



Friends18.com Orkut Scraps

6 comments:

  1. ကဗျာလေးလာဖတ်သွားတယ်ကိုကြီးရေ

    ReplyDelete
  2. ကဗျာလေးလာရောက်ဖတ်သွားပါတယ်

    ReplyDelete
  3. အိမ်မက်လေးနဲ့ ထာဝရပျော်ရွှင်ပါစေ အစ်ကိုရေ

    ReplyDelete
  4. အိပ်မရဘူး ဒါကြောင့်ကဗျာလာဖတ်နေတာ
    ပြီးရင်ပြန်အိပ်မယ်

    ReplyDelete
  5. အိပ်မက်လေးက အိပ်မရဘူးတဲ့..ချော့သိပ်လိုက်လေ အကို.. :P

    ReplyDelete
  6. သူတို့ဘဲမက်နေကြတာဘဲအေး)

    ReplyDelete