Monday, 30 January 2012
အချစ်တဲ့
အချစ်တဲ့
ဘယ်ကားကို ဘယ်လိုစီး
ဘယ်ဆီကရောက်လာမှန်း
တကယ်ပဲ မသိလိုက်တာပါ
အင်ဂျင်က ကောင်းလွန်းတော့
အရှိန်အဟုန် ပြင်းပြင်းနဲ့
နှလုံးသားနံရံကို "၀ုန်း "ဆိုဝင်ဆောင့်ပြီး
"၀ူး "ဆိုမောင်းထွက်သွားတော့
ရင်ဘတ် တခြမ်းက တော်တော်လေးအောင့်ပြီးကျန်ခဲ့ရပေါ့
အချစ်ဆိုတဲ့ ဝေဒနာရယ် ။
အချစ်တဲ့
မြှားနတ်မောင်က အိပ်ချင်မူးတူးနဲ့
ထိချင်ရာထိ
မှန်ချင်ရာမှန် ဆိုပြီး
 ပစ်လွတ်လိုက်လားမသိဘူး
ထိချက်က စူးနစ်ပေမဲ့
သာယာမှု့ဆေးဆရာရဲ့ အစွမ်းကြောင့်
ရင်ဝမှာဒဏ်ရာ မကျန်ပေမယ့်
မြှားကျိုးလေးကတော့တိုးတိုးပြီး
နစ်ဝင်လာခဲ့တယ်
အချစ်ဆိုတဲ့ အကြင်နာရယ် ။
အချစ်တဲ့
ဒဏ်ရာတွေ အပြည့်နဲ့ ငါ့နှလုံးသားကို
နားလည် ခွင့်လွတ်မှု့အပြည့်နဲ့
ကြင်နာခြင်းတွေ ထာဝရစီးဆင်တဲ့
အကြင်နာမြစ်တစ်စင်းရဲ့
အချစ်ပင်လယ်ကြီးထဲမှာ
လေပြင်းလှိုင်းထန်
ဘာကိုမှ မမှု့ပဲ
အမြဲ ထာဝရ အနှိုင်းမဲ့ သံယောဇဉ်တွေနဲ့
အေးမြမှု့အချစ်မြစ်တစ်စင်းကို
ဖန်စင်းပေးတဲ့ တန်ခိုးရှင်ဟာလဲ
ဒီအချစ်ပါပဲကွယ်
လွင်ပြင်လှိုင်းငယ်
18 comments:
  1. “၀ုန်းဆိုဝင်ဆောင့်ပြီး
    နေနှင့်အုံး.ဒီအချစ်ကို
    ဒဏ်ငွေရိုက်ရမယ်း)
    (စည်းကမ်းတွေကိုမသိဘူးနဲ့တူတယ်။)
    မြှားနတ်မောင်ကလည်း.အိပ်ချင်မူးတူးတဲ့း)
    ဖလား..ဖလား..ဒယ်ဒီဖားသားရေ
    အဲ့ဒီ့အချစ်ကို..အိမ်ဖက်.မလာပါစေနဲ့နော်း))
    အင်မတန်ကောင်းတဲ့.စာသားလေးတွေပါပဲ။
    အစအဆုံးခံစားသွားပါတယ်..
    ဟိုဘက်အိမ်သွားရင်လည်း.ကောင်းလိုက်တဲ့ကဗျာတွေ
    မရိုးရပါဘူး။ဒီဘက်အိမ်လာလည်း.ဒီအတိုင်းပါပဲး)
    ခံစားအားပေးလျှက်
    ReplyDelete
  2. အချစ်ကို ဆန်းပြားစွာ ဖွင့်ဆိုထားတာပဲ။ ပထမတပိုဒ်ဖတ်ပြီးတော့ အော်.. အချစ်ဆိုတာ ကားလိုပါလားလို့ ထင်လိုက်တာ.. အဆုံးမှ သိတယ်။ အချစ်ဆိုတာ တန်ခိုးရှင်ကိုး။
    ခင်မင်စွာဖြင့်
    မြတ်ပန်းနွယ်
    ReplyDelete
  3. အချစ်ကဗျာလေးဖတ်သွားတယ်ဗျာ
    ReplyDelete
  4. သိပ်တော့မသိပါဘူးကွယ်
    အချစ်အချစ် ဟူးးးးးးးးးးးးးးး
    ReplyDelete
  5. ကားစောင့်တိုက်လို့ ဘယ်ဖက်ရင်ဘတ်လေးနာသွားပုံက မိုက်တယ်...။
    ReplyDelete
  6. ဟုတ်တယ် အချစ်ဆိုတာ တန်ခိုးရှင်ပါပဲ
    ReplyDelete
  7. မော်တော်ပီကယ် ဘယ်ရောက်နေတုန်း ယဉ်တိုက်မှုဖြစ်သွားပြီ .. ပုဒ်မ 1500 နဲ့တရားစွဲပေးမယ်..။ထောင်ဒဏ် တစ်သက်တစ်ကျွန်း ရင်ထဲက အသဲထောင်ထဲ ထည့်ထားပေးမယ်နော် :D
    ReplyDelete
  8. အဲဒီ အချစ်ပေါ့ အကို..ရယ် ..ပြော...မပြောချင်ဘူး...မပြောတော့ပါဘူးလေ :P:P
    အချစ်အကြောင်းလေး ခံစားအားပေးသွားတယ်အကို...
    ReplyDelete
  9. မဖိတ်ပဲနဲ့ရောက်လာတတ်သလို
    မနှင်ပဲနဲ့ပြန်ထွက်သွားတတ်တဲ့'အချစ်'ကိုလစ်လျူရှုပြီး
    အနစ်နာခံစစ်မှန်တဲ့'အချစ်'ကိုထာဝရ
    ထွေးပွေ့လို့ပိုင်ဆိုင်ခွင့်ရပါစေလွင်ပြင်လေးရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  10. အားပေးမှု့ကို ကျေးကျေးပါ
    ReplyDelete
  11. တကယ်တော့ အချစ်က သိပ်ဆန်းကြယ်လွန်းပါတယ်လေ...
    ReplyDelete
  12. အလည်လာပြီး နောက်တစ်ခေါက်လာဖတ်သွားပါတယ်
    အရာရာတိုင်းအတွက် ကျေးဇူးပါလို့  ပြောကြားရင်း...
    ထော်ဦး
    ReplyDelete
  13. အချစ်တဲ့
    မြှားနတ်မောင်က အိပ်ချင်မူးတူးနဲ့
    ထိချင်ရာထိ
    မှန်ချင်ရာမှန် ဆိုပြီး
    ပစ်လွတ်လိုက်လားမသိဘူး
    ကဗျာမိတ်ဆွေဖွဲ့ ရအောင် လွင်ပြင်လှိုင်းငယ်ရေ
    ပထမဆုံး ဧပရယ်မှာ လွင်ပြင်လှိုင်းငယ်ရဲ့  ဆိုဒ်လေး ကို link ခွင့်ပြုပါနော် လာလည်တဲ့ အခါ လွယ်ကူအောင်လို့ ပါ
    ReplyDelete
  14. အချစ်ဆိုတာတိုက်ပွဲဝင်တဲ့ ပုံသေအက္ခတစ်ခုလားဆိုတော့
    ဒဏ်ရာတွေ အပြည့်နဲ့ ငါ့နှလုံးသားကို
    နားလည် ခွင့်လွတ်မှု့အပြည့်နဲ့
    ကြင်နာခြင်းတွေ ထာဝရစီးဆင်တဲ့
    အကြင်နာမြစ်တစ်စင်းရဲ့
    အချစ်ပင်လယ်ကြီးထဲမှာ
    လေပြင်းလှိုင်းထန်
    ဘာကိုမှ မမှု့ပဲ
    အမြဲ ထာဝရ အနှိုင်းမဲ့ သံယောဇဉ်တွေနဲ့
    အေးမြမှု့အချစ်မြစ်တစ်စင်းကို
    ဖန်စင်းပေးတဲ့ တန်ခိုးရှင်ဟာလဲ
    ဒီအချစ်ပါပဲကွယ်
    အားပေးခဲ့တယ်နော် ကိုလွင်ပြင်ရေ ခင်မင်လေးစားစွာဖြင့် (လွမ်း)
    ReplyDelete
  15. ခုမှ လင့်ချိတ်လို့ရလို့ ကဗျာလေး ခုမှ ဖတ်ရတယ် အကိုရေ...အချစ်ဆိုတာ ဘာမှန်းကို မသိတာဗျ... ဒါမဲ့ အဲ့လိုမသိတာကပဲ အချစ်လေ... :P
    ခင်မင်လျက်
    Junemoe
    ReplyDelete
  16. အချစ်တွေက နူးညံ့လွန်း အားကြီးနေတယ်နော်။
    သူတို့သာ အချစ်ရှိတာကျနေတာဘဲ။း)
    ReplyDelete
  17. ကဗျာလေးက ကောင်းလိုက်တာ လွင်ပြင်ရေ..
    ReplyDelete
  18. အကိုရေ...ဆောရီးးပါဗျာ။။
    ကလောင်နာမည်ကြည့်ပြီး မိန်းကလေးထင်သွားလို့ပါ။
    ReplyDelete