Tuesday, 15 November 2011

ကြိုးလေးတစ်ချောင်း ချစ်လက်ဆောင်

123Friendster.Com



အိပ်မက်လေးရေ
လမင်းပေါ်မှာထိုင်ပြီး
သမုဒ္ဒရာကြမ်းပြင်ထက်က
ရွှေငါးလေးမြှားချင်ပေမဲ့
ကြိုးမရှိလို့ စိတ်ညစ်မနေပါနဲ့
မောင့် သံယောဇဉ်ကြိုးလေးကို
ငါမြှားတံထိပ်မှာချည်းနှောင်ပြီး
လမင်းထက်ကနေ ပစ်ချလိုက်ပါ
သမုဒ္ဒရာကြမ်းထက်ရောက်ယုံမက
ဆယ်ပြန်ကမတောင် ပိုရှည်နေပါလိမ့်မယ် ။

အိမ်မက်လေးရေ
အလှဲလှဲ အပြိုပြိုဖြစ်နေတဲ့
ကမ္ဘာကြီးကို စုစည်းချည်နှောင်ဖို့
ကြိုးတစ်ချောင်းလောက်အတွက်နဲ့တော့
စိတ်ပျက် အားငယ်မနေပါနဲ့
မောင် အိပ်မက်လေးအပေါ်ထားတဲ့
သံယောဇဉ်ကြိုးနဲ့သာ ချည်နှောင်လိုက်ပါ
ဒီထက်ခိုင်ခံတဲ့ကြိုး ဒီကမ္ဘာပေါ်မှာမရှိပါဘူး ။

အိပ်မက်လေးရေ
မောင်မင်းအပေါ်ထားတဲ့ ချစ်ခြင်းတွေကို စီရီပြီး
မဟားတိုင်းနဲ့ယှဉ်ကြည့်လိုက်ပါ
ဘောလုံးကွယ်သာသာရှိမဲ့ မဟာတံတိုင်းကို
မင်းမြင်ရပါလိမ့်မယ် ။

အိပ်မက်လေးရေ
မင်းကိုချစ်တဲ့အကြောင်း
သံယောဇဉ်ရှိကြောင်းတွေကို စာဖွဲ့ပေမဲ့လဲ
ရင်ထဲက မင်းကိုချစ်ကြောင်းတွေက
သေဆုံးထိတောင် စာဖွဲ့လို့မှီမှာမဟုတ်ပါဘူး ချစ်သူရာ ။

လွင်ပြင်လှိုင်းငယ်

5 comments:

  1. ကောင်းလိုက်တဲ့.ကြိုး
    ခိုင်လိုက်ခံ့လိုက်ပုံကလည်း.ရှယ်ပါပဲလားဗျို့း)
    ချည်ပြီးရင်လည်း..တော်တော်နဲ့
    ပြန်ဖြည်လို့ရမှာမှုတ်ဘူးနော်း)
    အိပ်မက်လေး.ကံကောင်းထှာတော်

    လေစားလျှက်
    သမံစီး

    ReplyDelete
  2. ရေးတာတော့ရှယ်ပဲ
    ဟုတ်မဟုတ် များတို့မသိ

    ReplyDelete
  3. အားပါးသုံးထားတဲ့ နှုန်းတွေကတော့ အလန်းဇယားတွေပဲနော် အားပေးသွားတယ်နော်

    ReplyDelete
  4. ကြိုးကတော့ တော်တော်လေး ကောင်းမယ့်ပုံပဲ..
    သယ်ရင်း..အပြင်မှာ ဂယ်လားဟင်..ဟီး

    ခင်လျက်
    ဂျွန်မိုး

    ReplyDelete
  5. ကဗျာလေးလာရောက်ဖတ်သွားပါတယ်ရှင့်
    ခိုင်မြဲသောလက်တို့ကိုတွဲနိုင်ကြပါစေ

    ReplyDelete