
ပန်းစံပယ်
ရနံ့က ကြူကြူမွေး
အရောင်က ဖြူဖြူဖွေးနဲ့
မိုးသားမမျှော်
ရေလောင်းလဲပွင့်
သူ့အကျင့်က
မမှီခိုတဲ့ ပန်း။
ပန်းစံပယ်
ပင်မြင့်မှာ မပွင့်လန်းပေမဲ့
ခြေရင်းမှာလဲ ၀ပ်ဆင်းမနေပါဘူး
အထီးကျန် တပင်တည်းပွင့်တဲ့ပန်းမဟုတ်လို့
ရိုးတံတွေ ခိုင်ခိုင်နဲ့
စည်းလုံးတဲ့ ပန်း။
ပန်းစံပယ်
ရနံ့တွေ မရိုင်းသလို
ဖူးစမှသည်
ကြွေလွင့်တဲ့ထိ
မွေးရနံ့တွေးဖြန်းပက်လို့ရယ်
ဝန်းကျင်ရပ်ရပ်
မွေးလွန်းသည့် ပန်း။
ပန်းစံပယ်
ဆူးသားမ၀ိုင်း
ကိုင်းဖျားထိပ်ဆီ
မိုးလေမကြောက်
နေလောင်ထိလဲ ညိုးနွမ်းမမြန်တဲ့
ရဲရင့်သည့်ပန်း။
ပန်းစံပယ်
အမျိုးတူပြီး
အရောင်ကွဲပြား
ရနံ့တွေမတူညီတဲ့
ပန်းမျိုးပေါင်းလယ်
အဖြူပဲပွင့်
တမျိုးတည်းရနံ့နဲ့
သစ္စာဒီပန်း
စံပယ်ပန်း။
လွင်ပြင်လှိုင်းငယ်
စံပယ်ပန်းလေး ပေါ်လွင်အောင်ရေးနိုင်ပါပေတဲ့ရှင်
ReplyDeleteအားပေးသွားပါတယ်
လွင်ပြင်ရေ
ReplyDeleteပန်းစံပယ်အကြောင်းကို
မမ စံယ်လာဖတ်ခဲ့ပါတယ်
ကဗျာလေး ခံစားအားပေး သွား လျှက်...
ReplyDeleteပန်းစပယ်..နန်းလယ်..မပေါ်ခိုက်ဟာမို့
ReplyDeleteအလိုက်တော်တန်သင့်ရုံပ..
ခံပွင့်ကို.ကုံး..တဲ့း))
ကိုလွင်ပြင်..ဖွဲ့ထားတဲ့ကဗျာလေးကြိုက်လို့
နာမည်ပြောင်းလိုက်ရင်ကောင်းမလားပဲ
သမီးစပယ်လို့လေ..းP
ချမ်းမြေ့ဖွယ်..နေ့လေး..ဖြစ်ပါစေရှင်
လေးစားလျှက်
သမီးစံ
စံပယ်ပန်း ကို စံပယ်ပန်းဖြစ်အောင် ရေးတတ်တဲ့ အကို့ရဲ့ ပိုစ်လေးကို အရမ်းကြိုက်မိပါတယ် ခင်ဗျာ။ စံပယ်ကို စိုက်ရတာလည်းကြိုက်တယ်၊ ရေနွေးကြမ်းထဲ စံပယ်ပန်းခြောက်ထည့်သောက်ရတာလည်းကြိုက်တယ်..
ReplyDeleteခင်မင်စွာဖြင့်
AH
စံပယ် တစ်ပင်စိုက်ထားတယ်၊ မပွင့်တာကြာပြီ၊ ပြီးခဲ့တဲ့ လပြည့်ညက လရောင်ကျနေတာ အရမ်းလှတယ်၊ အကယ်၍ အပွင့်သာရှိလို့ ကပိုလှမှာသေချာတယ်။
ReplyDeleteစံပယ်ပန်းကဗျာလေး ခံစားဖတ်ရှုသွားပါတယ်..။
ReplyDelete