Saturday, 26 November 2011

နင်မှနင်


နေ့နေ့ ညည
ငါ့ဘ၀က
အချိန်တိုင်းမှာ
နင်မှနင်ပါ  ။

နေ့ရဲ့အလင်း
ညရဲ့လမင်း
ဘ၀အလင်း
နင်မှနင်ပါ  ။

ထွက်သက်ဝင်သက်
ငါ့ရဲ့သက်က
ဘ၀များစွာ
နင်မှနင်ပါ  ။

ငါ့ရဲ့ အိပ်မက်
နေ့ခင်းမက်လဲ
အိပ်မက် မင်းသ္မီး
နင်မှနင်ပါ  ။

အလုပ်သွားပြန်
လူကအလုပ်
စိတ်ကဝေးဆီ
နင်မှနင်ပါ  ။

အရာအားလုံး
တန်းဖိုးထားဆုံး
အနှိုင်းမဲ့ချစ်
နင်မှနင်ပါ  ။

အိပ်ပျော်နိုးထ
ညနက်သန်းခေါင်
ဘယ်ချိန်ကြည့်ကြည့်
မြင်ခြင်ခဲ့တာ
နင့်မျက်နှာ 
လ၀န်းထက်မက
ပန်းကခစား
အလှတရားရဲ့ 
ဧကရီ နင်မှနင်ပါ
အိပ်မက်လေးရာ  ။ 


(အိပ်မက်လေးသို့ အမှတ်တရ)

လွင်ပြင်လှိုင်းငယ်

13 comments:

  1. ယုံလိုက်ပါနော် :P

    ReplyDelete
  2. အလုပ်သွားပြန်
    လူကအလုပ်
    စိတ်ကဝေးဆီ
    နင်မှနင်ပါ ။ ... ဒီစာသား လေးတော့ တိုက်ဆိုင်လို့ လားမသိဘူး ... အရမ်း ကြိုက် တယ်

    အယ် .. ကဗျာ တစ်ပုဒ် လုံး coppy လုပ်သွားပြီနော် ...

    ခင်မင်စွာဖြင့်

    ReplyDelete
  3. နင်မှနင်တဲ့
    အားပေးပါတယ်ကဗျာကောင်းလေးပါဗျာ....

    ReplyDelete
  4. မင်းမှ....မင်းပဲ... :P
    (လေးဖြူသီချင်းသတိရသွားလို့)
    100% တော့မယုံလိုက်နဲ့နော်
    အမတော် :))

    ReplyDelete
  5. ကောင်းလိုက်တဲ့ စာသားလေးတွေ ဗျာ... ကဗျာလေးလည်း ကြိုက်တယ်။

    ReplyDelete
  6. အောင်မြလေး... ကိုလွင်ပြင်ရယ်... တူတူနေနေရတာတောင် ဒီလောက်လွမ်းရလား.. အတူတူမနေရသေးတဲ့ လူတွေကိုအားနာပါဦး
    ချိတ်ညစ်တယ်.. လွမ်းသွားပြီ.. ပြန်မယ်.. ဒီမှာကြာကြာနေရင် ရူးသွားမယ်.. အဟင့် :(

    ReplyDelete
  7. နင်မှနင်ဖြစ်နေတဲ့ လွင်ပြင်လေးရေ
    မဒမ်လွင်ပြင်မရှိရင် အသက်မရှင်ခြင်ဘူးပေါ့နော်း))
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  8. နင်မှနင့်ကြောင့် ငါ၇ူးရတာပဲလေ

    ReplyDelete
  9. အပေါ်ကတစ်ယောက်ကတော့ယုံပါတယ်တဲ့
    ဒိုးကန်တော့ယုံဘူး ဟိဟိ
    (ရန်တိုက်ပေးသွား၏ )

    ReplyDelete
  10. ကဗျာလေး ခံစားအားပေးသွားပါတယ်...
    ကဗျာလေး ဖတ်ရင်း ဟိုအရင် မှန်ကူကွက်များခွေထဲမှာ ကိုအောင်ဆိုထားတဲ့ နင်နဲ့ ငါ သီချင်းလေးတောင် သတိရမိသွားတယ်...

    ReplyDelete
  11. ငါစိတ်ထဲလဲ နင်မှနင်ပါ လွင်လေးရယ် သေရောဟ ဟီးးး

    ReplyDelete
  12. ကဗျာတွေလာအားပေးသွားတယ်..
    အားလုံးအတွက်ကျေးဇူးတင်ပါတယ်။

    ReplyDelete