Wednesday, 23 November 2011

ပိတောက်


ပင်စည်က ခိုင်ခိုင်
ကိုင်းခက်တွေဖြိုင်ဖြိုင်နဲ့
ပင်စည်ဘေး
ခုံတန်းတွေချလို့ရယ်
အေးမြရိပ်ပေးတဲ့ အပင်  ။

တစ်နှစ်မှာတစ်လ
တစ်လမှာ တရက်
ခက်ခက်ခဲခဲ
ပွင့်ရှာရတယ်
သစ္စာရှင် ဒီအပင်
ဟို့ရှေ့ရှေ့တုန်းကပင်  ။

ရေမကူ မိုးမှာမပွင့်
ဆောင်းရဲ့ အေးဒဏ်
ကြံကြံခံလို့
နွေနေရဲ့ အပူပင်ကြားမှာ
အေးရိပ်တွေပေးပြီး
မိုးစက်လေး တဖြိုက်ဖြိုက်ကြားမှာ
ပွင့်ရရှာသလေ  ။

ရိုးတံဖြိုင်ဖြိုင်
ဖူး ငုံ စိမ်းစိမ်းနဲ့
ဝါရောင်တွေ သန်းပါလို့ရယ်
မွေးပျံတဲ့ ဒီရနံ့နဲ့
ရှားပါးသည့် ပန်း  ။

ရာသီရဲ့ ဒဏ်
လူတွေရဲ့ သီလ
ဒီသဘာဝတွေကြား
ဖူးပွင့်တာ အချိန်မမှန်တော့
ပြောကြပြန်သေး
သစ္စာမဲ့တဲ့ ဒီပန်းကလေး   ။

သစ္စာရှိတဲ့ ဒီပန်းရယ်လို့
တင်စားတာ လူ
ဖောက်ပြန်တယ်လို့
စွတ်စွဲတာလဲ လူ
ဒီအဖြစ် ဒီစနစ်တွေကြားထဲ
ပိတောက်မှာတော့ 
မျက်ရည် စက်လက်နဲ့ပေါ့  ။

လွင်ပြင်လှိုင်းငယ်

9 comments:

  1. ထိမတဲ့ ကဗျာလေးပါ ခံစားအားပေးသွားတယ်နော်

    ReplyDelete
  2. ဟုတ်ပါရဲ့...
    ပိတောက်ပန်းလည်း..
    တစ်ယောက်ဆို.တစ်ယောက်
    ပိတောက်ဆိုပိတောက်
    သူနဲ့ကျမှ.ဆယ်ယောက်မြောက်
    ဆိုပြီး.အနှိုင်းခံနေရပြီလေး)
    ကဗျာလေးခံစားသွားပါတယ်ရှင်
    ပျော်ရွှင်ချမ်းမြေ့ပါစေ
    လေးစားလျှက်

    ReplyDelete
  3. တော်လိုက်တာနော်
    မုန့်ကောင်းကောင်းလုပ်ကြွေးမယ်နော်
    အပေါ်ကနှစ်ယောက်ကဘယ်နားကြည့်ကြည့်အပေါ်
    အောက်နော်...မမြင်မှားလို့လား

    ReplyDelete
  4. ကဗျာကောင်းလေးလာရောက်ခံစားအားပေးသွားပါတယ်
    ရှင့်

    ReplyDelete
  5. ပိတောက်ကို ပိတောက်က လာဖတ်တယ်။ သင်္ကြန်နဲ့လိုက်အောင်ဧပြီကျပြန်တင်နော်၊ဒါမှမဟုတ်လဲ နောက်အသစ်ပေါ့နော့်

    ReplyDelete
  6. စံပယ်လား ပိတောက်လား
    ခုတော့ ကိုလွင်ပြင်က ပိတောက်တဲ့
    မဒမ်လွင်ပြင် တို့ ယောင်းမနဲ့လိုက်နေမယ်နော်း)

    ReplyDelete
  7. အမှန်တော့ သစ္စာရှိတဲ့ပိတောက်လည်း ရာသီဥတုဖောက်ပြန်မှုကြောင့် သစ္စာမဲ့တဲ့ ပိတောက်အဖြစ် ရောက်ခဲ့ရတာပါ လွင်ပြင်ရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  8. ပိတောက် အကြောင်း ရေးဖွဲ့ ထားပုံလေး လှလိုက်တာ...
    သင်္ကြန်ကိုတောင် သတိရသွားတယ်...

    ReplyDelete