Thursday, 17 November 2011

ချစ်တယ်ဆိုတဲ့အဖြေစကား


123Friendster.Com
အချစ်
အ လို့ချစ်တာလား
ချစ်လို့အတာလား
နင်ငါ့ကိုမမေးပါနဲ့
အ လို့ချစ်တာမဟုတ်သလို
ချစ် လို့ အ တာလဲမချစ်ဟုတ်ပါဘူး
ချစ်လို့ ချစ်တာ အချစ်ပါ ။

လှလို့ချစ်တာလား
ရိုးလို့ ချစ်တာလား
ဒီအကြောင်းလဲ နင်မသိချင်ပါနဲ့
လှတာချစ်ချင်မှတော့
မင်းသမီးတွေကို ချစ်မှာပေါ့
ရိုး လို့ချစ်ချင်ရင်
တောနက်နက်ထဲ ခရီးဆက်မှာပေါ့
ချစ်လို့ ချစ်တာ ရင်ထဲကပါ ။

ဘာကြောင့်ချစ်တာလဲ
အမေးစကားနဲ့
အချစ်ကို အကြောင်းပြခက်စာအုပ်ထဲ မထည့်လိုက်ပါနဲ့
အချစ်စစ်မှာ အကြောင်းပြချက်မရှိ
သက်သေမလိုပဲ
နှလုံးသားရဲ့ ရင်ခုန်သံကို
အမူယာစကားနဲ့
ဘာသာပြန်ခဲ့တာပါ
ဒါကြောင့် နင့်ကို ချစ်တာ
အကြောင်းပြချက်မဲ့နဲ့
ချစ်လို့ချစ်တာပါ ။

ဘယ်အချိန်ထိ
ချစ်မှာလဲ မောင်လို့
ယောင်လို့တောင်မမေးလိုက်ပါနဲ့
နင့်ကို ချစ်တဲ့အချစ်ဟာ
မွေးဖွားချိန်ပဲရှိပြီး
သေဆုံးချိန်မရှိတဲ့
သံသရာအဆက်ဆက်
ရှင်သန်မဲ့ အချစ်စစ်နဲ့
ချစ်ခဲ့လို့ပါပဲ ။

ဘယ်အချိန်နီးစပ်မှာလဲလို့လဲ
ဟိုအရင်ချိန်ကနင်မေးခဲ့ဖူးတယ်နော်
လူချင်းဝေးပြီး နှလုံးသားချင်းနီးရာကနေ
လူချင်းနီးပြီး
နှလုံးသားချင်းတထပ်တည်းကျအောင်
ငါလုပ်ဆောင်ခဲ့တာလဲ
နင့်ကို ချစ်တာထက် ပိုချစ်လို့ပေါ့ ချစ်သူရယ်  ။

(အမေးအမြန်းထူသော မဒမ်လွင်ပြင် ခေါ် အိပ်မက်လေးသို့ အမှတ်တရ အဖြေစကား)

လွင်ပြင်လှိုင်းငယ်

9 comments:

  1. အဲလိုဖြေလိုက်တယ်ပေါ့လေ ဟိဟိ
    ကိုရင်ကတော့နေတိုင်းမေးလွန်းလို့
    စိတ်ရှည်တော့ဝူးတဲ့း(

    ReplyDelete
  2. အဲဒီတော့..မဒမ်က
    ဘာပြန်ပြောလဲအန်ကယ်း))
    လေးစားလျှက်
    သမီးစံ

    ReplyDelete
  3. ဟုတ်ပါသည်။ ချစ်လို့ ချစ်ပါသည်။ :)

    ReplyDelete
  4. ချစ်သူမရှိသေးသူများသေချာဖတ်ထားနော်
    ရှိတဲ့ အခါပြန်မေးလို့ရတာပေါ့

    ReplyDelete
  5. ချစ်အဖြေလေးလာဖတ်သွားပါတယ်

    ReplyDelete
  6. လမင်းသေချာဖတ်သွားတယ်နော်
    မမ :P

    ReplyDelete
  7. မိုက်တယ်ဟေ့..
    နာ့လာမေးလည်း သယ်ရင်းကဗျာလေးအတိုင်းဖြေပြလိုက်မယ်..ဟီး..

    ခင်လျက်
    ဂျွန်မိုး

    ReplyDelete
  8. အလို့ ချစ်တာလား..ချစ်လို့ပဲ အ သွားတာလား..

    ReplyDelete