Sunday, 13 November 2011

တောင်းတချက်

လိုချင်တာအစစ်ပါ

အတုယောင်တွေနဲ့

ဟန်ဆောင် အပြုံးလှလှတွေကို

ပျားရည်မြစ်ထဲ သကြားလုံးငုံပြီး

ပြစ်ချွဲချွဲစကားသံတွေလဲ

မကြားလိုတော့ပါ။

မူယာ မာယာဆိုတဲ့စကားက

ကြားရသာတာ ဘာမှ မဟုတ်သလိုနဲ့

လက်တွေ့ခံစားဖူးသူတွေကတော့

တော်တော်ကို ခံရခက်တဲ့ လက်နက်တမျိုးပါပဲ

မူယာနဲ့ မာယာ ပူးပေါင်းတိုက်စစ်မှာ

ရှုံးနိမ့်သူလဲ မဖြစ်ချင်ပါဘူး။
  အရောင်တွေဆိုးထားတဲ့ အလှတရားရဲ့ ဖျားယောင်းမှု့မှာ
ဘ၀ပျက်တဲ့သူတွေများပေမဲ့
အလှပြင်ဆိုင်တွေမှာတော့ လူတွေတန်းစီလို့ပေါ့။
စကားမပြောတတ်တဲ့သူလဲ ဖြစ်ချင်ဖြစ်ပါစေတော့
မျက်လုံးက ပြောတဲ့စကားပဲ ဘာသာပြန်ပါ့မယ်
နားမကြားတဲ့သူလဲ ဖြစ်ချင်ဖြစ်ပါစေတော့
နှလုံးသားနဲ့ ရှင်းပြပါ့မယ်
အသားမဲနေစေအုံးတော့
စိတ်ထားလေးဖြူရင်ကျေနပ်ပါပြီ
မျက်နှာအလှအတွက်လဲ
အလှပြင်ဆိုင်တွေပိတ်ခိုင်းပြီ
သနပ်ခါးရည်ကျဲလေး အမြဲ အိမ်မှာလိမ်းပေးပါ့မယ် ။   လွင်ပြင်လှိုင်းငယ်

7 comments:

  1. အခုရနေတာလဲ
    အချစ် စစ်စစ်ဟုတ်ဘူးလားအေ......
    နာမတိလို့မေးတာကိုဂျိတ်မဆိုးနဲ့နော်

    ReplyDelete
  2. (မူယာမာယာတွေပိုလွန်းတယ်
    ပျူငှာတာတွေကိုလျှော့အုံးကွယ်
    ဒီပုံစံဟာ..တကယ်ကိုဖရိုဖရဲနဲ့ကွယ်
    ကလေးမရယ်.ဒီလိုဆို.မဂျစ်ဘူးကွယ်း)
    လေးစားတယ်ဗျို့
    ဘာတဲ့..
    စကားလည်းမပြောတတ်
    နားကလည်းမကြား
    အသားကလည်း.မည်းနေတဲ့သူကို
    မေတ္တာထားနိုင်တယ်
    ဆိုတော့ကာ..း)))
    ............
    လေးစားလျှက်ပါရှင်
    ချစ်ခင်စွာဖြင့်
    သမီးစံ

    ReplyDelete
  3. မေသိမ့်သိမ့် ကျော်14 November 2011 at 05:02

    သနပ်ခါးနဲ့ လုပ်ထားတဲ့ ဘိုင်အိုအက်စင့် ဝယ်ပေးမှာလားတဲ့...။ ဂွတ်တယ်။ ကဗျာလေးက ဂွတ်သမှဂွတ်ပဲ။

    ReplyDelete
  4. မူယာနဲ့ မာယာ ပူးပေါင်းတိုက်စစ်မှာ

    ရှုံးနိမ့်သူလဲ မဖြစ်ချင်ပါဘူး
    အဲနစ်ခုကြောင့် ရှူံးဖူးတယ်ရှင့်

    ReplyDelete
  5. မျက်လုံးနဲ့ ဘာသာပြန်ပြီး နှလုံးသားနဲ့ ရှင်းပြမယ်တဲ့လား ..
    ဟိုဟိုးး .. အဲ့ဒီဘာသာသင်တန်းတက်ချင်လိုက်တာ .. အဟိ ..
    ကဗျာလေးကမိုက်အိ ..

    ခင်မင်စွာဖြင့်
    April

    ReplyDelete
  6. နှလုံးသားဖြူစင်တဲ့ ကောင်မလေးကို ဆွံ့အ နားမကြားကျောင်းကနေ ရှာပေးရမလိုဖြစ်နေပြီ လွင်ပြင်လေးရေ။(ချစ်လို့စတာနော် စိတ်ဆိုးနဲ့အုံး) မဒမ်လွင်ပြင်လေးရေ မသိချင်ယောင်ဆောင်နေလိုက်နော်
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  7. တစ်ခါတစ်ခါ
    အတုတွေနဲ့ အသားကျလာတော့ အစစ်ကိုတောင် အတုထင်နေလာတတ်ကြတယ်။

    ReplyDelete