Saturday, 12 November 2011

ပေါက်ကရ အတွေးများ





မဆုံနိုင်ဘူးထင်ပေမဲ့
ကောင်းကင်က တိမ်တိုက်တွေနဲ့
မြေပြင်ထက်နိမ့်တဲ့ ရေပြင်တောင်ဆုံတွေခွင့်ရှိပါတယ်
တိမ်တိုက်တွေဟာ မိုးစက်အဖြစ်
ရေပြင်သို့ ခုန်ချလာသလို
ရေငွေ့တွေဟာလဲ
တိမ်တိုက်အဖြစ် ကောင်းကင်ယံသို့
ရင်ခုန်စွာ ပျံတက်ကြတာပဲလေ ။

နှစ်ယောက်တည်းရှိတဲ့ ကမ္ဘာမှာ
ခွဲခွါခြင်းမရှိဘူးရယ်လို့
အာဒံကကော ရဲရဲပြောရဲလား
သေခြင်းတရားရဲ့ အမိန့်တခုမှာ
အားနားခြင်းမရှိ ခွဲခွါရမှာပါပဲလေ ။

မှန်မျက်နှာပြင်က ပြုံးခြင်း မဲ့ခြင်းဟာ
ငါ့ပုံရိပ်အစစ်လား
ရေပြင်ထက် မှုံဝါးဝါး ပုံရိပ်ကကော
ငါမဟုတ်ဘူးလား ။

မျက်လုံးအောက်က အလှမှ အလှစစ်လား
တိုးတိုးလေးကပ်ပြောမှ သူ့အသံလား
ထိတွေ့မှု့ရှိမှ အချစ်ဆိုရင်
ပိုက်ဆံရဲ့ နမ်းရှိုက်မှု့အောက်က
ကောင်မလေးလှလှတွေမှာ
အချစ်တွေ ဂိုဒေါင်အပြည့်ပေါ့ ။

မမြင်ရ မတွေ့ရလဲ
လေထဲက အချစ်တွေက
အတောင်ပံတစ်စုံတပ်ပြီး
မင်းနှလုံးသားမှာ ထားဝရနားခိုတာကော
အချစ်စစ်မဟုတ်ဘူးလို့ မင်းပြောရဲလား ။

ဘာပဲပြောပြောပါ
ဖြစ်နိုင်တာက မဖြစ်နိုင်သလို
မဖြစ်နိုင်တာကလဲ ဖြစ်နိုင်ပါတယ်
အချစ်ကို အချစ်လို့ပဲခံစားရင်
အမုန်းဆိုတာ ကြားဖူးပြီး ခံစားဖူးမှာလဲမဟုတ်ပါဘူး  ။

လွင်ပြင်လှိုင်းငယ်

9 comments:

  1. စာသားလေးတွေသုံးထားတာလှတယ်
    သေခြင်းတရားရဲ့ အမိန့်တခုမှာ
    အားနာခြင်းမရှိ ခွဲခွါရမှာပါပဲလေ....တဲ့လား

    ReplyDelete
  2. ဘာပဲပြောပြော
    စိတ်ချရအောင်
    ရဲမျက်မှန်တွင်လုပ်သည်း) (ကြော်ငြာ)
    ဂိုထောင်ထဲက.အချစ်တွေ
    နေထုတ်လှန်းအုံးနော်အစ်ကို
    မှိုတက်ကုန်မစိုးလို့ပါးP
    ကဗျာလေးကို..(နှစ်ခေါက်တိတိ)
    အစအဆုံး..ခံစားသွားပါတယ်း)
    ပျော်ရွှင်ချမ်းမြေ့ပါစေရှင်
    လေးစားလျှက်
    သမီးစံ

    ReplyDelete
  3. ဘာပဲပြောပြောပါ
    ဖြစ်နိုင်တာက မဖြစ်နိုင်သလို
    မဖြစ်နိုင်တာကလဲ ဖြစ်နိုင်ပါတယ်
    အချစ်ကို အချစ်လို့ပဲခံစားရင်
    အမုန်းဆိုတာ ကြားဖူးပြီး ခံစားဖူးမှာလဲမဟုတ်ပါဘူး
    တကယ်မိုက်တယ် ထပ်တူခံစားသွားပါတယ်

    ReplyDelete
  4. ပေါက်ကရရေးထားတာကို ပေါက်ကရလူက လာဖတ်သွားပါတယ်

    ReplyDelete
  5. ကိုကိုမောင်(ပန်းရနံ့)12 November 2011 at 08:45

    လေလှိုင်းပေါ်မှာ အချစ်တွေ ရနေပြီထင့်ပါ့။

    ပေါက်ကရရေးတာကို ပေါက်ကရမန့်ထားတဲ့ စာကို ပေါက်ကရ ထပ်ဖတ်သွားပါတယ်။း))

    ခင်မင်လျှက်

    ReplyDelete
  6. အားပေးသွားပါတယ်အကိုရေ... ကဗျာလေးကို ထပ်ခါ ထပ်ခါ ဖတ်ကြည့်မိတယ်။ ကြိုက်တယ်။ အီဗာပိုရေးရှင်း၊ ကွန်ဒန်ဇေးရှင်း ၀ါးတာဆိုင်ကယ်၊ မှန်ရော၊ ရေရော၊ အချစ်ဂိုဒေါင်ရော၊ လေထုထဲက ချစ်မေတ္တာရော အကုန်လုံးကို ခံစားသွားပါသည်။

    ReplyDelete
  7. ကောင်းတယ်ဟေးးးးးးးးး မိုက်တယ် ကြိုက်တယ်

    ReplyDelete
  8. မေသိမ့်သိမ့် ကျော်13 November 2011 at 04:38

    အချစ်ဆိုတာကို အချစ်လို့ ခံစားရုံပါပဲ။ ဖူးစာမှန်ရင် ဘယ်လို အတားအဆီးရှိရှိ တစ်နေ့တော့ ဆုံစည်းရမှာပေါ့။

    ReplyDelete
  9. မဒမ်လွင်ပြင်ဘာပြောလို့တုန်းး)

    ReplyDelete