Wednesday, 9 November 2011

အလွမ်းနဲကဗျာ






 အချစ်နဲ့မရင်းနှီးသေးတဲ့ သူကို ရင်းနှီးသွားအောင် နင်သင်ပေးခဲ့တယ်
ရင်မခုန်တက်တဲ့နှလုံးသားကို ရင်ခုန်တက်အောင် နင်သင်ပေးခဲ့တယ်
မလွမ်းတက်တဲ့ စိတ်ကို
လွမ်းတက်အောင် နင်သင်ပေးခဲ့တယ်
နင်သင်ပေးခဲ့တဲ့ ပညာတွေ
အကုန်တက်မြောက်သွားတော့
နင်ငါ့ကို ကျောခိုင်းသွားတယ်

အခုတော့ င့ါမှာနင်သင်ပေးခဲ့တဲ့
အလွမ်းတွေကို ခင်တွယ်ရင်း
ကျန်ရစ်ခဲ့သူပါ

ငါအလွမ်းတွေ သတိရခြင်းတွေက မင်းအတွက်
စိတ်အနှောက်အယှက် ဖြစ်မယ်ဆိုရင်
ငါခံစားချက်တွေကို မင်းကြေနပ်ဖို့အတွက်
သိမ်းဆည်းထားမှာပါ ဒါပေမဲ့
မင်းကိုလွမ်းတဲ့ အကြောင်းကို ကဗျာတစ်ပုဒ်
အဖြစ်တော့ ဖော်ပြခွင့်ပြု ပါ    ချစ်သူ ၊၊    ယွန်းသစ္စာ     (မှတ်ချက်။   ။သူငယ်ချင်းလေး ယွန်းသစ္စာ မှရေးဖွဲ့တင်ပြပါသည်။)

5 comments:

  1. ဖတ်လို့ကောင်းတယ်.ယွန်းသစ္စာရေ.
    အားပေးသွားပါတယ်
    ကိုလွင်ပြင်လည်း.ချမ်းမြေ့ပါစေရှင်
    ခင်မင်စွာဖြင့်
    သမီးစံ

    ReplyDelete
  2. ကဗျာလေးလာေ၇ာက်ခံစားအားပေးသွားပါတယ်

    ReplyDelete
  3. ကဗျာလေး ကောင်းလိုက်တာ

    ခင်လျက်
    ဂျွန်မိုး

    ReplyDelete
  4. မလွမ်းလောက်ပါဘူး..ချစ်တတ်သူတယောက်ရဲ့နှလုံးသားကိုမစာနာပဲသစ္စာမဲ့ခဲ့ရင်တော့

    ReplyDelete
  5. အချစ်ဆိုတာ ပေးလိုက်ရတာနဲ့ ပြန်ရတာ တွက်ချက်နေတဲ့ ပုစ္ဆာတစ်ပုဒ်မှ မဟုတ်ပဲ... ချစ်တက်တဲ့သူ အတွက်တော့ ချစ်နေရတာပါပဲလေ..
    ခံစားအားပေးလျှက်...

    ReplyDelete