Sunday, 6 November 2011

စွန့်ပစ်ခြင်း






 တိုးတိတ်နှုတ်ဆိတ်နေတဲ့

ကောင်းကင်ကြီးက

စိုးထိတ်စွာဖြင့်

မိုးရိပ်ကင်းပြီး

ကြယ်စုတွေပျော်မြူးကခုန်နေတုန်း

အလွမ်းကို မွေ့ယာလုပ်

ကြေကွဲမှု့ ခေါင်းအုံးထက်

နောင်တမျက်ရည်တွေနဲ့ ငါ။

ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းအတွက်

ရလာဒ်က ဘာလဲ

နာကျည်းခြင်းမျက်ဝန်းထဲက

ခါးသီးမှု့ အကြည့်တွေလား

ဒဏ်ရာများစွာနဲ့

ခပ်ယဲ့ယဲ့ ခုန်နေတဲ့ရင်ကို

ရက်စက်ခြင်း ဖြေအစုံနဲ့ ဇုန်ကန်ခံရတော့

အသက်ရှုရတာ သိပ့်မ၀တော့ဘူး ။



ခံစားခြင်းနဲ့ လွမ်းဆွတ်မှု့က

သီချင်းနဲ့ ကဗျာတွေမှာ

အသုံးအများဆုံး စကာလုံးဖြစ်ပေမဲ့

လက်တွေ့ကျကျ ခံစားနေရတဲ့

ငါ့အတွက်ကတော့

ကြေကွဲ လွမ်းဆွတ် စွန့်ပစ်ခံ

ဒီဝေဒနာတွေကို

အမှိုက်အိတ်ထဲထည့်ပြီး ဘယ်တော့မှ ပြန်လမ်းမရှိတဲ့ စီးဆင်းနေတဲ့ မြစ်တစ်ခုထဲ လွင့်ပစ်လိုက်လိုက်ချင်ပါပြီ။  (မှတ်ချက်။     ။သူငယ်ချင်းတစ်ယောက်အတွက် ရင်ဘတ်ခဏငှားပြီး ရေးဖွဲ့ခြင်းဖြစ်ပါသည်။)
လွင်ပြင်လှိုင်းငယ်

13 comments:

  1. အဲ့လိုဆို နာ့အတွက်လည်း ရေးပေးအုံနော်
    အားပေးသွားပါတယ်

    ReplyDelete
  2. ရေးပေးမယ် ဘယ်လိုခံစားချက်လဲ ပြောတာပြော

    ReplyDelete
  3. လွင့်ပစ် ချင်တာကမခံစားနိုင်လို့ပေါ့။ တစ်ခါလေလဲလွမ်းရတာ ကောင်းပါတယ်။ တကယ်ချစ်ရင်ဘယ်သူကမှလဲ ယတိပြတ်မဖြတ်နိုင်ပါဘူး။ ခံစားဖူးရင်သိကြပါတယ်။

    ReplyDelete
  4. ကျွန်တော်လည်း ကျောင်းတုန်းက အဲဒီလို အငှားခံစားချက်တွေနဲ့ ရေးပေးဖူးတယ်။ အားပေးပါတယ်။ ကျွန်တော်လည်း ကဗျာဆရာတစ်ယောက်သာ ဖြစ်ချင်သူပါ။

    ReplyDelete
  5. အမှိုက်အိတ်ထဲထည့်ပြီး ဘယ်တော့မှ ပြန်လမ်းမရှိတဲ့ စီးဆင်းနေတဲ့ မြစ်တစ်ခုထဲ လွင့်ပစ်လိုက်လိုက်ချင်ပါပြီ။ ....အခုတစ်လော အဲဒီလို လွင့်ပစ်ချင်တယ် ...တကယ်ပဲ..:(

    ReplyDelete
  6. မဂျက်တို့အတွက်လဲရေးပေးပါဦးလေ
    ခံစားချက်တွေ ပေါ့နော်။

    ReplyDelete
  7. အားပေးသွားပါတယ်ခင်ဗျာ။ ယဲ့ယဲ့ ရင်ခုန်သံ ကာရန်တွေနဲ့ စပ်တော့ ခံစားရပါတယ်ခင်ဗျာ။

    ReplyDelete
  8. ထပ်တူ ခံစားခဲ့ပါတယ်ဗျာ

    ReplyDelete
  9. ကဗျာလေးလာရောက်ခံစားဖတ်ရှုသွားပါတယ်
    လမင်းလည်းခံစားချက်လေးပြောအုံးမှထင်တယ် :P

    ReplyDelete
  10. မလွှတ်ပစ်ပါနဲ့ကွယ်
    မေတ္တာမှန်ရင်ပြန်လာမှာပါး)

    ReplyDelete
  11. လွှင့်ပစ်လို့ရရင်လွှင့်ပစ်ချင်တာကြာပေါ့

    ReplyDelete
  12. နှုတ်ခမ်းတစ်စုံရဲ့
    မပွင့်တပွင့်ဖြေသံ
    ချစ်တယ်....တဲ့
    စကားလုံးနှစ်လုံးမှာ
    ငါ့နှလုံးသား လဲပြိုလို့
    ခပ်ဟဟစကားတစ်ခွန်းနဲ့တင်
    ငါ့အတွက်လုံလောက်ခဲ့ပါတယ်။

    သယ်ရင်းရေ... လာလည်သွားတယ်။ ကဗျာဖတ်သွားသလို ခံစားမိသလိုလေး ပြန်ရေးခဲ့တာ.. :D

    ခင်လျက်
    ဂျွန်မိုး

    ReplyDelete
  13. ကဗျာလေး ခံစားအားပေးသွားပါတယ်ဗျာ...
    အောက်က မှတ်ချက်လေးကို တွေ့ တော့ ငယ်ငယ်တုန်းက ရည်းစားစာ တစ်စောင်ကို လက်ဖက်ရည် တစ်ခွက်နှုန်းနဲ့ ရေးပေးခဲ့ရတာလေးကို သွားသတိရမိပါရဲ့ ...

    လင့် ယူသွားခွင့် ပြုပါ...

    ReplyDelete