Tuesday, 1 November 2011

အချစ်ကို ကိုးကွယ်သူမဟုတ် အချစ်ကကိုးကွယ်သူငါ






အချစ်ကို ကိုးကွယ်တော့လေ
မျက်မမြင်တစ်ယောက်ပေါ့
ငါလေ တဲ့
မျိုးကြီးသီချင်းလေးတွေးမိတယ်
လူတွေက အချစ်ကို ကိုးကွယ်တယ်တဲ့
ငါကတော့ အချစ်ကို ကိုးကွယ်မှု့မရှိပါဘူး။

မင်းကို ချစ်တဲ့ငါ့ချစ်ခြင်း
 ကြင်နာခြင်းတွေ
ယုယ ထွေးပွေ့မှု့
အရိပ်တစ်ခုလို
အလင်းရောင်ကြောင့်
 ငါ့အရိပ်က ငါ့ရှေ့မှာရှိရင်တောင်
မင်းကိုများနင်းမိမလားတွေးပြီး
အရိပ်မရှိတဲ့ဘက်က လမ်းလျှောက်တတ်သူပါ။

ဘယ်အမျိုးသမီးတွေ
ဘယ်လောက်တော် ဘယ်လောက်တတ်လဲလို့
ငါစိတ်မ၀င်စားဘူး
ငါ့အတွက်တော့ မင်းဟာ အထက်မြက်ဆုံး
ရိုးသားခြင်းဝတ်ရုံကို အမြဲဝတ်ဆင်ထားတဲ့
ငါအလေးစားရဆုံး မိန်မတစ်ယောက်ပါ။

ကိုရီယားကားတွေ ဘယ်လောက်
မျက်ရည်မိုးတွေရွာအောင်ရိုက်ပြရိုက်ပြ
ငါမခံစားရပေမဲ့
မင်းမျက်နှာလေး တစ်ချက်ညိုးရင်တောင်
ငါ့ရင်ထဲမှာ မျက်ရည်မိုးတွေ
မျက်ရည်တိမ်တိုက်တွေ ပြောင်စင်တဲ့အထိ
ရင်ထဲမှာငိုတတ်သူပါ။

ငါဟာ ဘုရင်တပါးလဲ မဖြစ်ချင်ဘူး
မိဘုရား အမြောက်အများနဲ့
ရှုတ်ထွေးလှတဲ့ အရေးများစွာနဲ့
မင်းကို အချိန်မပေး
မယုယနိုင်မှာ တွေးကြောက်လို့ပါ
ဖြစ်နိုင်ရင် မင်းကို ဘုရင်မခန့်ပြီး
ငါ့နှလုံးသားနန်းမှာစံ
သံသရာအဆက်ဆက် ခစားချင်တာပါ
ခစားခွင့်ပြုပါ။

အရာရာစုအကြောင်းပြုပြီး
အချစ်ဆိုတဲ့အရာဟာ
မင်းကို ချစ်တဲ့ ငါ့ချစ်းခြင်းကို
မယှဉ်နိုင် အလီလီရှုံးပွဲ ဒိုင်ပွဲရပ်နဲ့
ငါ့ရဲ့ ချစ်ခြင်းမှာ ဦးညွှတ်ခစားပြီး
အချစ်ရဲ့ကိုးကိုယ်ရာ ငါဖြစ်ခဲ့တာပေါ့။

ငါသည်အချစ်ကို မကိုးကွယ်
အချစ်သည်ငါ့ကို ကိုးကွယ်သူသာဖြစ်သည်။

အိပ်မက်လေးသို့ ရည်ရွယ်ပါသည်

6 comments:

  1. လန်းနေတာ....
    အချစ်ကကိုးကွယ်သူငါ..
    အင်း..သိတ်တော.နားမလည်ဝူး
    စဉ်းစားအုန်မယ်အေ...မြင်.နေလို.
    ဘာပဲပြောပြောကောင်းပါတီ
    ရှင်.ချစ်သူလဲကံကောင်းပါတီ...
    ချမ်းမြေ.ပါစေ

    ReplyDelete
  2. မင်းမျက်နှာလေး တစ်ချက်ညိုးရင်တောင်
    ငါ့ရင်ထဲမှာ မျက်ရည်မိုးတွေ
    မျက်ရည်တိမ်တိုက်တွေ ပြောင်စင်တဲ့အထိ
    ရင်ထဲမှာငိုတတ်သူပါ။..
    ချစ်ခြင်းအတိမ်အနက်လေးကို
    လှစ်ခနဲ ချပြထားတယ်.....
    ခံစားအားပေးလျှက်ပါ

    လွင်ပြင်ရေ...

    ReplyDelete
  3. ကဗျာလေးခံစားအားပေးသွားပါတယ်
    မရေးတတ်ပေလို့ပဲနော်

    ReplyDelete
  4. တစ်ကယ်ကြီးလားဟယ်
ဲဖြစ်မှဖြစ်ရလေတယ်ကွယ်

    ReplyDelete
  5. ကဗျာလေး ကောင်း၏..
    အစဉ်အားပေးလျှက်...

    ReplyDelete
  6. အချစ်လားဟေ့....
    သူ..ဖျား...နေတယ်...။

    ReplyDelete