Tuesday, 17 January 2012

ငါနဲ့နင်


ငါ
အကြိမ်အကြိမ်
အနိုင်ယူခဲ့လဲ
နင်
အခါခါ
အလျော့ပေးခဲ့တယ်  ။

ငါ
အမြဲတမ်း
မှားခဲ့လဲ
နင်
ထာဝရ
ပြင်ဆင်ပေးခဲ့တယ် ။

ငါ
စာနာခြင်းကင်းတဲ့
စကားလုံးနဲ့ တိုက်ခိုက်တိုင်း
နင်
မာယာကင်းတဲ့
နှလုံးသားနဲ့
ခုခံ စာနာ နားလည်ပေးတတ်တယ်  ။

ငါ
အတ္တ၀တ်ရုံနဲ့
ကခုန်တဲ့ပွဲတိုင်း
နင်
ဖြူစင်တဲ့ စိတ်ထားလှလှ
ကာလကာလေးနဲ့
အမှောင်မဖုံးအောင် ခြုံလွမ်းပေးခဲ့တယ် ။

ငါ
ဒဏ်ရာတွေနဲ့
ခရီးဆက်တဲ့ ညတိုင်း
နင်
ဖေးမခြင်းခြင်းလက်တစ်စုံနဲ့
အကြင်နာမီးအိမ်လေးကိုင်ပြီး လမ်းပြပေးခဲ့တယ် ။

ငါ
သာယာမှု့ အပေါင်း
မကောင်းမှု့မှာ မွေ့ပျော်မယ် ကြံတိုင်း
နင်
အမေတစ်ယောက်လို
ခေါင်းလေး ပွတ်သတ်ပြီး
ရာဇ၀င်ထဲက လူမိုက်ဇတ်သိမ်း ပုံပြင်လေးတွေ ပြောပြတတ်တယ် ။

ငါ
  ချိုသကာတွေဆမ်း
 ဘီယာရဲ့ ရင်ဝမှာ ဘော်ဒါတွေရဲ့
 ဟန်ဆောင်ပြုံးတွေ ဧည့်ခံတဲ့ပွဲမှာ ပျော်နေတုန်း
 နင်
 အထီးကျန် အခန်းကျဉ်းလေးထဲမှာ
အဖော်မဲ့စွာငိုနေရင်း
အိမ်အပြန်အခန်းဝမှာတော့ အပြုံးလေးနဲ့ ကြိုဆိုတတ်တယ်နော် ။

ငါ
ချစ်မိခဲ့သည်
မချစ်တတ်သေးပါ
ငါ
ခြေထောက်ရှိသည်
မလျှောက်တတ်သေးပါ
အရာရာ ငါ့ဘ၀က
အပြစ်တွေကို အချစ်နဲ့ ဆေးကြောတတ်တဲ့
နင်
မကောင်းမှု့တွေကိုဖယ်
ကောင်းမှု့ ကုသိုလ်တွေယူတတ်အောင်သင်ပေးတဲ့
နင်
ငါနဲ့နင်
နင်နဲ့ငါ
ဘယ်အကြောင်းကြောင့်
မခွဲနိုင်ပါ

Tuesday, 10 January 2012

သူ


ချစ်ခင် မြတ်နိုး
တွယ်တာ ယုယ
ရစ်ပတ်နှောင်ကြိုး
သံယောဇဉ်ရဲ့ သခင်
အဖိုးမဖြတ်နိုင်တဲ့
ဘုရားရဲ့ လက်ဆောင်
    သူ့ပုံပန်းက
စိတ်ထားကဖြူဖြူ
လူပုံက နွဲ့နွဲ့
သဒ္ဒါက ကြွယ်ကြွယ်
အရွယ်သုံးပါးမရွေး
ကူညီတတ်    သူ  ။

ယုန်သူငယ်အလား
သူ့အသည်းက
ဟုတ်မှန်လျှင် တောင်းပန်ဖို့
ဝန်မလေးတတ်ပေမဲ့
မဟုတ်မှန်လျှင်တော့
မဟုတ်မခံစိတ်ရှိတာမို့
ကျားနို့စို့ကာ မွေးဖွားသလား အထင်မှားရတဲ့
ကျွန်တော့် ချစ်သူ
ယုန်အသည်းနဲ့ကျားရဲလေး  သူ  ။

အပိုစကားတွေ မပြောတတ်ပေမဲ့
လိုအပ်လာလျှင်
အရှင်ဘုရင်တောင်
အမှန်တရား တစ်ခုအတွက်
အသက်ကို ပါကင်ပိတ်
စိုးထိတ်မှု့မရှိ
ပြောရဲတာလဲ
ကျွန်တော် ချစ်သူ
သူရဲကောင်းလေး သူ     ။

သက်ထားအိမ်သူ
နင့်လိုလူမှ
မကြင်နာ မယုယ
တန်းဖိုးမထားတတ်လျှင်
ငါ့ကို လူအ
လူအများကပြောတာ မပြောတာ
အသာထားအုံး
နှလုံသားက
တန်ဖိုးဖြတ်မရတဲ့
ဇနီးအလှ ချစ်သူနင့်ကို
သံသရာအဆက်ဆက်
အကြောင်းဘက် ပေါင်းဖက်ပါရစေ
ချစ်တဲ့ သူ ။

Monday, 9 January 2012

မေမေ


နိုးထတဲ့ မနက်တိုင်းမှာ
တနေ့တာအလုပ်ကိုတွေးပြီး
စိတ်ညစ်စရာ စိတ်ရှုပ်စရာတွေနဲ့ မျက်နှစ်သစ်တိုင်း
ငယ်စဉ်ကလေးဘ၀က
မေမေ့ရဲ့ အသံချိုချိုနဲ့
အိပ်ယာနိုးတတ်တဲ့ အဖြစ်ကို သတိယမိတယ် ။

  လောဘလမ်းကိုလျှောက်ဖို့ 
မာယာဝတ်စုံကိုဝတ်
ငွေပေးပြီးဝယ်ရတဲ့
ကော်ဖီပူပူတစ်ခွက်မော့သောက်ပြီး
   ဟန်ဆောင်တဲ့ အပြုံးတွေနဲ့ ကြိုဆိုမဲ့
အလုပ်ကိုသွားဖို့ပြင်တိုင်း
ဘ၀ပန်တိုင်လှဖို့ ဟောင်းနွမ်းပြီး သန့်ရှင်းနေတဲ့
  ကျောင်းဝတ်စုံ ဖြူ စိမ်းလေးနဲ့ လွယ်အိတ်လေးကိုပေး
ရေနွေးကြမ်းနဲ့ ထမင်းခဲလေးကျွေးပြီး 
နဖူးထက်မှာ ကြူကြူပါအောင်မွေးလို့
     ကျောင်းတော်ကြီးဆီသွားခိုင်တဲ့
မေမေ့အေးရိပ်လေးကို လွမ်းမိတယ် ။

 လျှောက်လှမ်းရတဲ့ လမ်းတိုင်း
အလှဲလှဲ အပြိုပြို
ဟန်ဆောင်ပြီး သုံးမရတဲ့ အပြုံးလှလှတွေကြားထဲ
လူတကာရဲ့ လှောင်ပြောင်မှု့ကြားမှာ 
ကိုယ့်အားကိုကိုးပြီးထတဲ့အခါတိုင်း
မာနဖိနပ်တရံနဲ့ (တလွဲမာန) 
ညစ်ပေနေတဲ့ ယုံကြည်ချက် ဦးထုပ်ဆောင်း
ခြေလှမ်းတွေခိုင်ပြီအထင်နဲ့
မေမေ့ရင်ကို ဇုန်ကုန်ပြီးထွက်ခွာသွားဖို့ပြင်
အမှတ်မထင်လှဲကျတုန်းက 
နားလည်ပေးမှု့လက်တစ်စုံနဲ့ ထူပေးခဲ့အဖြစ်ကလဲ
မနေ့ကလိုပါပဲ  မေမေ ။

အမေ မေမေ မာမီ အခေါ်တွေဘယ်လိုပြောင်းပြောင်း
မြန်မာပြည် မလေးရှား အော်စီ ယူအက်
ရေမြေတွေဘယ်လိုပဲခြားခြား
မပြောင်းလဲတဲ့ အရာတစ်ခုပဲရှိတယ်
မေမေ့မေတ္တာ 
မေမေ့အကြင်နာ
ယုယမှု့က ဖဲမွေ့ယာ
နားလည်းပေးတတ်တဲ့
အနှိုင်းမဲ့တဲ့ ချစ်ခြင်းတရားတွေကတော့
ကမ္ဘာပျက်ပြီး အနောက်မှနေထွက်တောင်
မပြောင်းလဲမယ့် 
ထာဝရသစ္စာ မေမေ့မေတ္တာပါ ။

လွင်ပြင်လှိုင်းငယ်

Saturday, 7 January 2012

အငယ်ဆုံးသောသူ

ငါဟာ
ပန်းပွင့်ငယ်လေးပါ
ပန်းခင်းကြီးထဲကတော့မဟုတ်ပါ
ခြောက်သွေ့နေတဲ့ ကုန်းမြင့်တစ်ခုပေါ်က
ပန်းကလေးတစ်ပွင့်ရယ်ပါ..............။

ငါဟာ
ရေစက်ငယ်လေးပါ
ပင်လယ်ပြင်ကြီးထဲကတော့မဟုတ်ပါ
ကန္တာရမြေပေါ်ကျဆင်းရတဲ့
သုန်ဖျင်းတဲ့မိုးစက်ကလေးရယ်ပါ......။

ငါဟာ
ဖယောင်းတိုင်ငယ်လေးပါ
နေရာတိုင်းကိုတော့အလင်းမပေးနိုင်ပါ
အထီးကျန် သူရဲ့ အခန်းကျဉ်းလေးကိုသာ
မြင်သာစေတဲ့ အလင်းစက်လေးရယ်ပါ..........။

ငါဟာ
အငယ်ဆုံးသောသူပါ
လောကကြီးတစ်ခုလုံး အတွက် အသုံးမ၀င်ပါ
ဝေဒနာရှင် တစ်ချို့တစ်ချို့ အတွက်သာ
ပြုစုပေးနိုင်တဲ့  မီးအိမ်ရှင်လေးရယ်ပါ.................။

ငါဟာ..........
ငါဟာ............လောကကြီးရဲ့
အငယ်ဆုံးသောသူပါ...................။

      မိုးစက်ငယ်

Thursday, 5 January 2012

တနေ့တာ (တဂ်)

အိပ်ယာကနိုးနိုးချင်းအရင်ဆုံးဘာလုပ်သလဲ?

*** အာပုပ်နံ့နံနေသောပါးစပ်ဖြင့် ဇနီးဖြစ်သူနဖူးကိုနမ်းပြီး မထချင်ထချင် ထပြီး ဘေးမှာရှိသော ဆေးလိပ်ဗူးမှ
ဆေးလိပ်တစ်လိပ်ယူပြီး ရေချိုးခန်းသို့ ၀င်သွားပြီး ကိစ္စမှန်သမျှရှင်းဖြစ်ပါသည်***


မနက်စာကို  ဘယ်လိုအစားအစာ  စားရတာကြိုက်ပါသလဲ?

***ကော်ဖီတစ်ခွက် ထမင်းကြော်နှင့် တစ်ပတ်တစ်ကြိမ် မုန့်ဟင်းခါးစားရသည်ကို ကြိုက်ပါသည်***

 
လောလောဆယ်နေ့တိုင်းစားဖြစ်နေတဲ့   မနက်စာ?

***ကော်ဖီ***

 နေ့လည်စာကို   ဘယ်လိုနေရာမျိုးမှာစားရတာကြိုက်ပါသလဲ?

***အိမ်မှာပါ အပြင်တွင်စားလေ့စားထမရှိပါ အဘယ်ကြောင့်ဆိုသော် သူမ ချက်ကျွေးသော အစားအစာများကိုသာ ကြိုက်နှစ်သက်သောကြာင့်ဖြစ်ပါသည်***

အခုလက်ရှိအစားချင်ဆုံးဟင်းကိုပြောပြပါ?

***နို့ခဲဟင်း ငါးသလဲထိုးကိုနွားနို့ထဲမွေးမြူထားပြီးပြန်ချက်ထားသောဟင်း အင်ဥကြော်***


အလုပ်မှာကော်ဖီ  ဘယ်နှစ်ခွက်  သောက်ပါသလဲ?

***ငါးခွက်လောက်သောက်ဖြစ်ပါသည် ဆိုင်မှာကော်ဖီ ဖရီးရပါသည် မ၀ယ်ရပါ။မဒမ်လွင်ပြင်က ကော်ဖီအများကြီးသောက်သည်ကိုတားမြင့်ထားသောကြောင့် ဒီအကြောင်းကို ကျေးဇူးပြုပြီးပြန်မပြောကြပါနှင့်***

 ညနေစာကိုဘယ်မှာစားတတ်ပါလဲ?

***အိမ်မှာပါ***

ညနေစာစားရင်းနဲ့  အများဆုံးစဉ်းစားဖြစ်တတ်တဲ့  အကြောင်းအရာ?

***သူမချက်ထားသောဟင်းကို မည်မျှကောင်းသည်ဟုချီးကျူးစကားကို စဉ်းစားဖြစ်သည် ဒါမှနောက်ကောင်းကောင်းချက်ကျွေးမှာလေ***

အလုပ်ဆင်းတဲ့အချိန်မှာခံစားချက်?

***အလုပ်ချိန်ပုံမှန်မရှိသောကြောင့် အလုပ်ဆင်းချိန်သည် အိပ်သောအချိန်သာဖြစ်ပြီး အိပ်ယာဝင်သောအခါ လကုန်ဖို့ တစ်ရက်နီးလာပြီလို့ ခံစားမိပါသည်***

အိမ်ပြန်ရောက်ရောက်ချင်းဘာအရင်လုပ်တတ်သလဲ?

***ဖိနပ်အရင်ချွတ်ပါသည်***

ဒုတိယလုပ်မိတာလေး?

*** ပြီးတော့ အခန်းထဲဝင် နောက်တော့ ဟိ တိတော့ဝူး***


ညမအိပ်ခင်ကော်ဖီသောက်တတ်ပါသလား?

***သောက်တတ်ပါသည်***

ညအိပ်ယာထဲဝင်ဝင်ခြင်းအချိန်ဘာအရင်ဆုံးလုပ်ပါသလဲ?

***သူမဘေးနားနေပြီး တစ်နေ့တာအလုပ်ထဲမှ အကြောင်းများကို ကားရီယိုကားကြည့်ရင်းပြောပြတတ်သည်***

အိပ်မပျော်တဲ့ညတွေမှာ  ဘာလုပ်သလဲ?

***သူမအိပ်နေသည်ကို ထိုင်းကြည့်နေတတ်ပါသည်***


တအားစိတ်ဓါတ်ကျလာတဲ့အခါမျိုး     စိတ်အားငယ်တဲ့အခါမျိုးတွေမှာ  ဘာလုပ်တတ်သလဲ?

***သူမကွယ်ရာသွားပြီး ဆေးလိပ်ကိုတစ်လိပ်ပြီးတစ်လိပ်သောက်ပါသည် သူမမြင်လို့မဖြစ်ပါ ဆေးလိပ်သောက်သည်ကို သူမလုံးဝမကြိုက်ပါ***


အပြင်သွားတဲ့အခါ  အမြဲတမ်းသတိထားပြီးယူတတ်တဲ့ပစ္စည်း?

***ဖုန်း ပိုက်ဆံအိတ် အိမ်သော့***


မိသားစုဝင်တွေထဲမှာ   အချစ်ရဆုံးသောလူ?

***မိဘ အကိုများနှင့် မဒမ်လွင်ပြင် သူမ၏မေမေ***

သူစိမ်းတွေအထဲမှာ   မိမိအယုံကြည်ရဆုံးသူ?

***မဒမ်လွင်ပြင်***

အလုပ်ထဲမှာကိုယ်အခင်ဆုံးသူ?

***နောက်ကျောမှ အမြောက်နဲ့မပစ်တတ်သောသူ***

ကိုယ်မှာရှိတဲ့ပစ္စည်းတွေထဲကအကြိုက်ဆုံးပစ္စည်းလေးတခု?

***မဒမ်လွင်ပြင် တီးသောဂစ်တာ***


လက်ဆောင်ရထားတဲ့အထဲကအကြိုက်ဆုံးပစ္စည်းလေးတခု?

***သူမပေးသောလက်ဆောင်အားလုံးကိုကြိုက်သည်***


ကိုယ့်ပတ်သက်ဖူးတဲ့သူတွေထဲမှာကိုယ့်ကို   နားလည်ခွင့်လွှတ်ပေးနိုင်ဆုံးသူ?

***အိပ်မက်လေး***

အခုလောလောဆယ်အဖြစ်ချင်ဆုံးဆန္ဒ?

***သူမ သွားချင်သောနေရာတိုင်းကို လိုက်ပို့ပေးချင်တယ် ပြီးတော့ ထီပေါက်ချင်တယ်***


ကဲညီမငယ်လေး ပစ်ပစ်ရေ စိတ်ထဲရှိတဲ့အတိုင်းရေးလိုက်ပြီနော်။


                   လွင်ပြင်လှိုင်းငယ်

Tuesday, 3 January 2012

အိပ်မက်သခင်





အိပ်မက်သခင်

သင်သည်သာလျှင်

နှလုံးသားနန်းမှာစံ

အကြင်နာ ပလ္လင်ထက်

နူးညံ့တဲ့ အမိန့်တွေနဲ့

ငါ့ဘ၀ကို စိုးမိုးခဲ့ပြီ ။

အိပ်မက်သခင်

သင်သည်သာလျှင်

သစ္စာကိုတံတိုင်းခတ်

မေတ္တာမိုးရည် ရွာသွန်းစေပြီး

အချစ်ဥယျာဉ်လဲ

မညိုးမနွမ်း

ထာဝရလန်းစေ 
 
အချစ်ပန်းတွေပွင့်စေခဲ့ပြီ ။

အိပ်မက်သခင်

သင်သည်ကပင်

အတ္တတွေကင်းမဲ့

မာန်မာနတွေနဲ့

အမှားပင်လယ် ဒုက္ခသမုဒ္ဒရာထဲ

ကူးခတ်နေတဲ့

ငါ့ဘ၀လေးကို ကယ်တင်

ဘ၀သခင် လမ်းပြသူလဲ နင်ပါပဲလေ ။

ထာဝရနဲ့ ဘ၀များစွာ

တကြိမ်တခါသာ

တည်ဆောက်ခဲ့တဲ့ ငါ့နှလုံးသားနန်းတော်

နှလုံးလှ ဘုရင်မ 
 
နင်သည်သာလျှင်

စိုးမိုးပါတော့ အိပ်မက်သခင်

ချစ်သူနင်ရယ် ။



လွင်ပြင်လှိုင်းငယ်



(အိပ်မက်လေးအတွက် အမှတ်တရ)



Friends18.com Orkut Scraps

၂၀၁၂ အပြုံး

             
               အပြုံးဆိုတာ
               လောကကြီးတစ်ခုလုံးနားလည်တဲ့ဘာသာစကား
               ဆိုပေမယ့်
               လူသုံးနဲတဲ့ဘာသာစကားလဲဖြစ်ပါတယ်.......။

               မာနတရားတွေသာလက်ကိုင်ထားတဲ့ လောကမှာ
               စစ်မှန်တဲ့အပြုံး ဆိုတာ
               ကွယ်ပျောက်လို့နေပါတယ်......။

               ကြိုးစားလို့ ရှာဖွေရင်လဲ
               နှလုံးသားထဲမှာသာတွေ့နိုင်တာမို့
               ကိုယ်စီ စိတ်ထားလေးတွေကို
               ကြိုးစားလို့ ပြုပြင်ရင်း
               မင်္ဂလာ ရှိသောနှစ်သစ်လေးမှာ
               အပြုံးလေးများနဲ့အတူ
              ဖြတ်ကျော်ကြရအောင်လား  ။

ရေးသားသူ>>>>မိုးစက်ငယ်