Thursday, 10 November 2011

အိပ်မက်လေးသို့ တစ်ခြောက်လုံး အမှတ်တရ


တစ် သက်မှာ တစ်ယောက်တည်းချစ်ခဲ့တာ
        မဟုတ်ပေမဲ့
        မင်းနဲ့ချစ်ပြီးမှာတော့
        တစ်ယောက်ကိုပဲ
       တစ်သက်လုံးချစ်သွားမှာပါ ။

တစ် ဘ၀မှာ ခဏတာတွေ့ခဲ့ ချစ်ခဲ့တယ်ရယ်လို့
        စိတ်မှာတွေးမထားပါနဲ့
        ဘ၀များစွာနဲ့ သံသရာအဆုံးထိ
        မင်းတစ်ယေက်နဲ့ပဲ ချစ်ပါရစေလို့
       တောင်းဆုတွေ ရင်ခုန်သံမရပ်သရွေ့ ချွေနေသူပါ ။

တစ် အိမ်မကောင်းလို့
       အိမ်သစ်ပြောင်းတတ်တဲ့
      ခပ်ပေါပေါယောက်ျားတော့ ငါအဖြစ်မခံနိုင်ပါဘူး
      တည်ဆောက်ခဲ့အိမ်ကို
     နှလုံးသား တံတိုင်းခတ်ပြီး
     အေးအတူ ပူမမျှချင်တဲ့
     ရိုးသားခြင်း ခြံဝန်းလေးထဲမှာ
    ငါချစ်တဲ့ စံပယ်ရုံလေးစိုက်ပြီး
    ထာဝရအိမ်လေးလှပအောင် တည်ဆောက်မှာပါ ။

တစ် မြေခြားတဲ့ အဖြစ်တွေလဲ မဖြစ်အောင်
       မင်းရှိမဲ့နေရာလေးမှာပဲ
      ကောင်းတူ ဆိုးလဲမခွာပဲ
     ဘ၀ခရီးကို အတူတူဖြတ်ကျော်ပါ့မယ် ချစ်သူ ။

တစ် ကြိမ်တခါမှာ အမှားအယွင်ဖြစ်ခဲ့လဲ
       နင့်ကို ငါ့ချစ်ခြင်း
       ငါ့ကို နင့်ကြင်နာခြင်းတွေ ပြန်ကြည့်ပြီး
      ငါတို့ ဘ၀လမ်းမှာ 
      နားလည်မှု့လွဲလို့ဆိုတဲ့ အပြစ်မဖြစ်အောင် 
      တိုင်ပင်ရင်နဲ့ 
      တိုင်ပင်ဖေါ် ဘ၀ကြင်ဖေါ်အဖြစ် ခရီးဆက်ကြတာပေါ့ ။

တစ် ယောက်တည်းကျန်ခဲ့တဲ့
       အဖြစ်ဆိုး အလွမ်းသိုးသိုးကြီးနဲ့
      ငါနေနိုင်မှာ မဟုတ်လို့
     သေခြင်းတရာဆီမှာပါ
    နှစ်ယောက်အတူ ကမ္ဘာသစ်ဆီပို့ပေးပါလို့
   တိတ်တိတ်လေး နင်မသိအောင် ငါဆုတောင်းတာကို 
   နင်အပြစ်မယူပါနဲ့   ချစ်သူ ။

 ချစ်သူ အိပ်မက်လေးအတွက် ၁၁.၁၁.၂၀၁၁ တစ်ခြောက်လုံး အမှတ်တရ 

လွင်ပြင်လှိုင်းငယ်

Wednesday, 9 November 2011

အလွမ်းနဲကဗျာ






 အချစ်နဲ့မရင်းနှီးသေးတဲ့ သူကို ရင်းနှီးသွားအောင် နင်သင်ပေးခဲ့တယ်
ရင်မခုန်တက်တဲ့နှလုံးသားကို ရင်ခုန်တက်အောင် နင်သင်ပေးခဲ့တယ်
မလွမ်းတက်တဲ့ စိတ်ကို
လွမ်းတက်အောင် နင်သင်ပေးခဲ့တယ်
နင်သင်ပေးခဲ့တဲ့ ပညာတွေ
အကုန်တက်မြောက်သွားတော့
နင်ငါ့ကို ကျောခိုင်းသွားတယ်

အခုတော့ င့ါမှာနင်သင်ပေးခဲ့တဲ့
အလွမ်းတွေကို ခင်တွယ်ရင်း
ကျန်ရစ်ခဲ့သူပါ

ငါအလွမ်းတွေ သတိရခြင်းတွေက မင်းအတွက်
စိတ်အနှောက်အယှက် ဖြစ်မယ်ဆိုရင်
ငါခံစားချက်တွေကို မင်းကြေနပ်ဖို့အတွက်
သိမ်းဆည်းထားမှာပါ ဒါပေမဲ့
မင်းကိုလွမ်းတဲ့ အကြောင်းကို ကဗျာတစ်ပုဒ်
အဖြစ်တော့ ဖော်ပြခွင့်ပြု ပါ    ချစ်သူ ၊၊    ယွန်းသစ္စာ     (မှတ်ချက်။   ။သူငယ်ချင်းလေး ယွန်းသစ္စာ မှရေးဖွဲ့တင်ပြပါသည်။)

Tuesday, 8 November 2011

အပျိုကြီးများရဲ့ အလှတရား

လူ့ဘ၀ရဲ့ သက်တမ်း၃၀နှစ်လောက်နီးရင် လူတွေက အိမ်ထောင်မကျသေးတဲ့ ယောက်ျားလေးဆို လူပျိုကြီး လူပျိုသိုး မိန်းကလေးဆို အပျိုကြီးရယ်လို့တင်စားခေါ်ကြတယ်နော်။လွင်ပြင်လဲအတူတူပါပဲ တချို့မမတွေကိုအပျိုကြီးလို့ စနောက်တတ်ပါတယ်။သို့သော် သေချာတွေးကြည့်တော့ အပျိုကြီးတစ်ယောက်ရဲ့ ဂုဏ်၊အပျိုကြီးတစ်ယောက်ရဲ့ သီးခံနိုင်သည့် စွမ်းအား၊ လောကဒဏ်ကို တစ်ယောက်တည်းဖြတ်ကျော်ရဲသည့် သတ္တိ၊တိုင်ပင်ဖော်မလိုပဲ ဘ၀ကို ရည်ရွယ်သည့်ပန်းတိုင်ရောက်အောင် လျှောက်နိုင်သည့် ဇွဲ၊မည်သည့်အရာမဆို တစ်ယောက်တည်း ဆုံးဖြတ်နိုင်ကာ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ တစ်ကိုယ်တည်း ခံနိုင်ရည်ရှိသော စွမ်းအား စသည့် လူပေါင်းများစွာ မလုပ်နိုင်သည့်အရာများကို လုပ်ဆောင်နိုင်သော အာဂလူသားများသာဖြစ်ပါသည်။

           အပျိုကြီး တစ်ယောက်ဖြစ်လာဖို့ဆိုတာ တော်တော်တော့ မလွယ်သည့်ကိစ္စပါ ပထမဆုံး အပျိုကြီး စလုပ်ပြီးဆိုတာနဲ့ သူငယ်ချင်း အပေါင်းအသင်းတွေရဲ့ စနောက်တဲ့ ဒဏ်ခံရပြီ အထီးကျန်မှု့ကို မဖိတ်ခေါ်ပဲ တဖြည်းဖြည်းရောက်လာတော့လဲ လက်ခံပေးရတယ်။ လူတွေရဲ့ ယောက်ျားမရတာကိုပဲ သနားသလိုလို အကြည့် လှောင်သလို အပြုံးတွေကို ခံနိုင်အောင် ကြိုးစားရတာ ဘယ်လောက်ခက်ခဲ လိမ့်မလဲနော်။ ညနက်နက်မှာ မိုးတွေရွာ လေတွေတိုက် လျှပ်စီးဒဏ်တွေကြားမှာ တော်ယုံလူတွေတောင်ကြောက်နေရချိန်မှာ အပျိုကြီးတွေကတော့ မျက်လုံးလေ ပေကလပ် ပေကလပ်နဲ့ ဘုရားစာတာ ရွတ်ဆိုနေရတဲ့ ဒုက္ခကို တော်ယုံလူတွေကတော့ ခံစားနိုင်မှာမဟုတ်ပါဘူးလေ။သူတို့ဟာ ရဲ၇င့်တဲ့သူတွေ ကိုယ့်ကိုကို ယုံကြည်ခြင်း သတ္တိရှိတဲ့သူတွေလဲ ဖြစ်တယ်။အရေးအကြောင်းဆို ဟိုလူ့အားကိုး ဒီလူ့အားကိုးနဲ့ သိမ်ငယ်တဲ့စိတ်မရှိသူတွေပေါ့။
          နောက်တစ်ချက် အပျိုကြီးတွေဟာ ချစ်ခြင်းမေတ္တာကြီးမားသူတွေလဲ ဖြစ်တယ် သူတို့ဟာ အချစ်ကြီးချစ်ပြီး အချစ်ကို တစ်ယောက်နဲ့ပဲ သဂြိုလ်တတ်တော့ တစ်သက်မှာ တစ်ယောက်ပဲ ချစ်တတ်သူဖြစ်ပြီး အကြောင်းမလှလို့ ပေါင်းဖက်ခွင့်မရပေမဲ့ တစ်ယောက်တည်းအပေါ် နားလည်ခွင့်လွတ်မှု့ အပြည့်နဲ့ အချစ်သစ်ကို မရှာပဲ သစ္စာရှင် ချစ်တတ်သူများဖြစ်ပါတယ်။           ကလေးလေးတွေ အများစုကိုကြည့်မယ်ဆိုရင်လဲ အပျိုကြီးတွေကို ပိုချစ်တတ်ကြတယ် ဘာကြောင့်လဲဆိုတော့ အပျိုကြီးအများစုဟာ ကလေးသိပ့်ချစ်တတ်လို့ပါပဲ သူတို့ ၀မ်းနဲ့လွယ်မမွေးရပေမဲ့ တကယ့်ကို အကြင်နာတရားအပြည့်ထားပြီး ချစ်တတ်ကြပါတယ်ခွေးလေးတွေ ကြောင်လေးတွေဆိုလဲ အပျိုကြီးတွေရဲ့ အချစ်တော်လေးတွေပါပေါ့ ဒါဟာ ကြီးမားတဲ့ ကိုယ်ချင်းစာ တရားလက်ကိုင်ထားပြီး သူတို့လေးတွေ ငါမှ မကျွေး ငါမှ မပြုစုရင်ဆိုတဲ့ အတွေးလေးတွေကို လက်တွေ့ အကောင်းထည်ဖေါ်ပြီး စေတနာထားတတ်သူများဖြစ်ပါသည်။              အပျိုကြီးတစ်ယောက်ရဲ့ ရင့်ကျက်တည်ငြိမ်တဲ့ အလှကိုလဲ ဘယ်ကောင်မလေးတစ်ယောက်ကမှ တုနှိုင်းလို့ မှီမယ်မထင်ပါဘူး ။သူတို့ဟာ အလှကို ပေါ်စေယုံပဲပြင်တတ်ပြီး အလွန်းအကဲပြင်ဆင်မှုပများမရှိပေ။အ၀တ်အစားက အစ လူမြင်မတင့်သော အ၀တ်အစားကို ရှောင်ကျင်ကြသည် ဘာကြောင့်လဲဆို လူအများရဲ့ စိတ်ဝင်စားမှု့ခံရသော အပျိုကြီးများသည် လူအများပြောစကားကို အစကတည်းက ကာကွယ်ထားခြင်းဖြစ်ပါသည်။         ဘာပဲပြောပြောပါ အပျိုကြီးဆိုတာ ဖန်တီးယူလို့မရတဲ့ အရာပါ ပါရမီထူးလို့ အပျိုကြီးဖြစ်ရတာပါ။အိမ်ထောင်ကျသွားတဲ့သူတစ်ယောက်ဟာ ပိုက်ဆံဘယ်လောက်ပေးပေး အပျိုကြီးလုပ်လို့မရတော့ပါဘူး။အပျိုကြီးတစ်ယောက်ဟာ ဘယ်အချိန်ဖြစ်ဖြစ် အိမ်ထောင်ပြုလို့ ရပါတယ်။ရှားပါးပစ္စည်းဟာ တန်းဖိုး၇ှိပါတယ်။ဒီတော့ ဘာပဲဖြစ်ဖြစ် အပျိုကြီးတစ်ယောက်ဖြစ်ရတာ ဂုဏ်ယူစရာပါ။အားငယ်စရာ မရှိတဲ့ဘ၀မို့ ရဲရဲကြီးရှေ့ဆက်ကြပါ။အပျိုကြီးဘ၀ကို ပြောင်းလဲရန်မှာလဲ လွယ်ကူတဲ့ ဘ၀ပါ  မှတ်ချက်။     ။အပျိုးလေးများ အလှတရား ၊လူပျိုကြီးများ စိတ်ထား၊ အိမ်ထောင်ရှင်များရဲ့ ဘ၀အလှကိုလဲ တောင်းဆိုသူများရှိပါက မသိတသိလေး ရေးပြချင်ပါတယ်။အမှားအယွင်းရှိပါက နားလည်ပေးစေချင်ပါတယ်                                                            လွင်ပြင်လှိုင်းငယ်      

Sunday, 6 November 2011

စွန့်ပစ်ခြင်း






 တိုးတိတ်နှုတ်ဆိတ်နေတဲ့

ကောင်းကင်ကြီးက

စိုးထိတ်စွာဖြင့်

မိုးရိပ်ကင်းပြီး

ကြယ်စုတွေပျော်မြူးကခုန်နေတုန်း

အလွမ်းကို မွေ့ယာလုပ်

ကြေကွဲမှု့ ခေါင်းအုံးထက်

နောင်တမျက်ရည်တွေနဲ့ ငါ။

ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းအတွက်

ရလာဒ်က ဘာလဲ

နာကျည်းခြင်းမျက်ဝန်းထဲက

ခါးသီးမှု့ အကြည့်တွေလား

ဒဏ်ရာများစွာနဲ့

ခပ်ယဲ့ယဲ့ ခုန်နေတဲ့ရင်ကို

ရက်စက်ခြင်း ဖြေအစုံနဲ့ ဇုန်ကန်ခံရတော့

အသက်ရှုရတာ သိပ့်မ၀တော့ဘူး ။



ခံစားခြင်းနဲ့ လွမ်းဆွတ်မှု့က

သီချင်းနဲ့ ကဗျာတွေမှာ

အသုံးအများဆုံး စကာလုံးဖြစ်ပေမဲ့

လက်တွေ့ကျကျ ခံစားနေရတဲ့

ငါ့အတွက်ကတော့

ကြေကွဲ လွမ်းဆွတ် စွန့်ပစ်ခံ

ဒီဝေဒနာတွေကို

အမှိုက်အိတ်ထဲထည့်ပြီး ဘယ်တော့မှ ပြန်လမ်းမရှိတဲ့ စီးဆင်းနေတဲ့ မြစ်တစ်ခုထဲ လွင့်ပစ်လိုက်လိုက်ချင်ပါပြီ။  (မှတ်ချက်။     ။သူငယ်ချင်းတစ်ယောက်အတွက် ရင်ဘတ်ခဏငှားပြီး ရေးဖွဲ့ခြင်းဖြစ်ပါသည်။)
လွင်ပြင်လှိုင်းငယ်

Friday, 4 November 2011

ပန်းစံပယ်


ပန်းစံပယ်
ရနံ့က ကြူကြူမွေး
အရောင်က ဖြူဖြူဖွေးနဲ့
မိုးသားမမျှော်
ရေလောင်းလဲပွင့်
သူ့အကျင့်က
မမှီခိုတဲ့ ပန်း။

ပန်းစံပယ်
ပင်မြင့်မှာ မပွင့်လန်းပေမဲ့
ခြေရင်းမှာလဲ ၀ပ်ဆင်းမနေပါဘူး
အထီးကျန် တပင်တည်းပွင့်တဲ့ပန်းမဟုတ်လို့
ရိုးတံတွေ ခိုင်ခိုင်နဲ့
စည်းလုံးတဲ့ ပန်း။

ပန်းစံပယ်
ရနံ့တွေ မရိုင်းသလို
ဖူးစမှသည်
ကြွေလွင့်တဲ့ထိ
မွေးရနံ့တွေးဖြန်းပက်လို့ရယ်
ဝန်းကျင်ရပ်ရပ်
မွေးလွန်းသည့် ပန်း။

ပန်းစံပယ်
ဆူးသားမ၀ိုင်း
ကိုင်းဖျားထိပ်ဆီ
မိုးလေမကြောက်
နေလောင်ထိလဲ ညိုးနွမ်းမမြန်တဲ့
ရဲရင့်သည့်ပန်း။

ပန်းစံပယ်
အမျိုးတူပြီး
အရောင်ကွဲပြား
ရနံ့တွေမတူညီတဲ့
ပန်းမျိုးပေါင်းလယ်
အဖြူပဲပွင့်
တမျိုးတည်းရနံ့နဲ့
သစ္စာဒီပန်း
စံပယ်ပန်း။

လွင်ပြင်လှိုင်းငယ်

Thursday, 3 November 2011

လမင်းလေး

နေမင်း လမင်းတဲ့
 
မင်း  ခြင်းတူပေမဲ့
 
ပူလောင်ခြင်းနဲ့ အေးမြခြင်းကတော့
 
လမင်းဖြစ်တဲ့ နင်ကတော့
 
အေးမြခြင်း သရဖူ
 
လူသားအကျိုးပြုသူလေးပေါ့။
 
 
နေရောင် လရောင်တဲ့
 
အလင်းရောင်ခြင်းတူပေမဲ့
 
အမှောင်ထုကြားမှာ နင့်အလင်းရောက်ရင်
 
သာယာမှုနဲ့ နင့်အလင်းအောက်မှာ အိပ်စက်ကြတယ်။
 
နေ့စဉ်ရက်ဆက် ပူလောက်မှုနဲ့
 
အထီကျန်စွာ ခရီးဆက်တဲ့ နေမင်းရဲ့
 
ငြီးငွေ့နေတဲ့ ခြေလှမ်းကြားမှာ
 
ညစဉ်ညတိုင်း ထွန်းလင်းမှု့မပေးပေမဲ့
 
နင်ရှိတဲ့ညတိုင်းမှာ ရံခြွေတော် ကြယ်အစုံနဲ့
 
ကခုန်လိုရယ်
 
သာယာမှု့အပေါင်း
 
ကြယ်များရဲ့ သခင် လမင်းနင်ရယ်။
 
ကမ္ဘာကထွက်ခွာ ခဏလေးမှာတောင်
 
လူသားတွေ အမှောင်ကြားလမ်းပျောက်မှာစိုးစိတ်နဲ့လား
 
နင့်ရဲ့ ခြွေရံတော်ပေါင်း ကြယ်စင်သောင်းများနဲ့
 
အလင်းစက်လေးဖြစ်ဖြစ် အကျိုးပြုအောင်
 
စိတ်ထားစေတနာ ကြီးမာစွာနဲ့ ထားခဲ့တာလား လမင်းလေးရယ်။
 
(သူငယ်ချင်း လမင်းအတွက် အမှတ်တရ)
လွင်ပြင်လှိုင်းငယ်
 

 


         
 
 

Tuesday, 1 November 2011

အချစ်ကို ကိုးကွယ်သူမဟုတ် အချစ်ကကိုးကွယ်သူငါ






အချစ်ကို ကိုးကွယ်တော့လေ
မျက်မမြင်တစ်ယောက်ပေါ့
ငါလေ တဲ့
မျိုးကြီးသီချင်းလေးတွေးမိတယ်
လူတွေက အချစ်ကို ကိုးကွယ်တယ်တဲ့
ငါကတော့ အချစ်ကို ကိုးကွယ်မှု့မရှိပါဘူး။

မင်းကို ချစ်တဲ့ငါ့ချစ်ခြင်း
 ကြင်နာခြင်းတွေ
ယုယ ထွေးပွေ့မှု့
အရိပ်တစ်ခုလို
အလင်းရောင်ကြောင့်
 ငါ့အရိပ်က ငါ့ရှေ့မှာရှိရင်တောင်
မင်းကိုများနင်းမိမလားတွေးပြီး
အရိပ်မရှိတဲ့ဘက်က လမ်းလျှောက်တတ်သူပါ။

ဘယ်အမျိုးသမီးတွေ
ဘယ်လောက်တော် ဘယ်လောက်တတ်လဲလို့
ငါစိတ်မ၀င်စားဘူး
ငါ့အတွက်တော့ မင်းဟာ အထက်မြက်ဆုံး
ရိုးသားခြင်းဝတ်ရုံကို အမြဲဝတ်ဆင်ထားတဲ့
ငါအလေးစားရဆုံး မိန်မတစ်ယောက်ပါ။

ကိုရီယားကားတွေ ဘယ်လောက်
မျက်ရည်မိုးတွေရွာအောင်ရိုက်ပြရိုက်ပြ
ငါမခံစားရပေမဲ့
မင်းမျက်နှာလေး တစ်ချက်ညိုးရင်တောင်
ငါ့ရင်ထဲမှာ မျက်ရည်မိုးတွေ
မျက်ရည်တိမ်တိုက်တွေ ပြောင်စင်တဲ့အထိ
ရင်ထဲမှာငိုတတ်သူပါ။

ငါဟာ ဘုရင်တပါးလဲ မဖြစ်ချင်ဘူး
မိဘုရား အမြောက်အများနဲ့
ရှုတ်ထွေးလှတဲ့ အရေးများစွာနဲ့
မင်းကို အချိန်မပေး
မယုယနိုင်မှာ တွေးကြောက်လို့ပါ
ဖြစ်နိုင်ရင် မင်းကို ဘုရင်မခန့်ပြီး
ငါ့နှလုံးသားနန်းမှာစံ
သံသရာအဆက်ဆက် ခစားချင်တာပါ
ခစားခွင့်ပြုပါ။

အရာရာစုအကြောင်းပြုပြီး
အချစ်ဆိုတဲ့အရာဟာ
မင်းကို ချစ်တဲ့ ငါ့ချစ်းခြင်းကို
မယှဉ်နိုင် အလီလီရှုံးပွဲ ဒိုင်ပွဲရပ်နဲ့
ငါ့ရဲ့ ချစ်ခြင်းမှာ ဦးညွှတ်ခစားပြီး
အချစ်ရဲ့ကိုးကိုယ်ရာ ငါဖြစ်ခဲ့တာပေါ့။

ငါသည်အချစ်ကို မကိုးကွယ်
အချစ်သည်ငါ့ကို ကိုးကွယ်သူသာဖြစ်သည်။

အိပ်မက်လေးသို့ ရည်ရွယ်ပါသည်